Saturday, February 28, 2015

တပည့်ဝတ်မှန်း မသိ၊ သားသမီးဝတ်မှန်း မသိ သင်ကြားခံနေရတဲ့ မြန်မာနိုင်ငံပညာရေးစနစ်။

ပထမတန်း လပါတ်စာမေးပွဲမှာ ဖော်ပြထားတဲ့ “တပည့်ဝတ်” ဆိုတာ လုံးဝကြီးကို မှားနေပါတယ်။ သားသမီးဝတ်ဆိုတာကို တပည့်ဝတ်ဆိုပြီး မှားယွင်းနေတာပါ။

တပည့်ဝတ်အမှန်နဲ့  သားသမီးဝတ်အမှန်ဟာ အောက်မှာ ဖော်ပြတဲ့အတိုင်းပါ။

“တပည့်ဝတ်”

ညီညာထကြွ

ဆုံးမနာယူ

လာမူကြိုဆီး

ထံနီးလုပ်ကြွေး

သင်တွေးအံရွတ်

တပည့်ဝတ် မချွတ်ငါးခုသာ။


“သားသမီးဝတ်”

ကျွေးမွေးမပျက်

ဆောင်ရွက်စီမံ

မွေခံထိုက်စေ

လှူမျှဝေ၍

စောင့်လေမျိုးနွယ်

ဝတ်ငါးသွယ် ကျင့်ဖွယ် သားတို့မှာ။


တပည့်ဝတ်မှန်း မသိ၊ သားသမီးဝတ်မှန်း မသိ၊ မှားနေတာကို စစ်ဆေးရမှန်းလည်း မသိနဲ့  ပေါ့တီးပေါ့ဆ ပညာရေး သင်ကြားမှုကို ပထမတန်းအရွယ် ကလေးငယ်တွေက စပြီး သင်ကြားခံနေရတာ။

အမျိုးသားတစ်ရပ်လုံးအတွက် အရေးကြီးတဲ့၊ တိုင်းပြည်ရဲ့  အနာဂါတ်အတွက် အရေးပါတဲ့ ပညာရေးကို စနစ်တကျ မှန်မှန်ကန်ကန် မလုပ်ရင်၊ မှားယွင်းနေတာတွေကို မပြင်ရင် နောင်ဆိုရင် ဒီထက့်ပိုဆိုးတော့မှာ။


No comments: