Thursday, March 26, 2015

ကမ္ဘောဒီယားဓါတ်ပုံနဲ့  မြန်မာစစ်ရေးသတင်း လိမ်ရေး။

အာဏာရှင် လက်ပါးစေ ၀ါဒဖြန့် ချီရေး လုပ်တဲ့ Ko Nyein (စစ်ငြိမ်းဦး) ဆိုတဲ့ တစ်ယောက်က လောက်ကိုင်စစ်ရေးသတင်းနဲ့  ပတ်သက်ပြီး ရေးတင်ထားတာမှာ ကမ္ဘောဒီယားနိုင်ငံက ကမ္ဘောဒီးယားစစ်တပ် စစ်ရေးလေ့ကျင့်နေတဲ့ ဓါတ်ပုံကို ကမ္ဘောဒီယားအလံ ဖျက်ပြီး မြန်မာ့စစ်တပ်က ပုံလိုလိုနဲ့  တင်ထားလေရဲ့ ။

စစ်ရေးဝါဒဖြန့် ချီရာမှာ မှန်မှန်ကန်ကန်လေး ရေးသားဖော်ပြတာ မဟုတ်ဘဲ၊ အခုလို ပုံမှားရိုက် လုပ်ကြံဖော်ပြတာဟာ မြန်မာ့တပ်မတော်အတွက်လည်း ဂုဏ်သိက္ခာကျသလို၊ တိုင်းပြည်နဲ့  လူမျိုးဂုဏ်သိက္ခာလည်း ထိခိုက်စေတယ်ဆိုတာ မသိလေရော့သလား။

အာဏာရှင်လက်ပါးစေတွေ ပြည်တွင်းပြည်ပသတင်းတွေကို သတင်းစာတွေမှာရော အင်တာနက်စာမျက်နှာမှာရော လိမ်ညာဖော်ပြနေတဲ့ အကျင့်တွေ ရပ်တန့် သင့်နေပါပြီ။



No comments: