Wednesday, July 15, 2015

သမ္မတလူကြမ်းအဖွဲ့ ။

သိန်းစိန်တို့ ရဲ့  လူရမ်းကား ရိုင်းစိုင်းသူများက ဒေသခံပြည်သူများအဖြစ် အယောင်ဆောင်။

ဖွတ်လဒကြီး သိန်းစိန်ကို ဒုတိယအကြိမ်သက်တမ်းအတွက် ဆက်လုပ်ဖို့  ထောက်ခံပါတယ်ဆိုပြီး သိန်းစိန်ပုံနဲ့  ကျေးလက်လူငယ်စာတန်းပါ အင်္ကျီအစိမ်းရောင်တွေကို အပေါ်ကနေ ထပ်ဝတ်ထားပြီး တန်းစီရပ်ပြနေခဲ့ကြတဲ့သူတွေဟာ တကယ်တန်း ဒေသခံကျေးလက်ပြည်သူတွေ မဟုတ်ဘဲ၊ ဘယ်နေရာ ဘာလုပ်လုပ်ဖို့  အကြမ်းဘက်ဖို့  ကြံ ဖွတ်ကို လော်ဘီလုပ်ပေးဖို့  ငှားရမ်းထားတဲ့ လူရမ်းကားတွေ ဖြစ်နေတယ်ဆိုတာ ဓါတ်ပုံတွေက သက်သေပြနေပါတယ်။

တစ်လောက ရန်ကုန်မြို...့ တော်ခမ်းမရှေ့  အကြမ်းဘက်လုပ်ရပ်တွေ လုပ်ခဲ့ကြတဲ့ တာဝန်လက်ပါတ်တွေနဲ့  သူတွေဟာ အခြားနေရာတွေမှာလည်း သိန်းစိန်တို့ က ခိုင်းတာကျွေး ပေးတာယူပြီး ရမ်းကားချင်သမျှ ရမ်းကားခွင့်ရနေတဲ့သူတွေ ဖြစ်နေပါတယ်။

သိန်းစိန်တို့ ရဲ့  ၀ါဒဖြန့် ချီရေးပွဲတွေမှာတင်မက ရဟန်းရှင်လူပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက်ရမ်းကား ရိုင်းစိုင်းစွာ ရိုက်ပုတ်သတ်ဖြတ်ကြတဲ့ အကြမ်းဘက်လုပ်ရပ်တွေကို သိန်းစိန်တို့ ရဲ့  လိုင်စင်ရ လူရမ်းကားတွေက ဒေသခံပြည်သူတွေပမာ အယောင်ဆောင်ပြီး လုပ်ပြနေတာ တကယ်တန်း နာမည်ပျက် အထင်လွဲခံရတာက အဆိုပါဒေသက ဒေသခံတွေပါ။ ထို့ အတူ မသိရင်တော့ အဆိုပါဒေသကဘဲ သိန်းစိန်တို့  အာဏာရူးဗိုလ်ချုပ်တွေနဲ့  ကြံ့ ဖွတ်ကို ထောက်ခံအားပေးနေသကဲ့သို့ လည်း ၀ါဒဖြန့် ချီနေကြတာ ဖြစ်ပါတယ်။

ဒီဓါတ်ပုံနှစ်ပုံထဲပါသူတွေဟာ သိန်းစိန်တို့ ရဲ့  လူရမ်းကား ရိုင်းစိုင်းသူတွေ ဖြစ်တယ်ဆိုတာ အများသိရှိစေရန် ဖော်ပြလိုက်ရပါတယ်။

(ဓါတ်ပုံ - ဇော်နိုင်လင်း)။


No comments: