Sunday, July 26, 2015

ပြည်ပက ကြိုတင်မဲတွေကို စောင့်ကြည့် စစ်ဆေးဖို့  လိုအပ်နေပါတယ်။

ပြည်ပက ကြိုတင်မဲတွေကို စောင့်ကြည့် စစ်ဆေးဖို့  လိုအပ်နေပါတယ်။

ပြည်ပရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေရဲ့  ဆန္ဒမဲတွေ လုံခြုံရေးကို ဘယ်လိုဆောင်ရွက်ကြမှာလည်း၊

ပြည်ပရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေရဲ့  ဆန္ဒမဲတွေ အရေအတွက်ကို မှန်မှန်ကန်ကန် ဘယ်လို ထုတ်ပြန်ကြေညာမှာလည်း၊...

 ပြည်ပရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေရဲ့  ဆန္ဒမဲတွေကို မည်သူမှ မတွေ့ မမြင်ရလေအောင် ဘယ်လို စီစဉ်ထားသလည်း၊

ပြည်ပရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေရဲ့  ဆန္ဒမဲတွေကို ရေတွက်စီစစ်တဲ့နေရာမှာ ဘယ်သူတွေက ကြီးကြပ်ဆောင်ရွက်မှာလည်း၊

ပြည်ပရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေရဲ့  ဆန္ဒမဲတွေကို လိုရာဆွဲသုံးပြီး လိမ်ညာ ကလိမ်ကကျစ်ကျခံရမှု မရှိစေဖို့  စောင့်ကြည့်ခြင်းနဲ့  ရေတွက်စီစစ်ရာမှာ ပြည်သူလူထုဘက်က ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်သူပညာရှင်တွေ ပါဝင်ခွင့် ရရှိဖို့  အရေးကြီးပါတယ်။

မြန်မာနိုင်ငံအတွင်းက သေဆုံးသူတွေရဲ့  အမည်တွေ ပြည်တွင်းကမဲစာရင်းမှာ ပါရှိနေသလို၊ အဆိုပါ သေဆုံးသူတွေရဲ့  အမည်တွေကို နိုင်ငံရပ်ခြား ပြည်ပကိုရောက်ရှိနေကြတဲ့ မြန်မာလူမျိုးများစာရင်းတွေထဲမှာပါ ရောက်ရှိနေကြတယ်လို့  သတင်းတွေ ထွက်ပေါ်နေပါတယ်။

၂၁၀၅ ခုနှစ် ရွေးကောက်ပွဲမှာ သိန်းစိန်တို့  မဲလိမ်ဖို့  အမျိုးမျိုးထပ်မံကြိုးစားနေကြတာမို့  အထူးသဖြင့် ပြည်တွင်းပြည်ပ ကြိုတင်မဲများကို သေချာတိကျစွာ စောင့်ကြည့် စစ်ဆေးနိုင်ဖို့  အရေးတကြီး လိုအပ်ပါတယ်။



No comments: