Monday, March 2, 2015

ဗကပလို့  ဘယ်သူတွေကို ပြောတာလည်း။

သိန်းစိန်ရဲ့  ပညာရေးဝန်ကြီး ဒေါ်ခင်စန်းရီက ကျောင်းသားသမဂ္ဂကို ဗကပ တံဆိပ်ကပ်လိုက်၊ အခု မှူးဇော်ကလည်း ကျောင်းသားသပိတ်ကို အခုတစ်ခါ “ဗကပ” လို့  တံဆိပ်ကပ်လိုက်နဲ့ ။ ဦးနှောက်တွေက အနှစ် ၄၀ လောက် ဂျိုးတက်နေပြီ။

လွန်ခဲ့တဲ့ အနှစ် လေးဆယ်ကျော်က နေ၀င်းလက်ထက် တံဆိပ်ကပ်ခဲ့တဲ့ “ဗကပ” လို အခုခေတ်မှာ အကြမ်းဘက်သမားလို့  အောင်းမေ့နေသေးလား။ ပြည်သူလူထုကို လိမ်ညာလို့  မရတော့ဖူး။

တကယ်တော့ “ဗကပ” ဆိုတာ “ဗိုလ်ကြီးပါ” တဲ့။ အကြမ်းဘက်လွန်းတဲ့ ဗိုလ်အကြီးကြီးတွေအားလုံးကို “ဗကပ” လို့  ခေတ်သစ်မှာ ခေါ်နေတာပါတဲ့။... ကဲ ပြောကြပါဦး။ “ဗကပ” “ဗကပ”လို့ ။

 အကြမ်းဘက်ကြတဲ့ ဗိုလ်အကြီးကြီးတွေကို သိကြတယ်နော်။

No comments: