Sunday, June 14, 2015

ဘောလုံးပွဲလား လက်စားခြေပွဲလား။

ဘောလုံးပွဲလား လက်စားခြေပွဲလား။

ဒေသတွင်းနိုင်ငံများရဲ့ ချစ်ကြည်ရေးအားကစားဘောလုံးပွဲကို သတင်းကြေညာတဲ့သူတွေက လက်စားခြေပွဲလို ကြေညာနေတာ သာသနာထွန်းကားပါတယ်လို့ ပြောနေတဲ့မြန်မာနိုင်ငံအတွက် ရှက်နည်းမျိုးစုံနဲ့ ရှက်ရမယ့် အကြောင်းဖန်လာပါတယ်။

ဘောလုံး ၂သင်း ကန်တာ အရှုံး အနိုင် သရေ အဖြေက ဒီ ၃ မျိုးအပြင် ဘာပိုရှိနိုင်လို့လဲ၊ အနိုင်ရလို့ လူကြီးလူကောင်းဆန်ဆန် ပျော်ရမယ့်အချိန်မှာ တီဗီသတင်းလွှင့်တဲ့သူတွေက လွန်ခဲ့တဲ့ အနှစ် ၂၀ ရလာဒ်အပေါ် တန်ပြန် လက်စားခြေလိုက်တဲ့အလား နားမဆန့်အောင် တရစပ် ပုံဖော်ြေ...ပာဆိုနေတာဟာ မြန်မာပြည်ရဲ့ ပုံရိပ်ကို ဖျက်ဆီးလိုက်တာပဲ။

မြန်မာတွေဟာ အညှိုးအတေးကြီးသူတွေလား၊

မြန်မာတွေဟာ သဘာဝကျတဲ့ အားကစားအရှုံးကို လက်မခံသူတွေလား၊

မြန်မာတွေဟာ ထိလွယ် ရှလွယ် ခံစားလွယ် ပေါက်ကွဲလွယ်တွေလား၊

မြန်မာတွေဟာ အလွန်အမင်းဘက်ကြည့်ပြီး အမြင်ကျဉ်းတတ်တဲ့သူတွေလား၊

မြန်မာတွေဟာ အမှန်အမှားထက် လက်စားခြေရေးကို ဦးစားပေးတဲ့သူတွေလား - စသဖြင့် မေးစရာတွေ ဖြစ်လာပြီပေါ့။

မကြာခင် မြန်မာ ယူ ၂၃ ဘောလုံးအသင်းဟာ အိမ်နီးချင်း ထိုင်းဘောလုံးအသင်းနဲ့ ဗိုလ်လုပွဲကန်ရပါတော့မယ်။

ပြည်ခိုင်ဖြိုးသူခိုးအုပ်စုက ဒီလိုပြည်သူတွေအတွက် ဒီစစ်တပ်နဲ့ပဲ တန်တယ်၊ မြန်မာတွေဟာ ဒီမိုကရေစီနဲ့ မတန်သေးပါဘူး၊ အပြောင်းအလဲကို အလျှင်စလိုလုပ်လို့ မရဘူး၊ နေရာတကာ စစ်တပ်ဝင်ပါနေတာတွေကို ဖယ်လိုက်ရင် မြန်မာပြည်ကြီးပြိုကွဲသွားမယ် - စတဲ့ ဆိုက်ဝါးတွေအထဲကို ဘောလုံးပွဲ အရင်းခံလို့ ကျုံးသွင်းနေတယ်လို့ပဲ သုံးသပ်ရပါမယ်။

သေချာတာက ပြည်ခိုင်ဖြိုးအုပ်စုဟာ ပြည်သူတွေကို နေရာပေါင်းစုံမှာ ထောင်ခြောက်တွေ ဆင်ထားပါတယ်။

လာမယ့် ဗိုလ်လုပွဲကို သာသနာထွန်းကားရာအရပ်က နိုင်ငံကြီးသားပီပီ၊ လူကြီးလူကောင်းဆန်ဆန်၊ သူတော်ကောင်းတို့ထုံး နှလုံးမူပြီးအားပေးကြပါစို့။

ဘောလုံးပွဲကနေတဆင့် လူလိမ်သူခိုး ပြည်ခိုင်ဖြိုးအုပ်စုကို မောင်းထုတ်ကြပါစို့။

(ရေးသားသူ - Yoother Kyooseer Phyusin)။


No comments: