Monday, July 20, 2015

ပြစ်မှုကျူးလွန်သူကို တရားဥပဒေအရသာ ထိထိရောက်ရောက် အရေးယူရန်သာ လုပ်ဆောင်ရမည်။

ကြံခင်းမြို့ မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖွင့်ပွဲမှာ ရုပ်ထုကို ခေါင်းဖြတ်ခဲ့တဲ့သူ ကိစ္စနဲ့  ပတ်သက်ပြီး ရုပ်ထုရဲ့  ခေါင်းကိုမှ ဖြတ်ခြင်းဟာ ကြီးမားသော ပြဿနာတစ်ရပ် ဖန်တီးရန် ရည်ရွယ်ချက်ရှိရှိနဲ့  လုပ်ဆောင်တာလို့  ယူဆပါတယ်။

ခေါင်းဖြတ်တယ်ဆိုပြီး အစ္စလမ်ဘာသာဝင်လို့  ဆိုကာ ဘာသာရေးနဲ့ လူမျိုးရေးပဋိပက္ခဖြစ်ပေါ်စေရန် လုပ်ဆောင်တဲ့ ရည်ရွယ်ချက်ဖြစ်နိုင်တယ်လို့  ယူဆနိုင်လောက်အောင် ယခုအခါမှာ ဖမ်းဆီးမိသူဟာ အစ္စလာမ်ဘာသာဝင်ဖြစ်တယ်ဆိုပြီး အင်တာနက် ဖေ့စ်ဘွတ်ပေါ်မှာ လုပ်ကြံရေးသားနေကြတာတွေ မြင်တွေ ...့ နေရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ခေါင်းဖြတ်သူ မည်သည့်ဘာသာဝင်ဖြစ်ပါစေ မည်သည့်လူမျိုးဖြစ်ပါစေ ပြစ်မှုကျူးလွန်သူတစ်ယောက်အနေနဲ့ သာ တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူရုံမှအပ ပြစ်မှုကျူးလွန်သူရဲ့  ဘာသာနဲ့  လူမျိုးနဲ့  လုံးဝ မသက်ဆိုင်စေရပါဖူး။

ကြံခင်းမြို့ မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ဖွင့်ပွဲမှာ ရုပ်ထုကို ခေါင်းဖြတ်ခဲ့တဲ့သူ (ဖြိုးကျော်ဌေး(ခ) ငဖြိုး (ဘ) ဦးမောင်ချော (မိ) ဒေါ်ကျင်သန်း၊ အသက် (၂၄)နှစ် ဟိုင်းကြီးကျွန်းဇာတိသားဖြစ်ပြီး၊ လက်ရှိနေရပ်
မှာ တာကြီးတန်း၊ အမှတ်(၁)ရပ်ကွက်၊ ဘက်ရဲမြို့တွင် အိမ်ငှားနေထိုင်သူ)
နဲ့  ပတ်သက်ပြီး ဘာသာရေးနဲ့ လူမျိုးရေးပြဿနာအဖြစ် သွေးထိုးရေးသားသူ လုပ်ကြံရေးသားသူများ ရေးသားချက်များကို တွေ့ ရှိပါက မသမာသူတို့ ရဲ့  ထောင်ချောက်ထဲ မ၀င်ရောက်ကြရန်နှင့် အဆိုပါ ပြဿနာဖန်တီးရေးသားသောသူများ၏ အကောင့်များအား ဘလော့လုပ်ရန်၊ ဖျက်ဆီးပစ်ရန်၊ တိုင်ကြားကြရန် တိုက်တွန်းအပ်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ခေါင်းဖြတ်သူ မည်သည့်ဘာသာဝင်ဖြစ်ပါစေ မည်သည့်လူမျိုးဖြစ်ပါစေ ဘာသာ လူမျိုးတို့ နှင့် လုံးဝမပတ်သက်ဘဲ ပြစ်မှုကျူးလွန်သူတစ်ယောက်အနေနဲ့ သာ တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူရန် ဖြစ်ပါတယ်။


No comments: