Tuesday, February 3, 2015

သုခဓနဆေးကုမ္ပဏီကို လုံးဝ ရှုတ်ချတယ်။

အာဏာရှင်တွေ အလိုကျ လုပ်ပြနေကြတဲ့ ကျောင်းထုတ်သူတွေ အလုပ်ထုတ်သူတွေကို ပြည်သူ့ အသိုင်းအ၀န်းအတွင်းကနေ ၀ိုင်းကျဉ်ပစ်ရမယ်၊ လူသိရှင်ကြား ရှုတ်ချပစ်ရမယ်။

နိုင်ငံအကျိုး ပြည်သူ့ အကျိုးအတွက် ဦးတည်ထားပြီး လုပ်ဆောင်နေကြတဲ့ ဆန္ဒထုတ်ဖော်မှုတွေမှာ ပါဝင်လို့ ဆိုပြီး ကျောင်းသားတွေကို ကျောင်းထုတ်တဲ့သူတွေ၊ အလုပ်သမားကို အလုပ်ထုတ်ပစ်တဲ့သူတွေကို ပြည်သူ့ အသိုင်းအ၀န်းအတွင်းကနေ မှတ်သားလောက်အောင် ဖယ်ကျဉ်ပစ်ရမယ်၊ လူသိရှင်ကြား ရှုတ်ချပစ်ရမယ်။

လတ်တစ်လော နောက်ထပ်တစ်ခု - ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း အတွ...င်းမှာ ပါဝင်ခဲ့တဲ့ မောင်အောင်ကျော်မင်း (ခ) မောင်စိုင်းပန်ကို အလုပ်ရှင်ဖြစ်တဲ့ သုခဓနဆေးကုမ္ပဏီကနေ အလုပ်ထုတ်ပစ်ခဲ့တယ်။

ဒီလိုလုပ်ရပ်လုပ်တဲ့ သုခဓနဆေးကုမ္ပဏီကို လုံးဝ ရှုတ်ချတယ်။


No comments: