Friday, July 10, 2015

မင်းအောင်လှိုင် ပုံစံခွက်နဲ့  စားပြရမှာ မဟုတ်ဖူး၊ ဖက်ရွက်နဲ့  စားပြရမှာ။

မင်းအောင်လှိုင် ပုံစံခွက်နဲ့  စားပြရမှာ မဟုတ်ဖူး၊ ဖက်ရွက်နဲ့  စားပြရမှာ။

မင်းအောင်လှိုင်က ပုံစံခွက်နဲ့ စားတယ်ဆိုပြီး အရူးထပြတဲ့ ဟန်ဆောင်လုပ်ရပ်ကို ပုံတွေဘာတွေနဲ့  ဖော်ပြတာ မြင်ရတော့ ဟာသတစ်ပုဒ်ပါဘဲ။ ခန်းမကြီးအတွင်းက စားပွဲမှာ ကျကျနနထိုင်ပြီး အသစ်ချွတ်ချွတ် ပြောင်လက်နေတဲ့ ပုံစံခွက်ကို ဇွန်းနဲ့  သေသေချာချာ ခပ်စားပြနေတာကို တကယ်ဘဲ အောက်ခြေတပ်မတော်သားတွေနဲ့ ဘဲ လက်ရည်တပြင်တည်းစားနေသလိုလို ချီမွန်းခန်းဖွင့်ပြတာများ ရီစရာဘဲ။ တပ်မတော်အတွင်းက အောက်ခြေရဲဘော်တွေ ဆင်းရဲငတ်ပြတ်နေကြတာ အများကြီးပါ။

နောက်တစ်ခါ ဒီလိုပုံတွေများတင်ချင်ရင်ဖြင့် ပေသလူးနေတဲ့ မြေကြီးပေါ်မှာ ထိုင်ချပြီး၊ အိုးမဲပေပွနေတဲ့ ဒန်အိုးစုတ်နဲ့  ချက်ထားတဲ့ ဆန်ကြမ်းမပျော့မနပ်နဲ့  ပန်းကန်မရှိ ဖက်ရွက်ပေါ်မှာ ပုံလူးပြီး လက်နဲ့ နယ် အားရပါးရ စားပြတဲ့ပုံလေး ရိုက်တင်ပါလို့ ။ ဒါဆိုရင် နည်နည်းဖြစ်နိုင်ခြေရှိပါသေးတယ်။




No comments: