Friday, February 20, 2015

“တက္ကသိုလ်အုပ်ချူပ်ရေးကောင်စီ” မှာ ပါဝင်မယ့်သူတွေထဲက “နိုင်ငံ့ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များ” ဆိုတာ ဘာလည်း။

အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းထဲမှာ ပါတဲ့အချက်တွေထဲက အချက်နှစ်ချက်ကို မရှင်းပါ။

“တက္ကသိုလ်အုပ်ချူပ်ရေးကောင်စီ” မှာ ပါဝင်မယ့်သူတွေထဲမှာ “နိုင်ငံ့ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များ” ဆိုသူများ ပါဝင်နေတာ ဘယ်လိုပုဂ္ဂိုလ်များကို နိုင်ငံ့ဂုဏ်ထူးဆောင်များလို့  ဘယ်လိုအကြောင်းရင်းများနဲ့  သတ်မှတ်ထားပြီး ပါဝင်ခွင့်ပြုရတာပါလည်းဆိုတာပါ။

နောက်တစ်ခုကတော့ - ...

 ဆရာဆရာမများသည် “နှစ်သက်ရာပါတီသို့  ၀င်ရောက်ခွင့်ရှိသည်” လို့ ပါရှိတဲ့အချက်မှာ တိတိကျကျ ရှင်းရှင်းလင်းလင်း ဖြစ်ရန် လိုပါသည်။ “ပါတီ” ဟုသာဆိုခြင်းသည် နိုင်ငံရေးပါတီလိုလို၊ သမဂ္ဂလိုလို၊ ပညာရေးအသင်းအဖွဲ့ လိုလိုနှင့် မသဲမကွဲ ရောချ၍ မရပါ။


No comments: