Friday, February 27, 2015

ဒါနဲ့ များ ပညာရေးဝန်ကြီးတဲ့၊ သင်ညာရေးဝန်ကြီးလို့  အမည်ပြောင်းလိုက်ပါ။

ဒါနဲ့ များ ပညာရေးဝန်ကြီးတဲ့၊ သင်ညာရေးဝန်ကြီးလို့  အမည်ပြောင်းလိုက်ပါ။

သိန်းစိန်တို့  အာဏာရှင်တွေက ရှားရှားပါးပါး ခန့် ထားတဲ့ အမျိုးသမီးဝန်ကြီးတွေထဲမှာ ဖော်လံဖား ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီက ကျောင်းသားသမဂ္ဂကို ကွန်မြူနစ်အခြေပြုလို့ စွပ်စွဲလို့  စွပ်စွဲ၊ နောက်ပြီး ကျောင်းသားသမဂ္ဂပေါ်ပေါက်တာ ၁၉၂၀ ခုနှစ်လို့  အမှားတွေ ပြောလို့ ပြောနဲ့  တော်တော့ကို အရှက်မရှိတဲ့သူဘဲ။

လေသံက အရင်တုန်းက နေ၀င်းတို့  သန်းရွှေတို့  သိန်းစိန်တို့  အာဏာရှင်အစိုးရလက်ထက်အတိုင်း အစိုးရဆန့် ကျင်သူဆိုရင် ကွန်မြုနစ်လို့  တံဆိပ်ကပ် စွပ်စွဲတဲ့ ပြောဆိုချက်နဲ့  ထပ်တူထပ်မျှဘဲ။

၁၉၂၀ ခုနှစ် ကျောင်းသားသပိတ်တွေ ပေါ်ပေါက်ခဲ့တာနဲ့  ရောချပြီး ကျောင်းသားသမဂ္ဂဆိုတာလည်း ၁၉၂၀ ခုနှစ်မှာဘဲ ပေါ်ပေါက်တယ်လို့  ထင်မြင်ရမ်းတုတ်ပြီး ရွှီးလုံးကြီးနဲ့  ပြောဆိုလိုက်တာ ပညာရေးဝန်ကြီးတစ်ယောက်လုပ်နေပြီး ပညာဥာဏ်မရှိ သမိုင်းကြောင်း မသိ၊ ရှိတာ သိတာ ရာထူးနေရာ ဘယ်လို မြဲမြဲနေရမလည်းဆိုတာသာ သိတဲ့ အတ္တသမား အဖားတစ်ယောက်ပါလား။

ပထမဦးဆုံးသော ကျောင်းသားသမဂ္ဂဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဟာ ၁၉၃၁ ခုနှစ်ကျမှသာ စတင်ပေါ်ပေါက်ခဲ့တာကို ဒေါ်ခင်စန်းရီတစ်ယောက် မသေမချင်း ခေါင်းထဲ စွဲစွဲမြဲမြဲ မှတ်ထားပါ။ ကျောင်းသားသမဂ္ဂ စတင်ပေါ်ပေါက်ခဲ့ပုံသမိုင်း၊ ကျောင်းသားသမဂ္ဂရဲ့  မြန်မာပြည် သူ့ ကျွန်ဘ၀လက်အောက်နေ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုသမိုင်း၊ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဘယ်သူတွေက ဖျက်ဆီးပြစ်ခဲ့သလည်းဆိုတဲ့ သမိုင်းတွေကို ဒေါ်ခင်စန်းရီကို သင်ပေးဖို့  သမိုင်းဆရာ ဆရာမတွေ ဆောင်ရွက်လိုက်ကြပါဦး။

သမိုင်းမသိတော့ အ တယ်ဆိုတာထက် ပိုနေတဲ့ သမိုင်းကို လိမ်တဲ့ ကလိမ်ကကျစ် ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီဟာ သိန်းစိန်တို့  အလိုကျ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးကို ဖျက်လို့ ဖျက်ဆီးလုပ်ပြနေတဲ့ အာဏာရှင်အလိုတော်ရိပါဘဲ။

ဒေါ်ခင်စန်းရီလို လူမျိုးတွေ ပညာရေးဝန်ကြီး တက်ဖြစ်နေတော့ မြန်မာနိုင်ငံရဲ့  ပညာရေး၊ တိုင်းပြည်ရဲ့ အနာဂတ် ရင်သွေးတွေ ပညာရေးကတော့ ရင်လေးသထက် ရင်လေးစရာပါဘဲ။

ရှက်တတ်ရင် ပညာရေးဝန်ကြီးအဖြစ်ကနေ ချက်ချင်းသာ နှုတ်ထွက်ပါ ... ဒေါ်ခင်စန်းရီ။



No comments: