Wednesday, April 22, 2015

နောက်ထပ် ဖြစ်တဲ့ မှားယွင်းမှုကြီးတစ်ခုနဲ့  ပတ်သက်ပြီး ပညာရေးဝန်ကြီးမှာ တာဝန်ရှိပါတယ်။


နောက်ထပ် ဖြစ်တဲ့ မှားယွင်းမှုကြီးတစ်ခုနဲ့  ပတ်သက်ပြီး ပညာရေးဝန်ကြီးမှာ တာဝန်ရှိပါတယ်။

သမိုင်းဘာသာရပ်မှာ ၈၂ မှတ်နဲ့ ဂုဏ်ထူး ရတာကို ၂၈ မှတ်ဘဲရတယ်ဆိုပြီး စာမေးပွဲ ကျခဲ့ရသတဲ့။

ကျောင်းသူ မအိနန္ဒာကျော် (အဖ - ဦးသောကြာ၊ ခုံအမှတ် - အမန ၇၉၉) ရဲ့  စာမေးပွဲအမှတ်ကို ပြောင်းပြန်လုပ်ပြီး မင်းရွာ အ.ထ.က မှ အောင်စာရင်း မှားယွင်းစွာ ထုတ်ပြန်မှုပါ။ သမိုင်းဘာသာကျသည်ဟု သိရလို့  မေးမြန်းကြည့်တော့ ၂၈ မှတ်နဲ့ ကျတာပါတဲ့။ နောက်တော့ ရုံးချုပ်ကို မေးကြည့်တော့ သမိုင်းဘာသာရပ်ကို ၈၂ မှတ် ဂုဏ်ထူးနဲ့  အောင်တယ်ဆိုတာ သိရပါတယ်။ TEO က A ဖြင့် အောင်မြင်ကြောင်းအကြောင်းပြန်ပါတယ်။ တစ်ဆက်တည်းပင် နောက်ဆက်တွဲအောင်စာရင်းထွက်ပေးမည်လို့  ပြောပါတယ်။

ဒီကျောင်းသူ မအိနန္ဒာကျော်အတွက် စိတ်ထိုခိုက်မှု ဦးစွာဖြစ်ပေါ်စေခဲ့တာပါ။ အကယ်၍သာ မစုံစမ်း မမေးမြန်းဖြစ်ခဲ့ဖူးဆိုရင်၊ စိတ်ထိခိုက်မှု ပြင်းထန်ပြီး တစ်ခုခုဖြစ်လို့  နောက်ထပ် အသက်တစ်သက် မဆုံးရှုံးနိုင်ဖူးလို့  ဘယ်သူ အာမ ခံနိုင်မလည်း။

ပညာရေးဝန်ကြီးဌာနရဲ့  မှားယွင်းမှု၊ ပေါ့ဆမှု၊ စီမံခန့် ခွဲမှု ညံ့ဖြင်းမှုတွေ မကြာခဏ ဖြစ်ပေါ်နေမှုအပေါ် တာဝန်ရှိ တာဝန်ခံရမယ့် ပညာရေးဝန်ကြီး ရာထူးနေရာကနေ နှုတ်ထွက်ပေးဖို့  တောင်းဆိုပါတယ်။




No comments: