Monday, July 20, 2015

ကြံခင်းမြို့ မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖွင့်ပွဲမှာ ရုပ်ထုကို ခေါင်းဖြတ်ခဲ့သူကို သေသေချာချာ စစ်ဆေးဖို့ ။

ကြံခင်းမြို့ မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖွင့်ပွဲမှာ ရုပ်ထုကို ခေါင်းဖြတ်ခဲ့တဲ့သူ (ဖြိုးကျော်ဌေး(ခ) ငဖြိုး (ဘ)ဦးမောင်ချော (မိ) ဒေါ်ကျင်သန်း၊ အသက် (၂၄)နှစ် ဟိုင်းကြီးကျွန်းဇာတိသားဖြစ်ပြီး၊ လက်ရှိနေရပ်
မှာ တာကြီးတန်း၊ အမှတ်(၁)ရပ်ကွက်၊ ဘက်ရဲမြို့တွင် အိမ်ငှားနေထိုင်သူ)
ကို သေသေချာချာ စစ်ဆေးဖို့  လိုပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရတာလည်းဆိုတာ အရင်းအမြစ် အကြောင်းရင်းမှန်ကို စုံစမ်းဖော်ထုတ်ဖို့  လိုပါတယ်။ သာမန်အမှုလို သဘောထား၍ မရပါ။ စိတ်ဖောက်ပြန်နေလို့  မူးနေလို့  နာမည်ကြီးချင်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့  အမှုကို ပျက်ပြယ်သွားအောင် လုပ်မယ်ဆိုရင် မရိုးသားပါဖူး။ စစ်ဆေးမှုမှာ ပြည်သူလူထုဘက် အထူးသဖြင့် ကြံခင်းမြို့ က အများစုက လက်ခံတဲ့ သမာသမတ်ရှိတဲ့သူတွေပါ ပါဝင်စစ်ဆေးနိုင်ဖို့  တောင်းဆိုကြပါ။










No comments: