Saturday, June 27, 2015

ဘယ်ဘက်က နိုင်သလည်း။

ဘယ်ဘက်က နိုင်သလည်း။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့  ပတ်သက်ပြီး ကျောင်းသူကျောင်းသားတွေ မန္တလေး၊ မုံရွာ၊ ထားဝယ်၊ မော်လမြိုင် အစရှိတဲ့ သပိတ်စစ်ကြောင်းတွေနဲ့  အင်တိုက်အားတိုက် ချီတက်ကြပြီး သပိတ်လမ်းကြောင်းတစ်လျှောက် ၀န်းရံကြတဲ့ပြည်သူတွေနဲ့  မြန်မာ ကမ္ဘာရော အားပေးထောက်ခံလိုက်ကြတော့ အာဏာရူးတွေ တုန်လှုပ်လာပြီး ထိုင်ခုံလှုပ်တာတယ်လို့  ယူဆတော့ သိက္ခာတရားမဲ့စွာနဲ့  ဗြောင်လိမ်ပြီး ကောက်ကျစ်သော ဥာဏ်များနဲ့  အနုနည်းနဲ့ တစ်မျိုး အကြမ်းနည်းနဲ့ တစ်မျိုး ဖန်တီးကာ နောက်ဆုံး သပိတ်မှောက်ကျောင်းသူကျောင်းသားတွေနဲ့  ၀န်းရံပြည်သူအချို့ ကို ရိုက်နှက်ဖမ်းဆီး အကျဉ်းချဖို့ လုပ်ခဲ့ကြတယ်။ ဘာတဲ့ သပိတ်ပြိုကွဲသွားပြီဆိုဘဲ၊ ကျောင်းသားတွေ လှုပ်ရှားမှု ရပ်တန့် သွားပြီဆိုဘဲ။ ဒီတော့ အာဏာရူးတွေနဲ့  လက်ပါးစေတွေက ဟုတ်ပြီပေါ့၊ အနိုင်ရတယ်ပေါ့။ တကယ်တော့ ကျောင်းသားတွေ နိုင်တယ်လို့  ပြောကြတာကို အဲ့ဒီအာဏာရူးတွေ နားမလည်ကြဖူး။

အခုတစ်ခါလည်း ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ သမ္မတနဲ့  ဒုတိယသမ္မတအရည်အချင်း သတ်မှတ်ချက်နဲ့  ပါတ်သက်ပြီး မသင့်တော်တဲ့ ချုပ်ခြယ်ကန့် သတ်မှုတွေကို ပြင်ဆင်ရေးနဲ့  ပါတ်သက်ပြီး မဲခွဲကြတော့ နဂိုကတည်းက သိထားကြပြီးတဲ့အတိုင်း ၂၅% ကို အပိုင်သိမ်း ကျန်တဲ့ ၇၅% ကိုပါ အပိုင်လူတွေနဲ့  လက်ဝါးချင်းရိုက်ထားတဲ့ပွဲမှာ အနိုင်မရတော့ NLD ပါတီ ရှုံးပြန်ပြီပေါ့လို့  အာဏာရူးတွေနဲ့  လက်ပါးစေတွေ ကျေနပ်ကြွေးကြော်နေကြလေရဲ့ ။

တကယ်တော့ အာဏာရူးတွေနဲ့  လက်ပါးစေတွေဟာ အတော့်ကို သနားစရာကောင်းလွန်းလှတဲ့ နလပိန်းတုံးတွေ ဖြုတ်ဦးနှောက်တွေလို့  ပြောပြန်ရင် မလွန်ပါဖူး။ ပွဲပြီးသွားပြီလို့  အောင်းမေ့နေကြတယ်။

နိုင်ငံတစ်နိုင်ငံရဲ့  အပြောင်းအလဲဟာ မထင်မှတ်ဘဲ ပြောင်းလဲသွားတတ်တဲ့အခြေအနေ ရုတ်ချည်းဆိုသလို ပေါ်ပေါက်တတ်တယ်ဆိုတာ မြန်မာ့သမိုင်းကိုရော ကမ္ဘာ့သမိုင်းကိုရော ပြန်လေ့လာကြည့်ကြပါဦး။

စောစောပြောသလို နလပိန်းတုံး အာဏာရူးတွေနဲ့  လက်ပါးစေတွေအနေနဲ့  ကောက်ကျစ်လို့ ရရင်၊ လိမ်ညာလို့ ရရင်၊ မဲခိုးအနိုင်ယူလို့ ရရင်၊ အုပ်စုဖွဲ့ အင်အားပြလို့ ရရင်၊ အကွက်ဆင် ဖန်တီးလို့ ရရင်၊ အရေအတွက်နဲ့  ဂဏန်းနံပါတ် များလှရင်ဘဲ အနိုင်ရပြီလို့  ထင်နေကြတာ တော်တော်သနားစရာသတ္တ၀ါတွေဘဲလို့  မြင်မိတယ်။ ဒီလိုဖြစ်ကြေးဆိုရင် မြန်မာ့သမိုင်းနဲ့  ကမ္ဘာ့သမိုင်းမှာ ပြည်သူ့ အောင်ပွဲဆိုတာ ဘယ်တော့မှ ပေါ်ပေါက်ခဲ့မှာ မဟုတ်ဖူး။

ကျောင်းသားတွေရဲ့  ပညာရေးဥပဒေပြင်ဆင်ရေးသပိတ်ပွဲမှာ ဖမ်းဆီးတယ် ထောင်ချတယ်၊ ဒါမျိုး လုပ်လို့ ရတယ်ဆိုတာ လူတွေကို ဖမ်းဆီးထောင်ချလို့ ရတာဘဲ ရှိပါတယ်။ ဖမ်းဆီးထောင်ချခံရတဲ့သူတွေရဲ့  ရင်ထဲမပြောနဲ့  ပြင်ပက ပြည်သူလူထုရင်ထဲမှာ ဘယ်လို မြင်တွေ့ ခံယူသွားကြမယ်ဆိုတာ ပိုအခရာ ဖြစ်ပါတယ်။ ဒီ့အပြင် လိမ်ညာနေမြဲ လိမ်ညာနေတဲ့ အာဏာရူးတွေရဲ့  မျက်နှာဖုံးကို ခွာချပြလိုက်တာပါ။ ၂၀၁၅ ခုနှစ် နှစ်အစမှာ ပေါ်ထွက်လာတဲ့ ဒီကျောင်းသားသပိတ်ဟာ ပထမဦးဆုံးသော ပြည်သူလူထုအတွက် ခြေလှမ်းပါ။

ယခု လွှတ်တော်အတွင်းမှာ ၂၀၀၈ ခုနှစ် နာဂစ်ဥပဒေပါ ကန့် သတ်ချုပ်ခြယ်ချက်တွေကို ပြင်ဆင်ရေးကိစ္စမှာ အမျိုးမျိုးသော လိမ်ညာယုတ်မာမှုများနဲ့  အကွက်ဆင်သတ်မှတ်ထားတဲ့အနေအထားတွေမှာ အရေအတွက်အရ မကျော်နိုင်မှန်း သိသိကြီးနဲ့  မဲခွဲစေခဲ့တဲ့ဟာ (အထူးသဖြင့် ခလုတ်နှိပ် လျှို့ ဝှက်မဲပေးတဲ့စနစ်ကနေ မဲပုံးထဲ မဲထည့်စေတဲ့အနေအထားရောက်အောင် လုပ်ဆောင်လိုက်တဲ့အခါ) တမင်သက်သက် ယုတ်မာညစ်ပတ်ထားမှုကို မြန်မာပြည်သူလူထု ပိုမြင်အောင်တင်မက တပ်မတော်သားတွေအတွင်းကိုပါ သိစေအောင် ပြသလိုက်တာ၊ ကမ္ဘာက အလိုက်တစ်သင့် ပြေလည်အောင် ဆက်ဆံပြနေတာကို အဟုတ်မှတ်နေကြတဲ့ အာဏာရူးတွေရဲ့  အကျင့်ဆိုးတွေ မပြင်ဖူးဆိုတာ မီးမောင်းထိုးပြလိုက်တာကို ဘယ်တုန်းကမှ အရည်အချင်းမရှိ ဥာဏ်တုံးလွန်းပြီး မိမိကိုယ်ကို ဟုတ်လှပြီ၊ အကောက်ကြံ ယုတ်မာမှုနဲ့ သာ အနိုင်ရနိုင်တယ်လို့ ယုံကြည်နေတဲ့ သိန်းစိန် ရွှေမန်း မင်းအောင်လှိုင်တို့ ဟာ အဖေကြီး နေ၀င်း သန်းရွှေတို့  ပုံသေထုခဲ့တဲ့ ကျောက်ရုပ်တွေပမာ အနိုင်ရပြီထင်နေတာ တကယ်တော့ နိုင်ငံရေးရှုံးနိမ့်ပွဲကြီးဆိုတာ မသိရှာကြလေရဲ့ ။

အာဏာရူးတွေနဲ့  လက်ပါးစေတွေ ဒီပုံစံ ဒီအတိုင်း ဒီလုပ်ရိုးလမ်းစဉ်အတိုင်း ဓါတ်ပြားဟောင်းကြီးတွေ အဖန်တစ်ရာမက သွားပါ။ ခောတ်အခြေအနေ၊ ပြောင်းလဲနေသောအနေအထား၊ မျိုးဆက်သစ်တို့ ရဲ့  ဥာဏ်အရည်အသွေး ထက်မြက်မှု၊ အလွယ်တကူ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ နည်းပညာတိုးတက်မှုတွေကြောင့် အရင့်အရင်တုန်းကလို မဟုတ်မမှတ် မတရား လိမ်ညာကောက်ကျစ် ဖိနှိပ်ချုပ်ခြယ်၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေဟာ ရေရှည်မခံတော့ဖူးဆိုတာ အပြည့်အ၀ ယုံကြည်ပါ။

မကြာခင်သောအချိန်မှာ ပြည်သူလူထုအနိုင်ရတော့မယ်ဆိုတာ သက်သေပြလာပါတော့မယ်။ ပြည်သူလူထုအနေနဲ့  မြန်မာစကားအဆိုတွေကို ယုံကြည်ရမှာပါ။ “ပြည်တင်းလျှင် မင်းမခံသာ” ဆိုတာ သမိုင်းသက်သေတွေ ရှိပါတယ်။ အရေးကြီးတဲ့ ပြည်သူလူထုအင်အားကို ပြသနိုင်ဖို့ ပါ။

တယ်ဆိုတာ လူတွေကို ဖမ်းဆီးထောင်ချလို့ ရတာဘဲ ရှိပါတယ်။ ဖမ်းဆီးထောင်ချခံရတဲ့သူတွေရဲ့  ရင်ထဲမပြောနဲ့  ပြင်ပက ပြည်သူလူထုရင်ထဲမှာ ဘယ်လို မြင်တွေ့ ခံယူသွားကြမယ်ဆိုတာ ပိုအခရာ ဖြစ်ပါတယ်။ ဒီ့အပြင် လိမ်ညာနေမြဲ လိမ်ညာနေတဲ့ အာဏာရူးတွေရဲ့  မျက်နှာဖုံးကို ခွာချပြလိုက်တာပါ။ ၂၀၁၅ ခုနှစ် နှစ်အစမှာ ပေါ်ထွက်လာတဲ့ ဒီကျောင်းသားသပိတ်ဟာ ပထမဦးဆုံးသော ပြည်သူလူထုအတွက် ခြေလှမ်းပါ။

No comments: