Sunday, June 14, 2015

နိုင်ငံကြီးသားစိတ်ဓါတ် ပြည့်ဝစွာဖြင့် နိုင်ငံနှင့် လူမျိုးဂုဏ်ကို ထိန်းသိမ်းမြှင့်တင်ပါ။

နိုင်ငံကြီးသားစိတ်ဓါတ် ပြည့်ဝစွာဖြင့် နိုင်ငံနှင့် လူမျိုးဂုဏ်ကို ထိန်းသိမ်းမြှင့်တင်ပါ။

အနိုင်ကိုလည်း ရိုးသားကြိုးစားမှုနဲ့  ဂုဏ်ရှိရှိ အနိုင်ယူပါ။ အရှုံးကိုလည်း ယဉ်ယဉ်ကျေးကျေး သိက္ခာရှိရှိနဲ့  အရှုံးခံပါ။ အားကစားစိတ်ဓါတ်မှာ ယှဉ်ပြိုင်ခြင်းသည်သာ အဓိကဆိုတဲ့ စကားကို ကျင့်သုံးကြပါ။

ထိုက်ထိုက်တန်တန် အနိုင်ရခြင်းကို လေးစားစွာ အသိအမှတ်ပြုပေးခြင်း၊ အကြောင်းမလှလို့  ရှုံးနိမ့်ခြင်းကို အားပေးနှစ်သိမ့်ပေးခြင်းတို့ ဖြင့် နိုင်ငံကြီးသား ပီသကြရမည်သာ ဖြစ်ပါသည်။...

နိုင်ငံနဲ့  လူမျိုးရဲ့  ဂုဏ်သိက္ခာကို ပျက်ပြားထိခိုက်စေမယ့် ပြောဆိုပြုမူ ရိုင်းပြခြင်းကို ရှောင်ရှားကြပါ။

ဘောလုံးပွဲတစ်ပွဲတစ်ပွဲ နိုင်ခြင်း ရှုံးခြင်းထက် နိုင်ငံနဲ့  လူမျိုး ဂုဏ်သိက္ခာတက်ခြင်း ကျခြင်းသည် နိုင်ငံသားတိုင်းအတွက် ထာဝရ အရေးကြီးပါသည်။

No comments: