Tuesday, February 3, 2015

အောင်မင်းတို့ ရဲ့  ပြောစကားတွေဟာ သံသယများစွာ ရှိစရာတွေပါတယ်။

အောင်မင်းတို့ ရဲ့  ပြောစကားတွေဟာ သံသယများစွာ ရှိစရာတွေပါတယ်။

ကျောင်းသူကျောင်းသားတွေရဲ့  တောင်းဆိုချက်ထဲက ဒီမိုကရေစီပညာရေးသပိတ်တွင် ပါဝင်သူ မည်သူ့ ကိုမှ သပိတ်နှင့် ပါတ်သက်ပြီး အရေးယူခြင်း မပြုရဆိုတာကို အောင်မင်းတို့  ပြောတာက ပုပ္ပါးထိဘဲ တာဝန်ယူတယ်ဆိုတာ အခြားသော နေရာဒေသတွေအတွက် တာဝန်မယူဖူးလို့  ဆိုလိုတာဘဲ။ ဒါဆိုရင် ပုပ္ပါးမတိုင်ခင်နဲ့  ယခု ရေနံချောင်းရောက်ပြီး နောက်ထပ်နေရာတွေအတွက် တာဝန်မယူ အကြမ်းဘက် ဖြိုခွဲ ဖမ်းဆီး ထောင်ချ အရေးယူမယ်လို့  ပြောလိုက်တာနဲ့ အတူတူဘဲ။

လက်ရှိဖွဲ့ စည်း...ထားသော ကျောင်းသားသမဂ္ဂများ၏ တရားဝင်မှုကို လေးစားစွာ အသိအမှတ်ပြုရမည်ဆိုတော့ ဝေ့လည်ကြောင်ပတ်နဲ့ ပြောနေပြီး စကားလုံးအသုံးအနှုန်းကို ပြောနေပြန်ရော။ သမဂ္ဂဆိုတာကို တရားဝင် အသိအမှတ်မပြုရဲ မပြုလိုတဲ့ သဘောထား ထင်ထင်ရှားရှား ပြနေတယ်။


ပါဠိစကားလုံး "သမဂ္ဂ" (အလုံးစုံသော၊ ညီညွတ်သော၊ တပေါင်းတည်းဖြစ်သော) ဆိုတဲ့ သမဂ္ဂ စကားလုံးကို စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့  တပေါင်းတည်း ဖွဲ့ စည်းထားလို့  အလုပ်သမားတွေ စုစည်းဖွဲ့ စည်းထားလို့  အလုပ်သမားသမဂ္ဂ၊ တောင်သူလယ်သမားတွေ စုစည်းဖွဲ့ စည်ထားလို့  တောင်သူလယ်သမားသမဂ္ဂ၊ ကျောင်းသူကျောင်းသားတွေ စုစည်းဖွဲ့ စည်းထားလို့  ကျောင်းသားသမဂ္ဂ အစရှိသဖြင့် မြန်မာ့လွတ်လပ်ရေးသမိုင်းတစ်လျှောက်လုံးက စတင်ပြီး တရားဝင်ခေါ်ဆိုခဲ့ကြတာကို အာဏာရှင် သိန်းစိန်ရဲ့  ၀န်ကြီးတွေ လက်ပါးစေတွေ မသိကြတာ အံ့သြရမယ့်အစား ဖြုတ်ဦးနှောက်ဖြစ်နေတာမို့  မအံ့သြမိတော့ဖူး။

မအံ့သြမိပေမယ့် အတော့်ကို ဟာသဖြစ် ရီမိစရာကတော့ ကျောင်းသားသမဂ္ဂ "Student Union" ဆိုတာကို ကျောင်းသားသမဂ္ဂလို့  ခေါ်မယ့်အစား ကျောင်းသားယူနီယံလို့  ခေါ်ရင်ကောင်းမယ်ဆိုတဲ့ အပြောပါဘဲ။

ဒါဆိုရင် United Nations ကို ကမ္ဘာ့ကုလသမဂ္ဂ ခေါ်တာကြတော့၊ European Union ကို ဥရောပသမဂ္ဂလို့  ခေါ်တာကြတော့ ပွဲစားဝန်ကြီး အောင်မင်းတို့  ဘာပြောကြမလည်း။

သမဂ္ဂလို့  မခေါ်ချင်ရင် union စာလုံးအသံထွက်အတိုင်း ပြောင်းရမယ်ဆိုရင် သမဂ္ဂစာလုံးပါတဲ့စာလုံးတိုင်း အကုန်ပြောင်းဖို့  လွှတ်တော်ကြီးမှာ ရူးကြောင်ကြောင်နဲ့ တင်ပြဦးမှာလား။

ဒီလို လူမျိုးတွေနဲ့  စကားတွေ ဆုံပြောနေရတာ အချိန်ကုန်ရုံမက အလုပ်ပါ ပျက်ပါဦးမယ်။

နိုင်ငံရေးပွဲစားဝန်ကြီး အောင်မင်းနဲ့  အပေါင်းအပါတွေ ရုကြောင်ကြောင်ပါလား။


No comments: