Sunday, June 21, 2015

သူတောင်းစားအကျင့်နဲ့  အောင်သောင်းရဲ့  ဆုပေးပွဲ။

ပညာရည်ထူးချွန်ဆုဆိုပြီး အောင်သောင်းက ဆုပေးတဲ့ပွဲမှာ ရောက်ကတည်းက မပြန်မခြင်း ထိုင်ခုံပေါ်မှာ အခန့် သားထိုင်ပြီးနေတဲ့ ကျက်သရေတုန်းအောင်သောင်းကို ဘေးနားကနေ ဒူးလေးထောက်ပြီး ယပ်ခပ်ပေးနေရတဲ့ တောင်းတွင်းကြီးမြို့ က ရှစ်တန်းကျောင်းသူလေးဘ၀ကို များစွာသနားစာနာမိတယ်။

ဘယ်လိုမှ မဖြစ်သင့်တဲ့ လုပ်ရပ်မို့  အောင်သောင်းကိုရော၊ ကျောင်းသူလေးကို ဒီလိုလုပ်ဖို့  ခိုင်းစေတဲ့သူတွေကိုရော ရွံရှာရှုတ်ချတယ်။

ဒီလုပ်ရပ်နဲ့  ပတ်သက်ပြီး ၀န်ကြီးနေရာ ရယူထားတဲ့ အောင်သောင်းအနေနဲ့  လူကြီးလူကောင်းတစ်ယောက်ဆိုရင် ပြန်လည်တောင်းပန်သင့်တယ်။ ထို့ အတူ ခိုင်းစေကြတဲ့သူများလည်း ပြန်လည်တောင်းပန်သင့်တယ်။ ဒီကိစ္စနဲ့  ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့  စစ်ဆေးအရေးယူအပြစ်ပေးသင့်တယ်။






No comments: