Sunday, February 8, 2015

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုသို့  သတိပေးခြင်း။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကိုသို့  သတိပေးခြင်း။

ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသူကျောင်းသားတွေကို ခြိမ်းခြောက်စကားပြောပြီး အကြမ်းဘက်ဖြိုခွင်းဖို့  ပြင်ဆင်နေတဲ့ ဗိုလ်ချုပ်ကိုကို သိစေဖို့  သတိပေးအပ်ပါတယ်။

ကျောင်းသူကျောင်းသားတွေဟာ မြန်မာနိုင်ငံအတွင်းမှာ နိမ့်ကျနေတဲ့ ပညာရေးအဆင့်အတန်းကို ပြုပြင်ပြောင်းလဲပေးရေးအတွက်၊ မြန်မာ့နိုင်ငံပညာရေးအဆင့် နိုင်ငံတကာပညာရေးစနစ်နဲ့  တန်းတူဖြစ်နိုင်ရေးအတွက် အမျိုးသားအရေးအနေနဲ့  ရှေ့ ရှုပြီး ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြတာကို အာဏာရှင်တွေက လစ်လျ...ူရှုနေကြတာကို ပြည်သူလူထုတစ်ရပ်လုံးက သိမြင်နေပါတယ်။
ပြည်ထဲရေးဝန်ကြီးတာဝန် ယူထားတဲ့ ဗိုလ်ချုပ်ကိုကိုကတော့ မိမိရဲ့  မိသားစုဝင်တွေနဲ့  ဆွေမျိုးသားချင်းတွေကို ပြင်ပနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ အင်္ဂလန်နိုင်ငံ အစရှိတဲ့ နိုင်ငံရပ်ခြားက ကမ္ဘာ့အဆင့်မှီ တက္ကသိုလ်ကျောင်းတော်ကြီးတွေမှာ ပညာသင်စေလွှတ်နေခဲ့တာ နေနေတာကို အဆိုပါနိုင်ငံများမှ မြန်မာလူမျိုးတွေက သိရှိကြပါတယ်။ ဒီလိုစေလွှတ်တဲ့ နေရာမှာလည်း အမျိုးမျိုးသော လိမ်လည်မှုတွေနဲ့  သက်ဆိုင်ရာနိုင်ငံ အစိုးရများ ပညာရေးတက္ကသိုလ်များကို ဗိုလ်ချုပ်ကိုကိုရဲ့  မိသားစုဝင်များ ဆွေမျိုးပတ်သက်သူများလို့  ထုတ်ဖော်ပြောဆိုခြင်းမရှိ ဖုံးကွယ်ထားကာ သာမန်အရပ်သားဘက်ဆိုင်ရာ ၀န်ထမ်းဌာနဘက်ဆိုင်ရာက စေလွှတ်တဲ့ပုံစံမျိုးနဲ့  ရောက်ရှိပညာသင်ကြားစေခဲ့တယ်ဆိုတာလည်း အထောက်အထား သက်သေတွေ ရှိပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကို ဗိုလ်ချုပ်ကိုကို လုပ်နေတာကို သိရှိကြတဲ့ ပြည်ပရောက် မြန်မာလူမျိုးများကိုလည်း “နိုင်ငံခြားရောက် မြန်မာတွေကို ဖမ်းလို့ ရတယ်” လို့ လည်း မိုက်မိုက်ရိုင်းရိုင်း ခြိမ်းခြောက်ပြောဆိုခဲ့တာကို မှတ်မိမှာပါ။

ယခုလည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတဲ့ ကျောင်းသူကျောင်းသားများအပေါ်မှာ သားသမီးချင်း ကိုယ်ချင်းစာတရား ကင်းမဲ့စွာနဲ့  ရာထူးအာဏာမြဲနေရေးအတွက်သာ အဓိကထားပြီး ခြိမ်းခြောက်စကားပြော အကြမ်းဘက်ဖို့  ပြင်ဆင်နေတဲ့ ဗိုလ်ချုပ်ကိုကို ကို အကြမ်းဘက်မှုအစီအစဉ် ရပ်တန့် ဖို့  သတိပေးလိုပါတယ်။

ဗိုလ်ချုပ်ကိုကိုအနေနဲ့  ကျောင်းသူကျောင်းသားများအပေါ်မှာ အကြမ်းဘက်ဖြုခွဲမှု လုပ်ဆောင်မယ်ဆိုရင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူ ပြည်သူလူထုနဲ့  ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်တဲ့အပြင်၊ တပ်မတော်အတွင်းက ပြည်သူလူထုအပေါ် အကြမ်းဘက်မှုကို မလိုလားတဲ့ ပြည်သူ့ တပ်မတော်သားများနဲ့ လည်း တုန့် ပြန်မှုတွေ ဖြစ်လာပါလိမ့်မယ်။

ဒီအပြင် သတိပေးလိုတာကတော့ ဗိုလ်ချုပ်ကိုကိုရဲ့  မိသားစုဝင်တွေ ဆွေးမျိုးသားချင်းတွေ ပြည်ပနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ သွားလာရောက်ရှိနေကြတာမို့  ပြည်သူ့ ရင်သွေး ကျောင်းသူကျောင်းသားတွေကို အန္တရာယ်ပြုရင် တူညီသော ဘေးအန္တရာယ် ပြန်လည်ကျရောက်နိုင်တာကို အထူးသတိပေးလိုက်ရပါတယ်။

ပြည်ပရောက် မျိုးချစ်မြန်မာများ။


No comments: