Friday, February 6, 2015

သိကြပြီလား အမောင်တို့ ။

သိကြပြီလား အမောင်တို့ ။

၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲကို သိန်းစိန်တို့  အာဏာရူးတွေက လုံးဝအဖျက်ခံမှာ မဟုတ်ပါဖူး။ ဒါဟာ အာဏာရှင်ကြီး နေ၀င်း ၁၉၈၈ ခုနှစ်မှာ ပြုတ်ကျခဲ့ပြီး၊ စစ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း တရားမ၀င် စစ်အစိုးရဘ၀အဖြစ်နဲ့  နှစ်ပေါင်းများစွား နေထိုင်ခဲ့ရတဲ့ အခြေအနေကနေ၊ နိုင်ငံတကာမှာ တရားဝင်အစိုးရဖြစ်ဖို့ အရေး စစ်ယူနီဖောင်းတွေ ချွတ်ပြ၊ အတုအယောင် ဖွဲ့ စည်းပုံအခြေခံဥပေးတွေ ရေးဆွဲပြ၊ လိမ်ညာပြီး အတည်ပြုပြ၊ မဲခိုးပြီး အစိုးရတက်လုပ်ပြ၊ အရပ်သားအစိုးရယောင်ယောင် မိန့် ခွန်းတွေ ချွေပြ၊ ဒီမိုကရေစီစကားလုံးတွေ ပါးစပ်ထဲ အပြည့်ထည့်ပြီး အလွတ်ရွတ်ပြနဲ့  အခုရရှိနေတဲ့ အခြေအနေကို လုံးဝ အထိခိုက်ခံ အပျက်ခံမှာ မဟုတ်ပါဖူး။

ဒီလို အပျက်ခံလို့  မရ၊ မဖြစ်တဲ့ ဒီ တရားဝင်အစိုးရအဖြစ်နေပြရေးအတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လုံးဝ အပျက်ခံမှာ မဟုတ်သလို၊ အထိခိုက်လည်း ခံမှာ မဟုတ်ပါ၊ ထို့ အတူ စစ်အာဏာရှင်အစိုးရပုံစံမျိုး နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ပါဖူး။ နောက်ကြောင်းပြန်လှည်မယ့်ပုံစံ၊ နောက်ကြောင်းပြန်ရောက်မယ့် အနေအထားပုံစံနဲ့  ခြိမ်းခြောက်ပြမယ်၊ သွေးတိုးစမ်းမယ်၊ လက်တွေ့ ပြသတဲ့အနေနဲ့ လည်း လုပ်ပြကြည့်မယ်။

ယခုလက်ရှိ သိန်းစိန်တို့  နောက်တက်ဖို့  ဟန်ပြင်ကြိုးစားနေကြတဲ့ အာဏာရူးတွေဟာ ဒီပုတ်ထဲက ဒီပဲတွေပါ။ နှစ်အနည်းငယ်အတွင်းက လုပ်ခဲ့ကြတဲ့ အာဏာရုးတွေရဲ့  လုပ်ရပ်တွေကို သုံးသပ်ကြည့်ရအောင်။

ရခိုင်ပြည်နယ်မှာ ကုလားနဲ့  ရခိုင်ကို ရန်တိုက်ပေးခဲ့တဲ့ လုပ်ရပ်နဲ့  အမျိုးဘာသာကာကွယ်စောင့်ရေးဆိုပြီး မျိုးစောင့်ဥပဒေတွေ ပြဌာန်း၊ ၉၆၉ ကို အသုံးချ မဘသကို လက်ကိုင်တုတ် လက်ပါးစေတွေနဲ့ ဘုန်းကြီးအယောင်ဆောင်တွေရော ဘုန်းကြီးအစစ်အမှန်တွေထဲကရော လက်သပ်မွေးရသူတွေကို စည်းရုံးနဲ့  ၀ိရသူလို ဆဲဖို့ ဝန်မလေးတဲ့ ရိုင်းစိုင်းသူကိုလည်း မြှောက်ပေးနဲ့  လုပ်ခဲ့တာ မှန်သမျှရဲ့  လုပ်တဲ့ ရည်ရွယ်ချက်ကတော့ မဲရရေးပါ။

နောက်အကြောင်းရင်းတွေကတော့ အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက်က တော်လှန်ခဲ့တဲ့ ရခိုင်အမျိုးသားတွေရဲ့  အစဉ်အလာရှိခဲ့တဲ့ သမိုင်းတွေပါ။ ရခိုင်အမျိုးသားတွေရဲ့  အာဏာရှင်ဆန့် ကျင်ရေးသမိုင်းတွေ အင်အားတွေကို ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်တိုင်သည့်အထိ သိရှိထားကြတဲ့ အာဏာရှင်တွေဟာ အာဏာရှင်ပီပီ အငြိုးကြီးကြီးထားတာမို့  ရခိုင်အမျိုးသားတွေကို ကုလားအရေးနဲ့  တိုက်ပေးပြီး စည်းရုံးရေးလုပ်ကာ မြှောက်ပင့်ပေးပြီး ရခိုင်သွေး မြေကျစေဖို့ နဲ့  သူတို့ ကို ကျေးဇူးရှင်အဖြစ် မြင်ရေးအတွက် ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် အာဏာရှင် သိန်းစိန်တို့  တွက်ဆထားသလောက် မှန်းချက်နဲ့  နှမ်းထွက် မကိုက်တာမို့  နောက်ဆုံး ရခိုင်အမျိုးသားတွေကို ပြန်လည် ဖိနှိပ်ထားဖို့  ရခိုင်ပြည်နယ် အုပ်ချုပ်ရေးကို တင်းတင်းမာမာ ပြန်လည်ကျင့်သုံးလာပါတယ်။

ထို့ အတူ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေး သံဃာ့လှုပ်ရှားမှုဟာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြု လေးစားတဲ့ အတိုင်းအတာပမာဏထိ ဖြစ်ပေါ်လာခဲ့တာကို ပြန်လည်ချိုးနှိမ်ဖို့ အတွက်ရယ်၊ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ မြန်မာနိုင်ငံ ပြည်သူပြည်သားအများစုကို စည်းရုံးပြီး အရပ်သားအစိုးရအသွင်ပြောင်း ယူနီဖောင်းချွတ် ချိတ်ထမီဝတ် သမ္မတ သိန်းစိန်ကြီးနဲ့  ဗိုလ်ချုပ်ဟောင်းများ ကြီးစိုးတဲ့ အစိုးရကို နိုင်ငံရေးအရ လက်ခံအားကိုးစေဖို့  ယုံကြည်စေဖို့ အတွက်ရယ် ရည်ရွယ်လုပ်ဆောင်တဲ့ ၉၆၉ ကိစ္စနဲ့ မဘသကိစ္စကို သိန်းစိန်တို့ ဖန်တီးတာပါ။ ဒါပမေယ့်လည်း သိန်းစိန်တို့  လက်သပ်မွေးတဲ့ မျောက်တွေကို သူတို့ ကိုယ်တိုင် မထိန်းနိုင်ဖြစ်လာတဲ့အခါ၊ တစ်ဘက်က သိန်းစိန်တို့  စစ်ဗိုလ်ချူပ်ဟောင်းများအတွင်း မပျော့ပြောင်းဘဲ တင်းတင်းမာမာ ဆောင်ရွက်လိုတဲ့သူများအချင်းချင်း လိုတာထက် ပိုပြီး ပြဿနာဖန်တီးမှုတွေ ပေါ်ပေါက်လာတဲ့အခါ၊ အတိုင်းအတာထက် ပိုမိလွန်ကျူးလာတဲ့ လုပ်ရပ်တွေကို လက်မခံကြဘဲ ပြည်သူလူထုက လက်မခံလာတဲ့အခါမှာ သိန်းစိန်တို့  ရှေ့ ဆက်ရမယ့် ၂၀၁၅ အလွန် အာဏာတည်မြဲရေးအတွက် ဟန်ဆောင်နည်းလမ်းတွေအစား၊ တစ်ဖက်ကလည်း နိုင်ငံတကာက သူတို့ ဘက် ပါလာပြီလို့  တွက်ဆလာမိတဲ့အခါ၊ အာဏာရှင်ဗိုလ်ချုပ်ဟောင်းတွေ အချင်းချင်းကြား တင်းမာမှုတွေကို ပြန်လည်ထိန်းသိမ်းဖို့ လိုအပ်လာတဲ့အခါမှာ မျက်နှာဖုံးစွပ်နေရာကနေ ပြည်သူလူထုအပေါ် ပေါ်ပေါ်တင်တင် စိန်ခေါ် ဗြောင်ကျကျ မိုက်ရိုင်းပြဖို့  ယခင်မူလရုပ်ကို ထုတ်ပြလာပါတော့တယ်။

ပထမဦးဆုံး မထီမဲ့မင် မိုက်ရိုင်းပြမှုကတော့ ရခိုင်ပြည်နယ်အရေးကိစ္စကို ဖန်တီးလုပ်ကြံပြီး ရခိုင်တွေကို မြှောက်ပေး ကုလားတွေကို နှိပ်ကွပ် လူသားအချင်းချင်း နှစ်ဘက်သွေးကိုသာ သွေးချောင်းစီးစေခဲ့မှုကို မြန်မာနိုင်ငံနေရာအနှံ့  ဖြစ်ပွားအောင် လက်ပါးစေတွေနဲ့  နောက်ကွယ်က ကြိုးကိုင်စီစဉ်ခဲ့တဲ့ အာဏာရူးသိန်းစိန်တို့ ဟာ အခုတော့ ရခိုင်အမျိုးသားတွေတင်မကာ မြန်မာပြည်သူပြည်သားတွေကိုပါ လုံးဝ ဂရုမစိုက်တဲ့ ထင်ရာစိုင်းလုပ်ရပ်တွေကို လုပ်ပြတဲ့အနေနဲ့ ၀ိုက်ကဒ်ကိုင်ဆောင်သူတွေကို မဲပေးခွင့် ပေးလိုက်ပါပြီ။

ဒါဟာ သိန်းစိန်တင်မက အာဏာရှင်တိုင်းရဲ့  တစ်ပုံစံထဲသော လုပ်ရပ်ပါ။ အရင်က ပြောဖူးသလိုပါဘဲ အာဏာရှင်မှာ ဘယ်သူ့ ကိုမှ ယုံကြည်စွာ သဘောထားတာ မရှိပါဖူး။ တစိမ်းသူ တစ်ဖွဲ့ သား ဝေးစွ၊ အာဏာလက်လွန်ရမယ်ဆိုရင် သွေးရင်းသားရင်းတောင် အသက်ချမ်းသာမပေးဖူးဆိုတာ မြန်မာအာဏာရှင်မှမက နိုင်ငံတကာက အာဏာရှင်များလည်း အတူတူပါဘဲ။

ဒါကြောင့်မို့ လို့  အာဏာရှင်ဆိုတာ လူအများကြိုက်တဲ့ အကြိုက်တွေ အားနည်းချက်တွေ လိုအပ်ချက်တွေ အစွဲကြီးမှုတွေကို သိပ်ပြီးသဘောကျ အသုံးချတတ်တယ်ဆိုတာရယ်၊ အသုံးချခံရချိန်မှာ အသက်သွေးတွေ ဘ၀တွေ ပေးဆပ်လိုက်ရတာကတော့ အာဏာရှင်ကို ယုံကြည်သွားသူတွေပါဘဲ။

အခုတော့ ၀ိုက်ကဒ်ကိုင်ထားသူတွေထဲမှာ ဘယ်လိုလူမျိုးတွေပါမလည်းဆိုတာ မိမိဖာသာ တွေးတောကြည့်ကြပါတော့။ နိုင်ငံကလည်း မြေရော ရေရော တိုင်းတစ်ပါးသားတွေ ပိုင်တဲ့မြေ ရေ ဖြစ်လာနေပြီ မဟုတ်လား။
ခံရမှ ခံရတယ်လို့  သိရချိန်မှာ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေ အသက်သွေးတွေ ပေးဆပ်ခံရပြီးဖြစ်နေတာကြောင့် စိတ်မကောင်းပါ။ ကြိုတင် အသိပေးပြောပြန်တော့လည်း မျိုးချစ်စိတ်ဓါတ် မရှိဖူး၊ တိုင်းပြည်ဆူပူအောင် လုပ်နေပြန်တယ်လို့  အပြောခံရပြန်ရော။ တကယ်တော့ သူခိုးကို သမက် မထင်မိကြပါစေနဲ့ ဗျာ။

ကဲ ... ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အာဏာရှင်ကို မဲပေးမှာလား၊ ပြည်သူ့ အကျိုးကြည့်မယ့် ပြည်သူ့ အစိုးရစစ်စစ်မှန်မှန်ကိုမဲပေးမှာလား ဆုံးဖြတ်ကြပါ။

No comments: