Thursday, February 26, 2015

ထင်မြင်ချက်စာရင်းကောက်ယူခြင်း (Attitude Survey) များကို ကောက်ယူနေခြင်းကို ငြင်းပယ်ဆန့် ကျင်ကြဖို့ နဲ့  ဒီ မရိုးသားသော လုပ်ရပ်များကို သိန်းစိန်တို့ အနေနဲ့  ရပ်တန့် ဖို့  တောင်းဆိုပါတယ်။

အာဏာရှင်များဘက်ကနေ ထင်မြင်ချက်စာရင်းကောက်ယူခြင်း (Attitude Survey) ဆိုပြီး ဆရာဆရာမတွေကို အတင်းအဓမ္မ ဖိအားပေးပြီး လုပ်ဆောင်နေခြင်းဟာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးမူကြမ်းကို ဖျက်လို့  ဖျက်ဆီးလုပ်ဖို့ အတွက် နောက်ထပ်လုပ်ရပ်တစ်ခုပါ။

မူလအမျိုးသားပညာရေးဥပဒေနဲ့  ပြင်ဆင်သည့်ဥပဒေကြမ်းတွေကို ပူးတွဲဖော်ပြခြင်းမရှိ၊ ပြင်ဆင်ချက် ဖြည့်စွက်ချက်တွေ နှိုင်းယဉ်ချက်တွေကို ပံ့ပိုးခြင်း မပြုဘဲ Yes (or) No နဲ့  ဖြေခိုင်းခြင်းဟာ လိုရာကို ဆွဲယူတဲ့ ထင်မြင်ချက်စာရင်းကောက်ယူခြင်း (Attitude Survey) တွေဟာ မှန်ကန်တဲ့ပုံစံ လုံးဝ မရှိပါဖူး။

ဒီ ထင်မြင်ချက်စာရင်းကောက်ယူခြင်း (Attitude Survey) ကို ဘယ်အဖွဲ့ အစည်းက လုပ်တာလည်း၊ ဖြေဆိုချက်တွေကို ဘယ်သူတွေက လုံခြုံအောင်နဲ့  မပြုမပြင် မပြောင်းလဲဘဲနဲ့  သိမ်းဆည်းပြီး ဘယ်ကို ပို့ မှာလည်း၊ ဘယ်လို ရည်ရွယ်ချက်နဲ့  လုပ်တယ်ဆိုတာ အကြောင်းပြချက်မရှိဘဲနဲ့  ဘာကြောင့်လုပ်ရတာလည်း၊ ဒီစာရွက်တွေနဲ့  ကောက်ခံမှု ပြုလုပ်မယ်ဆိုတာ ပြည်သူလူထု အတိုင်းအတာတစ်ရပ်လုံး သိရှိရလေအောင် ကြိုတင်အသိပေးထုတ်ပြန်ခြင်း မရှိဘဲ တိုးတိုးတိတ်တိတ် ခိုးကြောင်းခိုးဝှက် ဆောင်ရွက်ရတာလည်းဆိုတာ ဖြေရှင်းချက် ထုတ်ဖို့  လိုပါတယ်။

ထင်မြင်ချက်စာရင်းကောက်ယူခြင်း (Attitude Survey) ကောက်ယူတဲ့နေရာမှာ မည်သူမည်ဝါဆိုတာ အမည်နာမတွေ နေရပ်လိပ်စာတွေ မဖော်ပြလိုချင်ရင် မဖော်ပြခွင့် ရှိစေရမှာ ဖြစ်ပါတယ်။ ပြီးရင် သိမ်းဆည်းသူများကလည်း မည်သည့်စာရွက်ကို မည်သူက ဖြေဆိုထားသည်ကို မသိရှိရန် စောင့်ထိန်းရမှာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အချက်အလက်တွေအရ ယခုလို ထင်မြင်ချက်စာရင်းကောက်ယူခြင်း (Attitude Survey) များကို ကောက်ယူနေခြင်းဟာ မရိုးသားသော လုပ်ရပ်လို့  တစ်ထစ်ချ ပြောလို့  ရပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးမူကြမ်းကို ဖျက်လို့  ဖျက်ဆီးလုပ်ဖို့ အတွက် နောက်ထပ်လုပ်ရပ်တစ်ခုဖြစ်တဲ့ ထင်မြင်ချက်စာရင်းကောက်ယူခြင်း (Attitude Survey) များကို ကောက်ယူနေခြင်းကို ငြင်းပယ်ဆန့် ကျင်ကြဖို့ နဲ့  ဒီ မရိုးသားသော လုပ်ရပ်များကို သိန်းစိန်တို့ အနေနဲ့  ရပ်တန့် ဖို့  တောင်းဆိုပါတယ်။


No comments: