Saturday, February 27, 2010

ပြောင်ပြောင်ကြားကြား ပျောက်ကြားဝတ်ကာ ပထွေးကို အဖေခေါ်နေတဲ့ သိန်းစိန်။

အပြည့်ဖတ်မည်...

နအဖ နေပြည်တော်မှာ လူတုတ်ကွေးရောဂါ ဖြစ်နေပြီ။



















နအဖနေပြည်တော် ရေပန်းဥယျာဉ် ရေပန်းကန်များ၊ သုံးထပ်ရေတံခွန်ကန်များ၊ ရေကူးကန်များတွင် AH1N1 virus တွေ့ရှိသောကြောင့် နေပြည်တော်ရေပန်းဥယျာဉ်ကို ခဏပိတ်ထားကြောင်း သိရှိရပါတယ်။

နေပြည်တော်တွင် လူတုတ်ကွေးရောဂါ ဖြစ်ပွားသူ (၁၀) ဦးထက်မနည်း ဖြစ်ပွားလျှက်ရှိကြောင်းလည်း သိရှိရပါတယ်။

နအဖအာဏာရူးတွေလည်း လူတုတ်ကွေးရောဂါကို စိုးရိမ်ကြောက်လှန့် နေကြပြီး လူအများပါဝင်သည့် ပွဲလမ်းသဘင်များကိုလည်း ယခုတစ်လောမှာ ရပ်ဆိုင်းထားကြောင်း သိရှိရပါတယ်။

အပြည့်ဖတ်မည်...

ဒေါ်အောင်ဆန်းစုကြည်အပေါ် နအဖမှ မတရားအကွက်ဆင်သည့် အမှုနှင့် ပတ်သက်၍ ပြောဆိုကြသော စကားသံများ။

Words

အပြည့်ဖတ်မည်...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) ၏ ဗဟိုကော်မီတီဝင်စာရင်း (ဖေဖေါ်ဝါရီလ ၂၅ ရက်၊ ၂၀၁၀ ခုနှစ်)။
















NLD CC Final List 250210

အပြည့်ဖတ်မည်...

မြိုဆို့ တော်မူသော မြိုတော်ဝန်ကြီး။























(က)။

လမ်းတွေ ဘာကြောင့် ပျက်ရတယ်၊
ရေမြောင်းတွေ ပိတ်လို့  ပျက်ရတယ်။

ရေမြောင်းတွေ ဘာလို့  ပိတ်ရတယ်၊
အမှိုက်တွေ ဆို့ လို့  ပိတ်ရတယ်။

အမှိုက်တွေ ဘာလို့  ဆို့ ရတယ်၊
အမှိုက်တွေ ပြည့်နှက်နေလို့  ဆို့ ရတယ်။

အမှိုက်တွေ ဘာလို့  ပြည့်နှက်တယ်၊
စည်ပင်သာယာ မသိမ်းလို့  ပျက်ရတယ်။

စည်ပင်သာယာ ဘာလို့  မသိမ်းတယ်၊
စည်ပင်လုပ်ငန်း မလုပ်ကြလို့  မသိမ်းတယ်။

စည်ပင်လုပ်ငန်း ဘာလို့  မလုပ်တယ်၊
ဘတ်ဂျတ်ပိုက်ဆံ ဘုံးကြဖို့ သာ လုပ်ကြတယ်။

ဘတ်ဂျက်ပိုက်ဆံ ဘာလို့  ဘုံးကြတယ်၊
မြို့ တော်ဝန်ကအစ ဘုံးလို့  ဘုံးကြတယ် ……

(ခ)။

ဈေးတွေ ဘာလို့  မီးလောင်တယ်၊
မီးဘေး မကာကွယ်လို့  လောင်ရတယ်။

မီးဘေးဘာလို့  မကာကွယ်ရတယ်၊
မီးသတ်ဌာန အလုပ်မလုပ်လို့  မကာကွယ်ရတယ်။

မီးသတ်ဌာန ဘာလို့  အလုပ် မလုပ်တယ်၊
ဘတ်ဂျတ်ပိုက်ဆံ ဘုံးကြဖို့ သာ လုပ်ကြတယ်။

ဘတ်ဂျက်ပိုက်ဆံ ဘာလို့  ဘုံးကြတယ်၊
မြို့ တော်ဝန်ကအစ ဘုံးလို့  ဘုံးကြတယ် ……

(ဂ)။

ရေတွေ ဘာလို့  မလာတယ်၊
ရေပေးဝေမှု မလုံလောက်လို့  မလာတယ်။

ရေပေးဝေမှု ဘာလို့  မလုံလောက်တယ်၊
သောက်ရေကန်တွေ မတည်ဆောက်လို့  မလောက်တယ်။

သောက်ရေကန်တွေ ဘာလို့  မတည်ဆောက်တယ်၊
ဘတ်ဂျက်ပိုက်ဆံ မရှိကြလို့  မဆောက်ရတယ်။

ဘတ်ဂျက်ပိုက်ဆံ ဘာလို့  မရှိတယ်၊
မြို့ တော်ဝန်ကြီး ဘုံးလို့  မရှိရတယ် ….

(ဃ)။

မြန်မာနိုင်ငံကြီး ဘာလို့  မှောင်ရတယ်၊
လျှပ်စစ်မီးတွေ မလာလို့  မှောင်ရတယ်။

လျှပ်စစ်မီးတွေ ဘာလို့  မလာရတယ်၊
ဓါတ်အားလျှပ်စစ် မဝေနိုင်လို့  မလာရတယ်။

လျှပ်စစ်ဓါတ်အားတွေ ဘာလို့  မဝေနိုင်တယ်၊
မြို့ တော်ဝန်ကြီး အလုပ်မလုပ်လို့  မဝေနိုင်တယ်။

မြို့ တော်ဝန်ကြီး ဘာလို့  အလုပ်မလုပ်တယ်၊
တပ်ချူပ်ကြီးကို ဖားနေရလို့  မလုပ်နိုင်တယ်။

မြို့ တော်ဝန်ကြီး …. မြို့ တော်ဝန်ကြီး ….
မြို (ဆို့ ) တော် (မူသော) မြို့ တော်ဝန်ကြီး …. ။

အပြည့်ဖတ်မည်...

Friday, February 26, 2010

အဓမ္မ၀ါဒီ နအဖအာဏာရူးတွေကြောင့် ရွှေတိဂုံစေတီတော်မြတ်ကြီးလည်း ယမ်းငွေ့ ဖုံးလွှမ်းရတယ်။

ရွှေတိဂုံစေတီတော်မြတ်ကြီး။
























ဒဏ္ဍာရီအဆိုအရ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ထားခဲ့ပါတယ် လို့ပြောကြပါတယ်။ ဗိသုကာပညာရှင်တွေကတော့ စေတီတော် ရဲ့ Stupa လက်ရာတွေအရ ၆ ရာစု နဲ့ ၇ ရာစုကြားက မွန်တွေ တည်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ (မှတ်ချက်။ အမှန်က ယခုဖူးမြင်နေရသော ဥာဏ် တော်အမြင့် ၃၂၀ ပေကျော်မှာ မွန်မိဘုရားကြီးရှင်စောပု လက်ထက်က တည်ထားခဲ့ခြင်းဖြစ်သည်။ အပြင်ပန်း နှင့် ဓါတ်တော်သမိုင်းကို ခွဲခြားသိရန်လိုသည်။)

ရှေးပညာရှိများနှင့် ကျမ်းဂန်အထောက်အထားများအရ ဗုဒ္ဓပရိနိဗ္ဗာန်မပြုခင်ကာလ (BC 486) ကတည်းက တည်ထားခဲ့ကြောင်း သိရပါတယ်။ ဒီစေတီရဲ့ မူလအစကတော့ ရာမညတိုင်းမှ ကုန်သည်နှစ်ဦးဖြစ်တဲ့ တဖုဿ နှင့် ဘလ္လိက ညီနောင်တို့ကို မြတ်ဗုဒ္ဓက ဆံတော်ရှစ်ဆူ ပေးသနားခြင်းမှစခဲ့ပါတယ်။ ညီနောင်နှစ်ပါးဟာ ဥက္က လာပမင်းကြီးရဲ့ အကူအညီနဲ့ သိဂုတ္တရတောင်ပေါ်မှာ ဆံတော် (၄) ဆူကို ရှေးရှေးသော ဘဒ္ဒကမ္ဘာမှ ဘုရား ၃ ဆူရဲ့ ဓါတ်တော်များကိုပါ စုပေါင်းပြီး ရွှေတိဂုံစေတီတော်အတွင်း ဠာပနာသွင်း လှူဒါန်းတည်ထားခဲ့ပါတယ်။

ဓါတ်တော်ကြုတ်ကနေ ဠာပနာဖို့ ဆံတော်ကိုယူတဲ့အခါမှာ မယုံနိုင်သော ထူးခြားဆန်းကြယ်မှုတွေ ဖြစ်ခဲ့ပါ တယ်။

ဗုဒ္ဓ၏ မြင့်မြတ်တဲ့ ဆံတော်ကနေထွက်လာတဲ့ ရောင်ခြည်တော်တွေဟာဆိုရင်ဖြင့် အထက်ဘ၀ဂ်မှအောက်န ရက်၊ ငရဲပြည်အထိတိုင်အောင်ပါဘဲ။ မြတ်ဗုဒ္ဓ၏ တန်ခိုးတော်အစွမ်းသတ္တိတွေကြောင့် မျက်မမြင်တွေ စက္ခု အလင်းပြန်ရခဲ့ကြတယ်။ နားပင်သူတွေ ကြားနိုင်ကြသလို ဆွံ့အသူတွေလည်း ပြန်ကောင်းလာကြပါတယ်။ ကမ္ဘာမြေကြီးသိမ့်သိမ့်တုန်အောင် တုန်လှုပ်ခဲ့ပြီး လေပြင်းမုန်တိုင်းတွေ ပင်လယ်ပြင်မှာ ကျရောက်ခဲ့ပါတယ်။ မေယုတောင်ကြီးတခုလုံး တုန်လှုပ်ခဲ့ပြီး လျှပ်စီးတွေလက်ပါတယ်။ ဒူးထိနစ်အောင်မိုးတွေရွာသွန်းပြီး အချိန်ရာ သီမဟုတ်ဘဲ ဟိမ၀န္တာတောင်တန်းမှ ပန်းပေါင်းစုံ၊ သစ်သီးမျိုးစုံ ဖူးပွင့်၊ သီးလာကြပါတော့တယ်။

သမိုင်းကိုပြန်ကောက်ရရင် မွန်ဘုရင်ဘုရားဦး မတိုင်ခင် လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ကဆိုရင် စေတီတော်ဟာ ယိုယွင်းလာခဲ့ပါတယ်။ ယခင်ဥာဏ်တော်ဟာ (၁၈) မီတာ ( ပေ ၆၀ ) သာ ရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက်ပြု ပြင်မွမ်းမံခဲ့ရာ ယခုဖူးမြင်နေရသော ဥာဏ်တော်အမြင့် ( ၉၈ မီတာ ) ( ပေ ၃၂၀ ) ဟာ ၁၅ရာစုကမှဖြစ်ပါတယ်။ မွန်ဘုရင့် နိုင်ငံတော်ခေတ်မှာ ကြီးမားတဲ့ စေတီတော်ကြီး နှစ်ဆူဖြစ်တဲ့ ရွှေတိဂုံ နှင့် ရွှေမော်ဓော စေတီတော်ကြီးများကို ပြန်လည်မွမ်းမံတည်နိုင်ခဲ့ကြပါတယ်။

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီဟာ အစပထမက ၂၇ ပေသာ ဥာဏ်တော်အမြင့်ရှိခဲ့ရာမှ မွန်ဘုရင်ဗညားဦးက ၁၃၆၂ မှာ ဥာဏ်တော် ၆၆ ပေထိ မြှင့်တင်တည်ခဲ့ပါတယ်။ ဓမ္မစေတီမင်း ရဲ့ ဆွေတော်မျိုးတော်ကြီးဖြစ်တဲ့ ယောက္ခမတော် ကြီး မိဖုရား ရှင်စောပု ( ၁၄၅၃-၇၂) က ဥာဏ်တော်အမြင့် မီတာ ၄၀ ( ပေ ၁၂၉ ) ကို မြှင့်တင်ခဲ့ပါတော့တယ်။

၁၄၇၂ မှာ မိဖုရားကြီးရှင်စောပု က ဓမ္မစေတီမင်းကို နန်းအပ်ပြီး အငြိမ်းစားယူရန် ဒဂုံ ( ယ္ခု ရန်ကုန် ) ကို ဆင်း လာခဲ့ပါတယ်။ သူမ မသေခင်ခေါင်းချရာနေရာကနေ ရွှေရောင်တ၀င်းဝင်းနဲ့ မြင့်မြတ်တဲ့စေတီတော်ကြီးကို ဖူး မြင်လိုစိတ်ရှိခဲ့ပါတယ်။ ၁၆ ရာစုနှစ်မှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံအတွင်း လူသိအများ ဆုံး ဘုရားဖူးနေရာဖြစ်လာပါတော့သည်။

နောက်ပိုင်းရာစုတွေအတွင်း ငလျင်ဒဏ်အကြိမ်ကြိမ်ခံစားရလို့ ပျက်စီးယိုယွင်းလာခဲ့ပါတယ်။ အဆိုးဆုံးပျက်စီးမှု ကတော့ ၁၇၆၈ ကလှုပ်ခဲ့သော ငလျင်ကြောင့်ဖြစ်ပြီး စေတီအထက်ပစ္စယံ မြေခခဲ့ပါတယ်။ ဆင်ဖြူရှင်မင်းက ပြန်လည်ပြုပြင်တည်ထားခဲ့ပါတယ်။ ယခုဖူးမြင်နေရသော ထီးတော်သစ်ကိုတော့ မင်းတုန်းမင်း ၁၈၇၁ က တည် ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်ဟာ မြန်မာနိုင်ငံအောက်ပိုင်းတစ်ခုလုံး ( ရန်ကုန် အပါအ၀င် ) ကို အင်္ဂလိပ်က သိမ်းပိုက်ထားတဲ့အချိန်ဖြစ်ပါတယ်။ ( ၁၈၅၂ မှာ ဒုတိယ အင်္ဂလိပ်၊ မြန်မာစစ်ဖြစ် )။

၁၉၇၀ မှာ မြေငလျင်ကြောင့် ထီးတော်စောင်းသွားခဲ့ပါတယ်။ ၁၉၄၅ ဒုတိယကမ္ဘာစစ်ကြီးကာလကလည်း ငြမ်း တည်ဆောက်ခြင်း နှင့် အကြီးစားပြင်ဆင်မှု လုပ်ခဲ့ပါတယ်။

ဒီဇိုင်း။

သိဂုတ္တရရင်ပြင်ပေါ်ရှိ စေတီတော်၏ ရင်ပြင်ပေါ်ရောက်ရန် ၀င်ပေါက်မုခ်လေးမုခ်ရှိပါတယ်။ ၀င်ပေါက်တိုင်းမှာ ခြင်္သေ့ရုပ်တစ်စုံစီဖြင့် စောင့်ကြပ်ထားပါတယ်။ အောက်ပစ္စယံကို ရွှေချထားသော အုတ်များဖြင့် တည်ထားပါ တယ်။ အထက်ပစ္စယံကိုတော့ ဘုန်းကြီး နှင့် အမျိုးသားများဟာ တတ်ရောက်နိုင်ကြပါတယ်။ နောက် ခေါင်း လောင်းပုံသဏ္ဍာန်ဖြစ်ပါတယ်။ ဒီအထက်က ဖောင်းရစ် (turnban) ၊ နောက် “ သပိတ် ” ပုံ၊ နောက် “ ကြာ မှောက် ကြာလှန် ” ၊ နောက် “ ငှက်ပျောဖူး ” ပုံ ၊ နောက် “ သရဖူ “ ပုံ ၊ နောက် စိန်ပေါင်း ၅၄၄၈ နှင့် ပတ္တမြား ၂၃၁၇ လုံး စီခြယ်သထားသော ထီးတော်၊ နောက်ဆုံးမှာတော့ ၇၆ ကာရက် ( ၁၅ ဂရမ် ) အရေအသွေးရှိ စိန်ဖူး တော် ဘဲ ဖြစ်ပါတယ်။

အထက်ပစ္စယံရှိ ရွှေတွေကတော့ ရွှေစစ်စစ်တွေဖြစ်ပုံရပြီး မူလီစုပ်ထားပါတယ်။ မြန်မာပြည်အနှံ့အပြားရှိ ပြည် သူများနဲ့ ဘုရင်များမကျန် စေတီတော်ကြီး အထွန့်ရှည် ထိန်းသိမ်းနိုင်ရန် လှူဒါန်းခဲ့ကြပါတယ်။ ၁၅ ရာစုနှစ်က မွန်မိဖုရားကြီး ရှင်စောပု ဟာ သူမ၏ ကိုယ်အလေးချိန်နှင့်ညီမျှတဲ့ ရွှေစင်ကို စေတီတော်ကြီးအတွက် လှူဒါန်း ခဲ့ပါတယ်။

ထုံးတမ်းအစဉ်အလာ။

အခြားစိတ်ဝင်စားဖွယ်တစ်ခုကတော့ ဂြိုဟ်ခုံ နဲ့ ဂြိုဟ်ရုပ်တွေဘဲ ဖြစ်ပါတယ်။ ဥပမာ - အင်္ဂါနေ့မှာ ဖွားမြင်သူများဟာ အင်္ဂါထောင့်မှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မှာ ရေသပ္ပါယ်ခြင်း၊ လှူဖွယ်ပစ္စည်းများ လှူ ဒါန်းခြင်း နဲ့ ဆုတောင်းမှုများ ပြုကြပါတယ်။

ဗုဒ္ဓဘာသာအများစုဟာ စေတီတော်ကို လက်ယာရစ် (clockwise) လှည့်ပတ်ပူဇော်ကြတာများပါတယ်။ နေ့ရှစ် ရက်အတွက် ရှစ်တိုင် နှင့် ဂြိုဟ်သင်္ကေတရုပ် ၈ ရုပ်ရှိပါတယ်။

တနင်္လာသားသမီးအတွက် ( ကျားရုပ်)၊

အင်္ဂါသားသမီးအတွက် ( ခြင်္သေ့ )၊

ဗုဒ္ဓဟူးသားသမီးအတွက် ( ဆင် )၊

ကာသပတေးသားသမီးအတွက် ( ကြွက် )၊

သောကြာသားသမီးအတွက် ( ပူး )၊

စနေသားသမီးအတွက် ( နဂါး )၊

တနင်္ဂနွေသားသမီးအတွက် ( ဂဠုန် )၊

ရာဟုသားသမီးအတွက် (ဗုဒ္ဓဟူး ညမွေး ) ( ဟိုင်းဆင် ) အဆွယ်မပါ။

အရုပ်တစ်ခုချင်းစီအပေါ်တွင် ဂြိုဟ်မင်းဟု သတ်မှတ်သော နတ်ရုပ်များ ရှိသည်။

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသော မြန်မာလူမျိုးအများစုမှာ ဟိန္ဒူဗြဟ္မာဏ မှ ဆင်းသက်သော ဗေဒင် ပညာရပ်၊ နက္ခတ်ဗေဒပညာရပ်များကိုလည်း ယုံကြည်ကြ၍ ဂြိုဟ်တိုင်များတွင် လူများဖြင့် စည်ကားနေသည်။

ဗေဒင်နက္ခတ်ပညာရှင်များ၏ အကြံပေးမှုကြောင့်လည်း လှူဒါန်းရန် နှင့် ယတြာချေရန်အတွက်လည်း လာ ရောက်ကြသည်။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအများမှာ ဘုရားကျောင်းကန်သို့ သွားခြင့်ဖြင့် သူတို့ခံစားနေရသော စိတ်သောက ဝေဒနာများ သက်သာပျောက်ကင်းသွားတယ်လို့ ခံစားကြတယ်။ ထို့ပြင် ဘုရားကျောင်းကန်တွေမှာ မြင့်မြတ်ပြီး အကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်တွေရှိပြီး ဗုဒ္ဓကို ရည်မှတ်ပြီး တည်ထားကိုးကွယ်ထားတဲ့ စေတီ ၄ မျိုး ကို ဖူးမြင်ရပြီး ဘုရားရဲ့ ဂုဏ်တော်၊ တရားရဲ့ ဂုဏ်တော်၊ သံဃာရဲ့ ဂုဏ်တော် များကို ပိုမိုဆင်ခြင်မိပြီး ကုသိုလ်ကောင်းမှုတွေ လည်း လုပ်နိုင်လို့ အလွန်ကောင်းမြတ်ခြင်းလို့ ယုံကြည်ကြပါတယ်။

ကမ္ဘာ့စာပေထဲက ရွှေတိဂုံ။

အင်္ဂလိပ်ကဗျာဆရာကြီး ရုဒ်ကပလန် ( Rudyard Kipling) က ၁၈၈၉ မှာ ရွှေတိဂုံ သို့ ရောက်ရှိလာခဲ့ပြီး နောက် ၁၀ နှစ်ကြာတဲ့ ၁၈၉၉ မှာ သူ၏ “ From sea to sea and other Sketches ” ခရီးသွားဆောင်းပါး အတွဲ ၁ မှာ ရွှေတိဂုံစေတီတော်ကြီး နှင့် ပတ်သတ်ပြီး မှတ်တမ်းတင်ဂုဏ်ပြုထားပါတယ်။

ကပလင်း (Kapling) က -

ရွှေရောင်တ၀င်းဝင်းနှင့် အင်မတန်ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ဂမ္ဘီရဆန် ရွှေတုံးကြီးဟာ မိုးကုတ်စက်ဝိုင်း ထက်မြင့်မြင့်မားမားထွက်လို့ နေရောင်အောက်မှာ တဖျက်ဖျက် နှင့် သူ့ပုံသဏ္ဍာန်ကတော့ ဟိန္ဒူဘုရားကျောင်း တွေနဲ့လည်းမတူ၊ မွတ်စလင်ဗလီတွေနဲ့လည်း အသွင်ကွဲ၊ တမူထူးလို့ တင့်တယ်ဖွယ်အတိနဲ့ စိမ်းလဲ့လဲ့ တောင် ကုန်းပေါ်မှာ မားမားကြီးတည်လို့နေ။ အခြားလူနေအိမ်အဆောက်အဦးတွေ၊ ချုံဖုတ်တွေ နဲ့ စက်ရုံများရယ် သူ့ အောက်ခြေ၀ယ် အစီအရီပေါ့။ ကျွန်ုပ်စိတ်ဝယ် အင်္ဂလိပ်တို့ရဲ့ နတ်ဘုရားအသစ်တစ်ပါး ထိုင်နေရော့သလား အံ့ချီးဖွယ် တွေးထိမိတဲ့စိတ်ကို မထိန်းချုပ်နိုင်အောင်ဖြစ်ရပါရဲ့ ….. လို့ ဖွဲ့ဆိုထားပါတယ်။

သူကဆက်လက်ပြီး ရွှေတိဂုံပေါ့လို့ ကျွန်တော့်မိတ်ဆွေကပြောတော့ “ အံ့ဖွယ်အတိ ” လို့ စိတ်ထဲကပြောမိ တယ်။ ဒါပေမယ့် အဲ့ဒါဟာ ကျိန်တွယ်ပြောစရာမလိုတဲ့ အရာတစ်ခုပါ။ ( တကယ်မျက်မြင်ဖြစ်လို့ )။ အဲ့ဒီ အံ့ချီး ဖွယ်အရာထဲက ကျွန်တော့်ကို ရန်ကုန်ကိုလာစေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒုတိယကတော့ ကမ္ဘာမြေပေါ်က အချမ်းသာဆုံး နဲ့ ရှားပါးတဲ့အရာတွေရှိနေလို့။

စန္ဒကူးပန်းရနံ့တွေ ထုံသင်းနေတဲ့ နံသာမြိုင်တောကြီးတွေနဲ့ အသွင်ဆန်း၊ အဆင်ခြားနေတဲ့ ဒီရွှေမြေမှာ ကျွန်ုပ် ၏ မျက်စိပသာဒ မှာ မဆုံးနိုင်၊ မပြီးနိုင် ဖြစ်ခဲ့ရပေါ့။ ရွှေအတိနဲ့အဆောက်အအုံကြီးကတော့ ပြောတယ် “ ဒါဟာ မြန်မာပြည်တဲ့၊ မင်းတို့သိတဲ့ အခြားနယ်မြေတွေနဲ့ လားလားမျှ မတူနိုင်ဘူးတဲ့။ ” “ အဲ့ဒါဟာ အလွန်ကျော်ကြား တဲ့ ဘုရားကျောင်းအိုကြီးတစ်ခုပေါ့ ” လို့ ကျွန်တော့်မိတ်ဆွေက ရှင်းပြတယ်။ ယခုအခါ တောင်ငူ၊ မန္တလေး လမ်းဖွင့်ပြီဖြစ်လို့ အနယ်နယ်အရပ်ရပ်က ထောင်ပေါင်းများစွာသော ဘုရားဖူးတွေ လာရောက်ဖူးမျှော်နိုင်ပြီ ဖြစ်သည်တဲ့။ သူတို့အဆို “ ထီးတော် ” လို့ခေါ်တဲ့ တန်ဖိုးကြီးပြီး ထိပ်နားကတင်ထားတဲ့ အရာကတော့ ငလျင် ဒဏ်ကြောင့် မဲ့နေတယ်။ တတိယမြောက် ထီးတော်ကို ပြန်တင်မလို့ ၀ါးတွေနဲ့ခြံရံပြီး လုပ်နေတာကိုတွေ့ခဲ့ရပါ တယ်။ အဲ့ဒါတွေ ဖယ်ရှားလိုက်ရင်တော့ သင်တို့တွေ ပြန်တွေ့ရတော့မှာပါ။ အခုအခါမှာတော့ ရွှေရောင်တဖျက် ဖျက် နဲ့ ပြန်လည်တင့်တယ်နေပါပြီ ….. လို့ မှတ်တမ်းတင်ထားပါတယ်။

စစ်ဘေး နဲ့ ကျူးကျော်မှု။

၁၆၀၈ ခုနှစ်မှာတော့ ငဇင်ကာ လို့ ခေါ်တဲ့ ပေါ်တူဂီလူမျိုး နယ်မြေသစ်ရှာသူ ဖိလစ်ဒပရစ်တို ဟာ ရွှေတိဂုံစေတီ တော်ကြီးကို ဖျက်ဆီးခဲ့ပါတယ်။ သူ့လူတွေဟာ မိဖုရားကြီး ရှင်စောပု ကို နန်းဆက်ခံတဲ့ ဓမ္မစေတီမင်း ၁၄၈၅ မှာ လှူဒါန်းခဲ့တဲ့ တန်ချိန် ၃၀၀ နီးပါးရှိ ဓမ္မစေတီခေါင်းလောင်းကြီးကို ယူဆောင်သွားခဲ့ပါတယ်။ ဒီပရစ်တိုက တော့ ပဲခူးကိုဖြတ်ချိန်မှာ ခေါင်းလောင်းတော်ကြီးရေထဲကျသွားခဲ့ပါတယ်။ ယခုချိန်ထိ ပြန်လည်ဆယ်ယူလို့ မရ သေးပါဘူး။

စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီး။

၁၈၂၄ မေ ၁၁ မှာ အင်္ဂလိပ်တွေ မြန်မာပြည်ကို ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲကြီး အတွင်းရောက်ရှိလာပြီး ရွှေတိ ဂုံဘုရားကို သိမ်းပိုက်ခဲ့ပါတယ်။ သူတို့ဟာ မထွက်ခွာမီ နှစ်နှစ်အတွင်း ရွှေတိဂုံစေတီတော်ကြီးကို ခံတပ်တစ်ခု အဖြစ် အသုံးပြုခဲ့ပါတယ်။ သူတို့ဟာ လုယက်ဖျက်ဆီးသူတွေ။ လူရမ်းကားတွေ ဖြစ်ကြပါတယ်။ အရာရှိတ ယောက်ဆိုရင် စေတီတော်ကြီး၏ အောက်ကို ဥမင်လိုဏ်ခေါင်းတူးပြီး ယမ်းမှုန့်၊ ယမ်းတောင့်များကို ရှာဖွေရန် ကြိုးစားခဲ့ပါတယ်။ စဥ့်ကူးမင်း ၁၇၇၉ မှာ သွန်းလုပ်လှူဒါန်းခဲ့တဲ့ တန်ချိန် ၂၃ တန်ရှိ မဟာဂန္ဓခေါင်းလောင်းအ မည်ရှိ စဥ့်ကူးမင်းခေါင်းလောင်းတော်ကြီးကို အင်္ဂလိပ်တပ်တွေက ကာလကတ္တားကို သင်္ဘောနဲ့ အရည်ကျိုဖို့ သယ်သွားခဲ့ပါတယ်။ အဲ့ဒီခေါင်းလောင်းတော်ကြီးဟာလည်း ဓမ္မစေတီခေါင်းလောင်းနည်းတူ ရေထဲကျခဲ့ပါတယ် အင်္ဂလိပ်တပ်တွေက ပြန်လည်ဆယ်ယူရန် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ပိုင်း ပြည်သူတွေက စေတီတော်ကြီးမှာ ပြန်လည်ထားရန် ကြိုးပမ်းကူညီနိုင်ခဲ့ပါတယ်။

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ( ၁၉၅၂ ) မှာ အင်္ဂလိပ်တွေ ရွှေတိဂုံကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး နှစ်ပေါင်း ၇၇ နှစ် ကြာ ၁၉၂၉ အထိ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေကို လာရောက်ဖူးမျှော်ခွင့်ပြုခဲ့ကြပါတယ်။

ရွှေတိဂုံစေတီတော်ကြီး နဲ့ မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍ။

၁၉၂၀ ပထမကျောင်းသားသပိတ်မှောက်ဖို့ တက္ကသိုလ်ကျောင်းသားကြီးများဟာ ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ် မှာဘဲ စုဝေးတိုင်ပင်ပြီး တက္ကသိုလ်အက်ဥပဒေကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ တက္ကသိုလ်ကျောင်း သားကြီးများ စုဝေးတိုင်ပင်ခဲ့တဲ့နေရာကို အမှတ်တရာ ကမ္ဗည်းကျောက်တိုင် ထိုးထားပါတယ်။ ထိုသပိတ်ကြီး ကြောင့်ဘဲ အမျိုးသားကျောင်းတွေ ပေါ်လာခဲ့ရပြီး ပထမကျောင်းသားသပိတ်စတင်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

၁၉၃၆ ဒုတိယကျောင်းသားသပိတ်အတွင်းကာလမှာလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးဟာ သပိတ်စခန်းတည် ရာဖြစ်ခဲ့ပါတယ်။

၁၉၃၈ မှာ မြန်မာနိုင်ငံအလယ်ပိုင်း ချောက် နှင့် ရေနံချောင်း ရေနံမြေအလုပ်သမားထုကြီး သပိတ်မှောက်ဆန္ဒပြ ပြီး ရန်ကုန်ကို ချီတတ်လာခဲ့ရာမှာလည်း ရွှေတိဂုံစေတီတော်ကြီးမှာ သပိတ်စခန်းလုပ်ခဲ့ပါသေးတယ်။ ဒီသပိတ် ဟာ ပြည်သူကော ကျောင်းသားတွေကပါ ထောက်ခံမှုကြောင့် ၁၃၀၀ ပြည့် အရေးတော်ပုံကြီး အဖြစ် တွင်ခဲ့ပါ တယ်။

ယခင်က အင်္ဂလိပ်လူမျိုးနဲ့အခြား အင်္ဂလိပ်အာဏာပိုင်များဟာ ဖိနပ်မချွတ်ဘဲ ဘုရားရင်ပြင်တော်ပေါ်သို့ တတ် ရောက်ကြပါတယ်။ မြန်မာတို့က အမျိုးသားရေးစိတ်ဓါတ်အပြည့်နဲ့ ဆန့်ကျင်တောင်းဆိုခဲ့လို့ ၁၉၁၉ မှာ အင်္ဂလိပ် က ဥပဒေ ထုတ်ပေးခဲ့ရပါတယ်။

၁၉၄၆ ဇန်န၀ါရီ ဟာ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဟာ သမိုင်းဝင်လှတဲ့ ရွှေတိဂုံအလယ်ပစ္စ ယံ လူထုအစည်းအဝေးပွဲကြီးကို ကျင်းပပြီး လွတ်လပ်ရေးအတွက် သမိုင်းဝင် မိန့်ခွန်းကို ပြောခဲ့ပါတယ်။

၁၉၈၈ မှာတော့ ဗိုလ်ချုပ်သမီးဒေါ်အောင်ဆန်းစုကြည် ဟာလည်း လူထု ၅ သိန်းကျော်ကို ရွှေတိဂုံစေတီတော် ရင်ပြင်ကြီးမှာ ဒီမိုကရေစီရေးအတွက် မိန့်ခွန်းခြွေခဲ့ပါတယ်။

သံဃာတော်များ၏ စက်တင်ဘာ ငြိမ်းချမ်းစွားလှုပ်ရှားမှု။

၂၀၀၇ စက်တင်ဘာလမှာ လူထုတွေရဲ့စားဝတ်နေရေး ကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်း အဆမတန်ကြီးမားမှု ကြောင့် နေရာအနှံ့အပြားမှာ သံဃာတော်များ ဦးဆောင်ပြီး လူထုဆန္ဒပြပွဲကြီးများ ဖြစ်ခဲ့ပါတယ်။

၂၀၀၇ စက်တင်ဘာ ၂၄ ရက်နေ့မှာ ၂၀၀၀၀ ကျော်ခန့်ရှိသော သံဃာတော်များ နှင့် သီလရှင်များဟာ ရွှေတိဂုံ ဘုရားသို့ ချီတတ်ပြီး လူထုအတွက် ဘာသာ၊ သာသနာအတွက် စုရုံးပြီး မိစ္ဆာစစ်အာဏာရှင်တွေကို မလိုလား ကြောင်း ငြိမ်းချမ်းစွာ မေတ္တာပို့ဆုတောင်းခဲ့ကြပါတယ်။ နောက်နေ့များမှာလည်း သံဃာတော် ၁၅၀၀၀ ကျော် ဦးဆောင်တဲ့ လူထု ၃၀၀၀၀ ကျော်ဟာ ရွှေတိဂုံစေတီတော်ကြီးမှ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရုံးရှေ့ကို ဖြတ်ပြီး ချီတတ်ခဲ့ပါတယ်။ နောက်နေ့တွေမှာတော့ ရဟန်းသံဃာတော်များမှာ မတရား ဖမ်းဆီးနေအိမ်အကျယ်ချုပ်ကျခံနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ရဲရဲဝံ့ဝံ့ ချီတတ် မေတ္တာပို့ပေးခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာ ၂၅ မှာ သံဃာတော် ၂၀၀၀ ခန့်နှင့် ထောက်ခံသူများကို မိစ္ဆာစစ် အာဏာပိုင်များက ခြိမ်းခြောက်သတိပေးခဲ့ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက်ပါးစေများဟာ ရွှေတိဂုံစေတီ တော်ကြီး နှင့် အခြား ရန်ကုန်မြို့ရှိနေရာများမှာ စစ်တပ်တွေ လက်နက်အပြည့်အစုံနဲ့ ချထားပါတယ်။

၂၀၀၇ စက်တင်ဘာ ၂၆ မှာတော့ လုံခြုံရေးတပ်တွေက ရက်စက်စွာ ပစ်ခတ်နှိမ်နှင်းလို့ ငြိမ်းချမ်းစွာဆန္ဒဖော် ထုတ်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ လူအများလေးစားကြည်ညိုရတဲ့ မြင့်မြတ်လှတဲ့ နယ်မြေဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီးမှာတောင် မကောင်းဆိုးဝါးဝင်စီးနေသော စစ်မိစ္ဆာအာဏာရှင်များ နှင့် လက်ပါးစေများ ဟာ ရဟန်းသံဃာတော်။ သီလရှင်၊ ကျောင်းသား၊ သက်ကြီးရွယ်အိုများပါမကျန် အားလုံးကို အကြမ်းဖတ်ပစ် ခတ်၊ ဖမ်းဆီး၊ ရိုက်နှက်၊ သတ်ဖြတ် ကြပါတယ်။ မြန်မာသမိုင်းမှာကော၊ ကမ္ဘာ့သမိုင်းမှာပါ အကျည်းတန်ဆုံး၊ အယုတ်မာဆုံးဖြစ်တဲ့ ဘာသာ၊ သာသနာ၊ စော်ကားမှုကြီးကို ဗုဒ္ဓဘာသာဝင်တွေ အားကိုးယုံကြည် ကြည်ညိုရ တဲ့ ရွှေတိဂုံစေတီတော်ကြီးမှာပါ နအဖစစ်အာဏာရှင်များက သက်သေပြ မော်ကွန်းတင်လိုက်ခဲ့ပါပြီ။ မြင့်မြတ်တဲ့ သာသနာ့နယ်မြေမှာ ရဟန်းရှင်လူ တို့ရဲ့ သွေး စွန်းပေခဲ့ရပါပြီ။ အာဏာကို ပူဇော်ကန်တော့နေတဲ့ စစ်အာဏာ ရှင်တို့က ပန်းပေါင်းနံ့သာတွေနဲ့ အသရေရွမ်းတင့်တယ်နေတဲ့ ရွှေတိဂုံစေတီတော်ကြီးကို သူတို့ရဲ့ လူသတ် လက်နက် ယမ်းငွေ့မီးလောင်ဗုံးတွေနဲ့ လိမ်းကြံခဲ့ကြပါတယ်။

ဘာသာခြားလူမျိုးခြား နယ်ချဲ့သူတွေလက်ထက်က ယခုလို သာသနာနယ်မြေမှာ သွေးမြေမကျခဲ့ပါဘူး။ ယခု အာဏာရူး နအဖ စစ်အာဏာရှင်လက်ထက်ကျမှ ဘုရားရှင်လက်ထက်ကတည်းက အသရေရွှန်းတင့်တယ်ခဲ့ သော ရွှေတိဂုံစေတီတော်ကြီး အပါအ၀င် မြန်မာနိုင်ငံအနှံ့ဘုရားစေတီတော်များ၊ ကျောင်းကန်အားလုံးဟာ ပျက်ဆီးခဲ့ရပါတယ်။ စစ်အာဏာရှင်လက်ပါးစေများဟာ သူတို့အာဏာမြဲဖို့အတွက် ရွှေတိဂုံအပါအ၀င် စေတီပု ထိုးများကို မကောင်းသောဆန္ဒတွေ၊ ဘုရား၊ တရား၊ သံဃာ ဂုဏ်တော်တွေ ညှိုးမှိန်အောင် အမျိုးမျိုး လုပ်နေ တာကို အားလုံး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။






















ဒါကြောင့် ယခုအခါမှာ ဘာသာ၊ သာသနာ လူမျိုးနှင့်မိမိတို့၏ နောက်မျိုးဆက်တွေရဲ့ အကျိုးကို လိုလားသော ရ ဟန်းရှင်လူ၊ ကျောင်းသား၊ လူငယ်အပေါင်းတို့ဟာ ဒီ အဓမ္မ၀ါဒီ စစ်အာဏာရှင် ကို စုပေါင်းညီညာစွာ ဆန့်ကျင် ဖယ်ရှားဖို့ လိုနေပါပြီ။ အဓမ္မတွေပျောက်ပြီး ဓမ္မတရားတွေ ထွန်းကားမှသာ ဘာသာ၊ သာသနာ နှင့် လူမျိုးဟာ ဂုဏ်တင့်မှာ အမှန်ပင် ဖြစ်ပါတော့တယ်။

(ရေးသားသူ - အလင်းဆက်)။

၂၅ . ၂ . ၂၀၁၀။

အပြည့်ဖတ်မည်...

Thursday, February 25, 2010

ဒါမျိုးပေါ့ “ခွေးပါးစပ်က နတ်စကားထွက်” ဆိုတာမျိုး။

“မြန်မာသည် မြန်မာ ယောင်ဆောင် ထားသော တိုင်းတပါး အလိုတော်ရိ မဖြစ်စေရ” လို့  သိန်းစိန်က ကချင်ပြည်နယ် ဗန်းမော်မြို့ ၀ါဒဖြန့် ခရီးစဉ်မှာ နအဖသတင်းစာတွေမှာ စာလုံးကြီးကြီးနဲ့  ဖေါ်ပြထားတာကို အောက်ပါအတိုင်း တွေ့ ရမှာ ဖြစ်ပါတယ်။






















နအဖတွေသာလျှင် တိုင်းတစ်ပါးသားရဲ့  အလိုတော်ရိ တိုင်းတစ်ပါးလက်ကိုင်ဒုတ် ဖြစ်နေတာ လူတိုင်းသိကြပါတယ်။ “တရုတ်အားကိုး (နအဖ) ခွေးသူခိုး”၊ “ရုရှအဖေတော် (နအဖ) ပထွေးမျှော်”၊ “မြောက်ကိုးရီးယားအားထား (နအဖ) သူတောင်းစားများ” ဆိုတာ သိကြပါတယ်။

ပြည်သူတွေရဲ့  သဘောထားအစစ်အမှန်နဲ့ နအဖတို့ ရဲ့  အရူးသဘောထားကို နှိုင်းယှဉ်ကြည့်ပါ။













“မြန်မာသည် မြန်မာအတွက် ဖြစ်ရမည်။

မြန်မာသည် မြန်မာအယောင်ဆောင်ထားသော နအဖအာဏာရူးတို့ ၏ အလိုတော်ရိ မဖြစ်စေရ။

မြန်မာသည် မြန်မာအယောင်ဆောင်ထားသော နအဖအာဏာရူးတို့ ၏ လက်ကိုင်ဒုတ် မဖြစ်စေရ။”













“တပ်မတော်သည် တပ်မတော်အတွက် ဖြစ်ရမည်။

တပ်မတော်သည် ယူနီဖောင်းအရေခြုံ အယောင်ဆောင်ထားသော နအဖအာဏာရူးတို့ ၏ အလိုတော်ရိ မဖြစ်စေရ။

တပ်မတော်သည် ယူနီဖောင်းအရေခြုံ အယောင်ဆောင်ထားသော နအဖအာဏာရူးတို့ ၏ လက်ကိုင်ဒုတ် မဖြစ်စေရ။”

အပြည့်ဖတ်မည်...

ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့  ၂၀၁၀ ခုနှစ်ထုတ် နအဖ၀ါဒဖြန့် သတင်းစာကြီး ရွဲ့ စောင်းနေပါပြီ။ ၂၀၁၀ ခုနှစ်မှာ နအဖတွေ ရွဲ့ စောင်းပျက်စီးတော့မယ် နမိတ်လေလား။

ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့  ၂၀၁၀ ခုနှစ်ထုတ် နအဖ၀ါဒဖြန့် ကြေးမုံသတင်းစာ စာမျက်နှာ (၈) နဲ့  (၉) ဟာ အတည့်မဟုတ်ဘဲ ဘေးစောင်းကြီး ဖြစ်နေပါတယ်။


























































ဒီလို နအဖ၀ါဒဖြန့် သတင်းစာကြီး ရွဲ့ စောင်းနေတာ ၂၀၁၀ ခုနှစ်မှာ နအဖတွေ ရွဲ့ စောင်းပျက်စီးတော့မယ် နမိတ်ပြနေသလားလို့ ။

အပြည့်ဖတ်မည်...

Wednesday, February 24, 2010

ကိုယ့် gmail ကို အခြားသူတစ်ဦးဦးက ခိုးပြီးဝင်သုံးနေသလား စစ်ဆေးရန်။

ကိုယ့် Gmail ကို အခြားသူများ ၀င်သုံးနေလားဆိုပြီး အရင်က သံသယရှိသူ၊ စစ်ချင်သူများ ၀မ်းမြောက်ဖွယ်ပါ။ Google မှ မိမိ၏ Gmail တွင် အခြားသူတစ်ဦးက ၀င်ရောက်အသုံးပြုသွားပါက ထိုသူ၏ IP Address အား ဖေါ်ပြပေးထားပါပြီ။

Gmail ၏ ပထမစာမျက်နှာ အောက်ဆုံးနားသို့ သတိထားကာ သွားကြည့်လျှင် -






ယခုကဲ့သို့ This account is open in 1 other location (xxx.xxx.xxx.xxx) Last account activity 5 Hours ago. ဆိုပြီး (၀င်ရောက်ချိန်ကြာမြင့်မှုကို ပြသော) စာသားလေး မြင်ရလိမ့်မည်။ ပြည့်ပြည့်စုံစုံ ကြည့်ချင်ပါက ဘေးနားရှိ Detail ဆိုသော လင့်ကလေးနှိပ်ပါက -

ယခုကဲ့သို့ IP Address များကို မြင်ရမည်ဖြစ်ပြီး ကိုယ့်အကောင့်ကို သူများ သုံးခဲ့ဘူးသလား၊ ဘယ်နေရာကလဲ စသဖြင့် သိနိုင်ပါပြီ။

အကယ်လို့များ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကြည့်နေတုန်းမှာ တစ်ဘက်မှာလဲ ကိုယ်မသိအောင် ၀င်သုံးနေပါက Concurrent Session Information တွင် IP များ တစ်ခုထက် ပိုတွေ့နေရမည်ဖြစ်ပြီး သူတို့ကိုပါ Logout လုပ်ပစ်ချင်ပါက အောက်နားရှိ Sign Out all other sessions ခလုပ်ကလေးနှိပ်ပါက ရှိသမျှ တပြိုင်နက်သုံးနေသော users ယူဆာများကို Logout လုပ်နိုင်ပါတယ်၊ ပြီးလျှင်တော့ ကိုယ်ရဲ့  Password ကို မြန်မြန်သာ ပြောင်းလိုက်ပေတော့ဗျာ။

(ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာကတော့ မိမိရဲ့  password ပြောင်းရုံတင်မက security question(s) တွေနဲ့  answer(s) အဖြေတွေကိုပါ ပြောင်းသင့်ပါတယ်။ မိမိ gmail settings မှာလည်း အခြားသောသူများက ခိုးထည့်ထားတတ်တဲ့ forward email လိပ်စာတွေ ရှိ မရှိကိုလည်း စစ်ကြည့်တာ ကောင်းပါတယ်)။

(http://kozaw357.multiply.com/journal/item/122 ကနေ ပြန်လည်ဖေါ်ပြတာ ဖြစ်ပါတယ်)။

အပြည့်ဖတ်မည်...

Tuesday, February 23, 2010

သံဃာတော်များမှ အိတ်ဖွင့်ပေးစာ။
























မြန်မာနိုင်ငံ သာဿနာတော် ကာကွယ်ရေးတပ်ဦး။

နေ့ စွဲ။ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့ ၊ ၂၀၁၀ ခုနှစ်။

တိုင်းရင်းသားပြည်သူများ၊ တပ်မတော်သားများ၊ ကျောင်းသားကျောင်းသူများး၊ တောင်သူဦး ကြီးများ နှင့် ဝန်ထမ်းအလုပ်သမားများအားလုံးသို့ သံဃာတော်များမှ အိတ်ဖွင့်ပေးစာ။

အခုလက်ရှိ အချိန်ကာလဟာ တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာအတွက် သေရေးရှင်ရေး နဲ့ တမျှ အရေးကြီးနေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူများဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို နအဖ စစ်ခေါင်းဆောင် တွေရဲ့ သေးသိမ်နုံချာတဲ့ သဘောထား အတိုင်း အဖြစ်ခံလို့ မရပါဘူး။

သက္ကရာဇ် (၂၀၁၀) ရဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ ကျွန်ုပ်တို့ တိုင်းရင်းသား ပြည်သူ လူထု အားလုံးရဲ့ ဆန္ဒသဘောထားအတိုင်းသာ ဖြစ်စေရပါမယ်။

ဒီလိုဖြစ်လာဖို့အတွက် ဘုန်းဘုန်းတို့နဲ့အတူ တိုင်းရင်းသားပြည်သူများ၊ တပ်မတော်သားများ၊ ကျောင်းသားကျောင်းသူများ၊ တောင်သူဦးကြီးများနဲ့ ဝန်ထမ်းအလုပ်သမားအားလုံးတို့ အနေနဲ့ လမ်းကြောင်းတခုထဲ ပေါ်မှာ စုစည်းညီညွတ်စွာနဲ့ အာဏာရှင်စနစ်အောက်က ရုံန်းထွက်နိုင်ဖို့ အခုလို အိပ်ဖွင့်ပေးစာကို ပေးရခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်သည့် အမျိုးသား ရေး အလုပ်သမားလှုပ်ရှားမှုကြီးမှ တမျိုးသားလုံး ပူပေါင်းပါဝင်လုပ်ဆောင်မဲ့ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုကြီးဖြင့် နအဖ စစ်အာဏာရှင်စနစ်ကို မြန်မာပြည်မြေကြီးပေါ်မှ အပြီးအပိုင် ဖယ်ရှားပေးနိုင်မဲ့ဖို့ ရည်ရွယ်ပါတယ်။

အခုလက်ရှိ အခြေ အနေမှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ဆိုတဲ့ လူ့အခွင့်အရေး တွေကို မြန်မာပြည်သူလူထု အားလုံး ရှုံးဆုံးနေကြရပါတယ်။ မြန်မာပြည်သူ လူထုဟာ အာဏာ ရူး နေတဲ့ စစ်အာဏာရှင် ဗိုလ်သန်းရွှေရဲ့ မတရား ဖိနှိပ် ချုပ်ချယ်မှုအောက်မှာ ညှဉ်းပန်းနိုပ်စက် သတ်ဖြတ်မှုတွေကို ခံနေကြရဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေဟာ ရဲဘော်တို့ရဲ့ တည်ကြည်မှု၊ သစ္စာစောင့်သိမှု တွေကို အသုံးချပြီး သူ့ အာဏာတည်မြဲဖို့၊ သူ့ရဲ့သားသမီး၊ မြေးမြစ်တွေ ကောင်းစားဖို့ စီမံ ဆောင်ရွက်နေကြ ပါတယ်။

သမိုင်း အစဉ်အလာ ကြီးမားတဲ့ မြန်မာ့တပ်မတော်ကို မှားယွင်းစွာ ဦးဆောင် အသုံးချနေတဲ့ အာဏာရှင် ဗိုလ်သန်းရွှေကို တော်လှန်ပြီး ပြည်သူ့ ရင်ခွင်ကို ခိုလှုံလာဖို့ လေးနက်တည်ကြည် စွာ ဖိတ်ခေါ်အပ်ပါတယ်။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးအထဲမှာ အတူပူးပေါင်း ပါဝင်လာကြမဲ့ တပ်မတော်သား အပေါင်းကို တိုင်းရင်းသားပြည်သူတရပ်လုံးက ဂုဏ်ယူစွာနဲ့ နွေးနွေးထွေးထွေး ကြိုဆိုနေကြမှာ ဖြစ်ပါတယ်။

ကျောင်းသားဆိုတာ တော်လှန်ရေးရဲ့ ပြယုဂ်တခုပဲ ဖြစ်ပါတယ်။ မြန်မာ့သမိုင်း ခေတ်အဆက် ဆက် နယ်ချဲ့ ဆန့်ကျင်ရေး၊ဖက်ဆစ် တော်လှန်ရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ ကာလ တလျှောက်လုံးမှာ ခွပ်ဒေါင်းအာဇာနည်များက သမိုင်းမော်ကွန်းတွေကို အထပ်ထပ် ရေးထိုးခဲ့ကြပြီးပါပြီ။ ကျောင်းသားတွေရဲ့ ကြီးမြတ်တဲ့ သမိုင်း အစဉ်အလာကို ဂုဏ်ယူ ဝန့်ကြွားစွာနဲ့ ထိမ်းသိမ်းပြီး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတပ်ဦးမှာ ဦးဆောင် နေရာယူကြဖို့ ဘုန်းဘုန်းတို့က ယနေ့ခေတ်ကျောင်းသားမျိုးဆက်များကို အလေးအနက် တိုက်တွန်းအပ်ပါတယ်။ တတိုင်းပြည်လုံးရှိ ကျောင်းသားတွေရဲ့ ပါဝင်ဦးဆောင်မှုဟာ အဆုံးအဖြတ်ပေးမဲ့ တိုက်ပွဲ အောင်မြင်ဖို့အတွက် အသက်သွေးကြောဘဲ ဖြစ်ပါတယ်။ ပါဝင်ဦးဆောင်ကြမယ်ဆိုတာကိုလဲ အပြည့်အဝ ယုံကြည်ထားပါတယ်။

အခုအချိန်မှာ အလုပ်သမားထုကြီးဟာ မိမိတို့ နှစ်ပေါင်းများစွာ ရုံးဆုံးနေတဲ့ အလုပ်သမား အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သည့် အမျိုးသားရေး အလုပ်သမားလှုပ်ရှားမှုကြီးကို စတင်လုပ်ဆောင်နေကြပါပြီ။ တနိုင်ငံလုံးမှာရှိတဲ့ တောင်သူ လယ်သများ၊ ဝန်ထမ်းအမှုထမ်းများ၊ အလုပ်သမားထုရပ်လုံးက နေပြီးတော့မှ မိမိတို့ရဲ့ အဖိနိုပ်ခံဘဝတွေကနေ တပြိုင်ထဲ ရုံန်းထွက်ကြဖို့ အချိန်ကြရောက်နေပြီဆိုတာကို ဘုန်းဘုန်းတို့မှ တော်လှန်ရေးသတိပေးနိုးဆော်အပ်ပါတယ်။

နအဖ စစ်အာဏာရှင်လက်အောက်ကနေ ဘုန်းဘုန်းတို့အားလုံး လွတ်မြောက်ရမယ်၊ ဆင်းရဲတွင်းကနေ လွတ်မြောက်ရမယ်၊ မတရား ဖိနှိပ် ချုပ်ချယ်မှု တွေကနေ ကင်းဝေးရမယ် ဆိုတဲ့ ယုံကြည်ချက်တွေကို မြဲမြဲ ဆုပ်ကိုင်ထားမယ်လို့ ယုံကြည်ထားပါတယ်။

ဗိုလ်သန်းရွှေနဲ့ နအဖရဲ့ နိုင်ငံရေးအာဏာဟာ အချိန်မရွေး ပြိုကွဲသွားနိုင်တဲ့ အရာဖြစ်တယ်။ စစ်အုပ်ချုပ်ရေး ယန္ဒရားဟာလည်း အချိန်မရွေး ပြိုကွဲသွားတဲ့ အရာဖြစ်တယ်။ ဗိုလ်သန်းရွှေနဲ့ နအဖရဲ့ စစ်အာဏာရှင်စနစ်တခုလုံး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးအောက်မှာ အမိမြန်မာပြည်မြေကြီးပေါ်က လုံးဝပြောက်ကွယ်သွားရမယ် ဖြစ်တယ်။


မြန်မာနိုင်ငံ သာဿနာတော် ကာကွယ်ရေးတပ်ဦး
ရန်ကုန်မြို့ ။

အပြည့်ဖတ်မည်...

ဇိုမီးအမျိုးသားကွန်ဂရက်မှ ချီးမြှင့်သော “အမျိုးသားပြန်လည်သင့်မြတ်ရေးသူရဲကောင်းဆု” ဂုဏ်ပြုမှတ်တမ်းလွှာအား NLD ဒုဥက္ကဌ ဦးတင်ဦးမှ ရရှိခဲ့ပါသည်။






























အပြည့်ဖတ်မည်...

Monday, February 22, 2010

ရန်ကုန်မြို့ ကြီး မီးလာတော့မယ် … မီးတင်မက လာဦးမှာတွေ ရှိသေးတယ်။

ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ - နအဖက တရုတ်နိုင်ငံနဲ့ ပေါင်း၍ ရန်ကုန်မြို့ကို ကျောက်မီးသွေးနဲ့ မီးပေးဖို့  စီစဉ်နေတာနဲ့ ပတ်သက်ပြီး - လျှပ်စစ်မီး မရှိဘဲ အမှောင်ထဲမှာ နေနေကြရတဲ့၊ လျှပ်စစ်မီး မလာလို့  ရေကအစ ဆက်စပ်နေတဲ့ အခက်အခဲတွေအားလုံးကို ကြာမြင့်စွာ ဒုက္ခရောက်နေကြရတဲ့ ပြည်သူလူထုတွေကတော့ လျှပ်စစ်မီးရတော့မှာဘဲလို့  စိတ်ကူးလေးနဲ့  ပျော်ရွှင်ကောင်း ပျော်ရွှင်မှာကို ပြည်သူတွေအတွက် ကိုယ်လည်း စိတ်ကူးလေးနဲ့ ပျော်မိပါတယ်။ သို့ သော်လည်း …

ဒါပေမယ့် နအဖရဲ့  လျှပ်စစ်စီမံကိန်းကြီးတွေကတော့ သတင်းစာကိုင်ရင် ဓါတ်လိုက်တယ်လို့  ပြောတဲ့ ဟာသလို အပြင်မှာလည်း တကယ် လျှပ်စစ်မီးတွေ မရကြတာမို့ နအဖရဲ့  လျှပ်စစ်စီမံကိန်းမှန်းသမျှ ပြည်သူလူထုအတွက် အပြည့်အ၀ ရ မရကို အခုလည်း စောင့်ကြည့်ရဦးမှာပါ။

ဒီ ရန်ကုန်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းကို နအဖ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအား လျှပ်စစ်စီမံကိန်းဦးစီးဌာနနဲ့  တေဇရဲ့  ထူးကုမ္ပဏီရယ် တရုတ်နိုင်ငံဘက်က Huaneng La-ncang River Hydropower Co.Ltd. တို့ ကနေ ပူးပေါင်းပြီး ဒီနှစ်အတွင်းမှာ စတင် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့  သိရပါတယ်။ ရန်ကုန်မြို့ကို လျှပ်စစ်မီးအပြည့်အ၀ပေးနိုင်ဖို့ ကတော့ အနည်းဆုံး နှစ်နှစ်လောက် ကြာဦးမှာ ဖြစ်ပါတယ်တဲ့။












နအဖရဲ့  လျှပ်စစ်မီးထုတ်လုပ်ရေး လျှပ်စစ်မီး အပြည့်အ၀ရရှိရေး ပြောဆိုသံတွေကတော့ ဒါတင်မကဖူး ပြည်သူလူထုအတွက် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ဆိုတဲ့ အခြားသော စီမံကိန်းတွေ အပြောတွေကတော့ ဒီနှစ် ၂၀၁၀ အစမှာ အသံကောင်းနဲ့  တစ်ခုပြီး တစ်ခုထွက်လာနေတာတွေကတော့ နအဖရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်သူလူထုကို မဲဆွယ်နေတဲ့သဘောတွေ တွေ့ နေရပါတယ်။

နအဖရဲ့  တရုတ်နိုင်ငံနဲ့ ပေါင်းပြီး ရန်ကုန်ကို ကျောက်မီးသွေးနဲ့  မီးပေးမယ်ဆိုတော့ ပြောစရာတွေကတော့ ပေါ်လာပြန်ပြီ။ နအဖရဲ့  ရေအားလျှပ်စစ်တွေ၊ သဘာဝဓါတ်ငွေ့ တွေကရော ဘယ်ရောက်သွားပါသလည်း။ ကျောက်မီးသွေးနဲ့ မှ လျှပ်စစ်မီးပေးရတာလား၊ သုံးမဲ့ကျောက်မီးသွေးကရော ဘယ်ကဘယ်လို သုံးကြမှာလည်း၊ ကျောက်မီးသွေးမိုင်းတွင်းတွေ အခြေအနေကရော၊ ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးပေးတဲ့နေရာမှာ ဆိုးကျိုးထိခိုက်မှုတွေရော ပြည်သူလူထုက သိကြပါရဲ့ လား၊ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေအတွက် ဘယ်လိုကာကွယ်ကြမှာလည်း ဘယ်လိုကုသကြမှာလည်းဆိုတာ နအဖက ပြင်ဆင်ဆောင်ရွက်ထားမှု ရှိပါရဲ့ လား - အစရှိတဲ့ အချက်တွေကို သိထား သုံးသပ်ထားကြဖို့  လိုမယ် ထင်ပါတယ်။

ကျောက်မီးသွေးဓါတ်အားပေးဆိုတာ အခုမှ ထူးထူးဆန်းဆန်း မဟုတ်ပါ။ နှစ်ပေါင်းများစွာကတည်းက လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ အတွက် ကျောက်မီးသွေးတွေကို လောင်ကျွမ်းစေပြီး ထွက်ရှိလာတဲ့ ရေနွေးငွေ့ ကို တာဘိုင်စက်ကြီးတွေကို လည်ပတ်စေပြီး လျှပ်စစ်ဓါတ်အားထုတ်တာပါဘဲ။ ဒါကို အခု နအဖက ထူးထူးဆန်းဆန်းလုပ်ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းထုတ်လုပ်တဲ့ စီမံကိန်းဆိုပြီး သတင်းတွေမှာ ဖေါ်ပြနေတာပါ။

ရန်ကုန်မြို့ ကြီးကို ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးပေးမယ်ဆိုတာ နအဖရဲ့  သံသယရှိဖွယ် မြုပ်ကွက်တွေ ရှိနေနိုင်ပါတယ်။ နေပြည်တော်မှာလည်း မိုင်းတွင်းလုပ်ငန်းကို အကြောင်းပြပြီး ဥမင်လှိုဏ်ခေါင်းတွေဆောက်ကာ ညူကလီယားထုတ်လုပ်ရေးတွေလုပ်တယ်လို့  အစီရင်ခံစာတွေလည်း မကြာသေးခင်က တွေ့ ကြမှာပါ။ နောက်တစ်ခု သိရှိချက်အရဆိုရင် ဒီကျောက်မီးသွေးနဲ့  လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းမှာ တရုတ်နိုင်ငံက သူ့ ဆီက ကျောက်မီးသွေးတွေ ပံ့ပိုးကူညီမှာ မဟုတ်ပါဖူး။ ဒီတော့ တရုတ်နိုင်ငံအတွက်များ ဒီစီမံကိန်း ဘန်းပြပြီး တရုတ်နိုင်ငံမှာ မလုံလောက်လို့  လိုအပ်နေတဲ့ ကျောက်မီးသွေးတွေ မြန်မာနိုင်ငံ နအဖကနေ လျှို့ ဝှက်တင်ပို့ ဖို့ လုပ်တာလားဆိုတာလည်း သံသယ ရှိစရာပါ။

ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးထုတ်မယ်ဆိုတာကို ပြန်ဦးတည် သုံးသပ်ရရင် - နအဖနဲ့  တရုတ်နိုင်ငံ ပေါင်းလုပ်တာမို့  မြန်မာနိုင်ငံဘက်ရော တရုတ်နိုင်ငံဘက်ရော သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး တရုတ်နိုင်ငံကနေ အကူအညီပေးမယ်ဆိုတော့ ဒီ ရန်ကုန်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး - တရုတ်နိုင်ငံမှာ ကျောက်မီးသွေးသုံးလို့  ပြဿနာတွေ ကြုံရတာ သိကြဖို့  ဖေါ်ပြလိုပါတယ်။


တရုတ်နိုင်ငံမှာ ကျောက်မီးသွေး သုံးလို့  အောက်ဖေါ်ပြပါ ဆိုးကျိုးတွေ ဖြစ်ခဲ့ပါတယ်။

၁။ ရောဂါဘေးဆိုးများ အန္တရာယ်။

ကျောက်မီးသွေးများ လောင်ကျွမ်းရာကနေ ထွက်ပေါ်လာတဲ့ မီးလောင်ငွေ့ ဟာ လူအပါအ၀င် သက်ရှိသတ္တ၀ါတွေရဲ့  အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ၊ နှလုံးပိုင်းဆိုင်ရာနဲ့  ဦးနှောက်နဲ့  အာရုံကြောဆိုင်ရာတွေကို ထိခိုက်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဓါတ်ငွေ့ တွေကြောင့် နှလုံးရောဂါနဲ့  အဆုတ်ရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။

ထို့ အပြင် ကလေးတွေမှာ မွေးဖွားတဲ့အချိန်က စပြီး နှုတ်ခမ်းကွဲနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် မာကျူရီပြဒါးဓါတ်တွေ ထွက်ပေါ်လာပြီး အဆိုပါ မာကျူရီပြဒါးဓါတ်ဟာ လူ့ ခန္ဓာကိုယ်ကို အဆိပ်သင့်စေပါတယ်။ ဒီ မာကျူရီပြဒါးဓါတ်ကို ငါးတွေ သောက်သုံးရေတွေထဲ စိမ့်ဝင်နေရာကနေတစ်ဆင့်လည်း လူတွေဆီရောက်ရှိပြီး ခန္ဓာကိုယ်အဆိပ်သင့်စေတတ်ပါတယ်။

















၂။ လေထုညစ်ညမ်းမှု အန္တရာယ်နဲ့  အက်ဆစ်မိုးရွာသွန်းခြင်း။


ကျောက်မီးသွေးမိုင်းတွင်းတွေရဲ့  ကျောက်မီးသွေးထုတ်လုပ်မှု၊ ကျောက်မီးသွေးလောင်ကျွမ်းမှုနဲ့  ကျောက်မီးသွေးအလေအလွင့်၊ ကျောက်မီးသွေးမိုင်းတွင်း စွန့် ပစ်ပစ္စည်းတွေကြောင့် ရေထု မြေထု အထူးသဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် ပေါ်ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ ဆာဖာဒိုင်အောက်ဆိုဒ်၊ နိုက်တြိုဂျင်အောက်ဆိုဒ်ဓါတ်ငွေ့ တွေဟာ အက်ဆစ်မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေပါတယ်။ အက်ဆစ်မိုးကို ရုတ်တရက်အားဖြင့် သာမန်မိုးနဲ့  ခွဲခြားမြင်ဖို့  ခဲယှဉ်းပါတယ်။ ကျောက်မီးသွေးမိုင်းတွင်းနဲ့  အနီးအနားက ပတ်ဝန်းကျင်ဒေသတွေမှာ အက်ဆစ်မိုးရွာသွန်းပြီး ဒီအက်ဆစ်မိုးကြောင့် နှလုးရောဂါနဲ့  အဆုတ်ရောဂါတွေဖြစ်တဲ့ ရင်ကြပ်ပန်းနာ၊ လည်ချောင်းနာတွေကို ဖြစ်ပါတယ်။

၃။ ကျောက်မီးသွေးမိုင်းတွင်းများ အန္တရာယ်။

ကျောက်မီးသွေးမိုင်းတွင်းကနေ ထွက်ရှိလာတဲ့ သေးငယ်လွန်းလှတဲ့ ကျောက်မီးသွေးအပိုင်းအစလေးတွေဟာ ကျောက်မီးသွေးမိုင်းတွင်း တည်ရှိရာနေရာဒေသ အပါအ၀င် အနီးအနားပတ်ဝန်းကျင်ဒေသတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အဆိုပါနေရာဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့  ရေတွေ၊ လေတွေ၊ မြေတွေကို အဓိက ထိခိုက်စေတာ ဖြစ်ပါတယ်။ ကျောက်မီးသွေးသဘာဝဟာ မြေကြီးအောက်မှာ နှစ်သန်းပေါင်းများစွာ ဖွဲ့ စည်တည်ဆောက်ဖြစ်ပေါ်လာတာမို့  ကျောက်မီးသွေးအမှုန်အစအနတွေဟာ တော်ရုံတန်ရုံနဲ့  မပျောက်ပျက်သွားပါဖူး။

ဒါကြောင့်မို့ လို့  ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ နိုင်ငံအစိုးရတွေနဲ့  ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အစည်းတွေကနေ ကျောက်မီးသွေးမိုင်းတွင်းရဲ့  ကျောက်မီးသွေးထုတ်လုပ်မှုမှာ ကျောက်မီးသွေး အလေအလွင့်အစအနတွေ လက်လွယ်စပယ် မစွန့် ပစ်ရအောင် ပြင်ပကို အလွယ်တကူ မပြန့် နှံ့  မရောက်ရှိရအောင် စနစ်တကျနဲ့  သေချာစွာ ဆောင်ရွက်ဖို့  ဥပဒေတွေ တားမြစ်ချက်တွေ နည်းစနစ်တွေနဲ့  ထိန်းချူပ်ပေးကြပါတယ်။



















(ဖေါ်ပြပါပုံတွေကတော့ ကျောက်မီးသွေးမိုင်းတွင်းတွေ ရှိရာမြို့ ဖြစ်တဲ့ တရုတ်နိုင်ငံ လင်းဖန်မြို့  (Linfen) က အခြေအနေပုံတွေ ဖြစ်ပါတယ်။ လင်းဖန် (Linfen) မြို့ ကို ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ အနေနဲ့  သတ်မှတ်ထားပါတယ်။ ဒီမြို့ မှာ နေထိုင်ကြသူ (၄) သန်းကျော်ရှိပြီး သူတို့ တွေ ပြောပြချက်အရ သူတို့ ဟာ နေကို တစ်နှစ်လုံးနေမှ ရက်အနည်းငယ်သာ မြင်ရကြောင်း၊ ထူထပ်စွာဖုံးအုပ်နေတဲ့ မီးခိုးတွေ အမှုန်တွေကြောင့် နေကို မမြင်ရတာဖြစ်ပြီး မြို့ တစ်မြို့ လုံးဟာလည်း အခိုးအငွေ့ တွေကြောင့် မှောင်မဲနေကြောင်း၊ လမ်းတွေ မြေတွေပေါ်မှာလည်း လမ်းလျှောက်ရင် ခြေရာကျန်တဲ့အထိအောင် အမှုန် အမှုန့် တွေ ထူထပ်နေကြောင်း၊ ရောဂါဘေးများလည်း ကြုံတွေ့ ခံစားကြရကြောင်း ကမ္ဘာ့သတင်းဌာနတွေကို ပြောပြကြပါတယ်။













ဒီတော့ အချူပ်ပြန်ဆိုရရင် အခြားသောတိုးတက်သည့် နည်းလမ်းများ၊ ကျောက်မီးသွေးထက် ပိုသင့်တော်သော အခြားသဘာဝပစ္စည်းများဖြစ်ကြတဲ့ သဘာဝဓါတ်ငွေ့ တွေ လောင်စာဆီတွေ ရေအားတွေနဲ့  လျှပ်စစ်မီးထုတ်လုပ်ရနိုင်ရဲ့ သားနဲ့  နိုင်ငံခြားတိုင်းပြည်များကိုကျတော့ ရောင်းချပြီး ပြည်တွင်းအတွက်ကျတော့ ကျောက်မီးသွေးနဲ့  လျှပ်စစ်ထုတ်လုပ်ဖို့ လုပ်တာကတော့ နိုင်ငံတော် စေတနာ သန်းရွှေစေတနာကြီး ထင်ပါရဲ့ ။

ရန်ကုန်မြို့ သူမြို့ သားများကို အညှိုးအတေးနဲ့  မီးခိုးမှောင်တိုက်သွင်းဖို့ လုပ်တဲ့ ရောဂါဘေးအန္တရာယ်ဆိုးတွေ ပေးတွေ့ စေလိုတဲ့ နိုင်ငံတော် စေတနာ သန်းရွှေစေတနာကြီး ထင်ပါရဲ့ ။ လျှပ်စစ်မီးထုတ်ဖို့  အကြောင်းပ်ြပြီး ရန်ကုန်ပြည်သူလူထုကို ၂၀၁၀ ရွေးကောက်ပွဲကာလ ချွေးသိပ်တဲ့ မဲဆွယ်မှုလေးနဲ့ အတူ နအဖတို့  အားကိုးရာ တရုတ်နိုင်ငံကြီးအတွက် မြန်မာ့သယံဇာတ တွင်းထွက်တွေ ခိုးရောင်းစားဖို့ တာဆူနေတာလား။ ဒါမှ မဟုတ် မိုင်းတွင်းဘန်းပြပြီး နောက်ထပ် ဥမင်လှိုဏ်ခေါင်းတွေ ညူကလီယားစီမံကိန်းအတွက် ပြင်ဆင်နေတာလား ဆိုတာတွေပါ ထည့်မစဉ်းစားခင် - ရန်ကုန်မြို့ သူမြို့ သားတွေ ရှေးဦးစွာ ရင်ဆိုင်ရမှာတွေကတော့ အထက်ကဖေါ်ပြပေးတဲ့ ရောဂါဘေးအန္တရာယ်ဆိုးတွေ၊ လေထုညစ်ညမ်းမှုနဲ့  အက်ဆစ်မိုးရွားသွန်းမှုအန္တရာယ်တွေ၊ ကျောက်မီးသွေးမိုင်းတွင်းအန္တရာယ်တွေကို ကြုံတွေ့ ကြရမှာ ဖြစ်ပါတယ်။

နအဖတွေ ပြောပြောနေတဲ့ နိုင်ငံတော်စေတနာကြီး နိုင်ငံတော်အကြီးအကဲစေတနာကြီးဖြစ်တဲ့ ရန်ကုန်မြို့ အတွက် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စီမံကိန်းကြီးကတော့ဗျာ နအဖတွေရဲ့  လက်လွတ်စပယ်လုပ်ရပ်တွေကြောင့် ပြည်သူတွေအတွက် ရင်လေးစရာပါဘဲ ……

(နစ်နေမန်း)။

အပြည့်ဖတ်မည်...

အလင်းအိမ်မဂ္ဂဇင်း။

Luminary 4 of 3

အပြည့်ဖတ်မည်...

Sunday, February 21, 2010

သဘာဝဘေးအန္တရာယ်ထက် အဆပေါင်းများစွာ ဆိုးရွားလွန်းတဲ့ နအဖ။

















နအဖကနေ ရန်ကုန်တိုင်း မြောက်ဥက္ကလာ (၂) ရပ်ကွက်၊ မုဒိတာလမ်းရှိ လူနေအိမ်ခြေ (၂၆ဝ) ခန့်ကို အတင်းအဓမ္မပြောင်းရွှေ့ခိုင်းတာဟာ လူမဆန်တဲ့ လုပ်ရပ်ပါ။

ကျန်ခဲ့တဲ့ နှစ်က မြောက်ဥက္ကလာပမှာ ၀မ်းရောဂါဖြစ်ခဲ့တာကို အကြောင်းပြပြီး အခုလိုနေရာပြောင်းရွှေ့ ခိုင်းတယ်ဆိုတော့ ပြည်သူလူထုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရမှာ ဘယ်သူ့ တာဝန်လည်း။ ၀မ်းရောဂါဖြစ်ပွားခဲ့လို့  မြောက်ဥက္ကလာပဆေးရုံကြီးမှာ ဆေးရုံတက်ကြရတဲ့ ရပ်ကွက်သူ ရပ်ကွက်သားတွေကို ဘယ်သူက တာဝန်ယူစောင့်ရှောက်ခဲ့တာ ရှိခဲ့သလည်း။ ၀မ်းရောဂါကြောင့် သေဆုံးသွားကြရတဲ့သူတွေ သတင်းနဲ့ စာရင်းကို အမှောင်ချ ဖုံးကွယ်ထားတာ ဘယ်သူလည်း။

ဒီ မြောက်ဥက္ကလာပမှာ ၀မ်းရောဂါဖြစ်ပွားခဲ့တဲ့အကြောင်း မီဒီယာတွေ ဘလော့တွေမှာ ဖေါ်ထုတ်တင်ပြပေးခဲ့ပေမယ့် နအဖက ထိရောက်တဲ့ ကာကွယ်ကုသဆောင်ရွက်ပေးခြင်းမျိုး မရှိဘဲ အခုလို ရပ်ကွက်သူရပ်ကွက်သားတွေကို အတင်းအဓမ္မနေရာပြောင်းရွှေ့ ခိုင်းတာဟာ လူမဆန်တာပါ။

မြို့ ရွာဒေသတွေရဲ့  နေထိုင်မှုသန့် ရှင်းရေး၊ ရေနှုတ်ရေမြောင်း လွယ်ကူစွာ စီးဆင်းရေး၊ ရောဂါပိုးကာကွယ်ဆေးထိုးပေးရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ သန့် ရှင်းသော သောက်ရေသုံးရေ လုံလောက်စွာ ရရှိရေး၊ ကျန်းမာရေးပညာပေးလုပ်ငန်းများဆောင်ရွက်ရေး အစရှိတဲ့ အလုပ်တွေကို ပျက်ကွက်တာ နအဖဘဲ။

တကယ်တန်း လူထုကျန်းမာရေးအတွက် ဆောင်ရွက်ပေးရမယ့် တာဝန်ရှိတာကိုကျတော့ တာဝန်မဲ့စွာနဲ့  လစ်လျူရှူပြီး ပြည်သူတွေကို ဒုက္ခထပ်ပေးတဲ့ ဒီလို တာဝန်မဲ့ နအဖအာဏာရူးတွေကို တုန့် ပြန်လက်စားချေကြပါ။

အပြည့်ဖတ်မည်...

ရဟန်းရှင်လူပြည်သူအပေါင်းတို့ ရဲ့  ရွှေဝါရောင်ငြိမ်းချမ်းရေး ဆက်လက်တည်မြဲရေး။

၂၀၀၇ ခုနှစ် ငြိမ်းချမ်းရေးပွဲ (သို့ ) ရဟန်းရှင်လူပြည်သူအပေါင်းတို့ ရဲ့  ရွှေဝါရောင်တော်လှန်ရေး။



(၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့ ဦးဆောင်ဆရာတော်တစ်ပါးရဲ့  ကိုယ်တွေ့ မှတ်တမ်းအား ဖေါ်ပြပေးအပ်ပါတယ်)။

၂၀၀၇ ခုနှစ် ငြိမ်းချမ်းရေးပွဲကို ဦးဆောင်သံဃာတော်တစ်ပါးအနေဖြင့် ရဲရဲဝံ့ဝံ့ပါဝင်လာရတာ မြန်မာနိုင်ငံ၏အခြေအနေမှာ စီးပွားရေးကြပ်တည်းမှု၊ ကမ္ဘာမှာ မြန်မာပြည်သူတွေဟာ မျက်နှာမပြရဲလောက်အောင် အောက်တန်းကျအဆင့်နိမ့်နေပြီး လက်နက်ကိုင် စစ်အာဏာရူးတွေဟာ ပြည်သူတွေအပေါ်မှာ ဖိနှိပ်ချုပ်ချယ်မှုတွေများပြားနေခြင်း၊ သူတို့ရေးဆွဲထားတဲ့ ဥပဒေဟာလည်း ပြည်သူတွေအတွက် ဘာမှမပါသလို သူတို့ကြိုက်သလို ဥပဒေကို လက်တစ်လုံးခြား လုပ်နေခြင်း၊ ပြည်သူတွေကို အရမ်းဖိနှိပ်ချုပ်ချယ်နေတဲ့အပြင် စားဝတ်နေရေး ပညာရေး စီးပွားရေး အစရှိသော အရေးပေါင်းမြောက်များစွာကို ပိတ်ဆို့ထားတာကြောင့် ၂၀၀၇ရွှေဝါရောင် ငြိမ်းချမ်းရေးပွဲကို ရှေ့ဆုံးကနေ ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ပြည်သူအသက်ပေးပြီး ပြည်သူဘက်က ပါဝင်ခဲ့ကြပါတယ်။

၂၀၀၇ ရွှေဝါရောင်ငြိမ်းချမ်းရေးပွဲ မစတင်ခင်မှာ ဦးဇင်းတို့ သူငယ်ချင်းတစ်စု ၁၈ပါး စုဝေးပြီးတော့ တိုင်ပင်ကြတဲ့အခါ လက်ရှိမြန်မာနိုင်ငံရဲ့ မြန်မာပြည်သူလူတုတွေဟာ အရပ်တကာ နေရာတကာမှာ စီးပွားရေး အစရှိသော အရေးပေါင်းမြောက်များစွာဟာ ကြပ်တည်းနေကြပြီး၊ ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေပြီး ပြည်သူတွေအပေါ်မှာ ဒီန.အ.ဖ (အာဏာရူး) လူရမ်းကားတစ်သိုက်ဟာ ရက်စက်မှုအပေါင်း သရဖူဆောင်းနေကြပြီ။ ဒါကြေင့်မို့လို့ ဦးဇင်းတို့ တပည့်တော်တို့အနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်မနေသင့်ကြတော့ဘူး၊ တပည့်တော်တို့ အရှင်ဘုရားတို့မှ ရဲရဲဝံ့ဝံ့ ရှေ့ကနေပြီးတော့ အမှန်တရားအတွက် ပြည်သူအတွက် မပေးဆပ်ကြတော့ဘူးဆိုရင် မဖြစ်ချေတော့ဘူး။

"စွမ်းဆောင်တယ်ဆိုတာ စွမ်းနိုင်တဲ့သူတွေ ဆောင်တာကိုသာလျှင် စွမ်းဆောင်တယ်လို့ ခေါ်ပါတယ်"။ "တာဝန်ဆိုတာ တာဝန်သိတဲ့သူတွေအတွက်သာ တာဝန်ရှိတာ" ဒါကြောင့်မို့လို့ အရှင်ဘုရားတို့ တပည့်တော်တို့ဟာ ပြည်သူတွေအပေါ်မှာ လက်ရှိကျရောက်နေတဲ့ ဘေးအမျိုးမျိုးတို့မှ ကင်းဝေးစေရန်အတွက် ပြည်သူတွေအပေါ်မှာ အကောင်းဆုံးပေးဆပ်ကြပါလို့ဆိုပြီး - သူငယ်ချင်းတွေအားလုံး စိတ်တူကိုယ်တူ ၂၀၀၇ ရွှေဝါရောင်ငြိမ်းချမ်းရေးပွဲအတွင်းသို့ ရှေ့ဆုံးကနေမားမားမတ်မတ်ရပ်တည်ပြီးတော့ ပေးဆပ်ခဲ့ကြပါတယ်။

ဒီလိုရှေ့ဆုံးကနေပြီးတော့ ရဲရဲဝံ့ဝံ့ လမ်းပေါ်ထွက်ပြီး ဦးဇင်းနှင့်တကွ ဦးထာဝရအစရှိသော အားလုံးသံဃာစုစုပေါင်း အပါး (၅၀) လောက်ဟာ လမ်းပေါ်မှာထွက်ပြီး ငြိမ်းချမ်းစွာဖြင့် မေတ္တာသုတ်ပရိတ်တရားတော်ကို မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးအမျိုးမျိုးရန်အသွယ်သွယ်အပေါင်းမှ ကင်းဝေးပါစေခြင်းအကျိုးငှာလို့ ရည်ရွယ်ပြီးတော့ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြပါတယ်။

ဦးဇင်းတို့အနေနှင့် ပြည်သူတွေကိုလည်း မကြောက်ကြနှင့်။ ဦးဇင်းတို့နှင့်တကွ အသင်ဒကာ ဒကာမအပေါင်းတို့ရဲ့ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အမှန်တရားတွေကို ထုတ်ဖော်ကြတော့လို့ဆိုပြီး ဖိတ်ခေါ်ခဲ့ပါတယ်။ အစပထမတော့ ဦးဇင်းတို့လည်း ခပ်ကြောင်ကြောင်တော့ ဖြစ်သေးတယ်။ ဒါပေမယ့် ကိုယ်ဟာ ပြည်သူအတွက် အကောင်းဆုံးပေးဆပ်တာပဲ၊ ကောင်းတာလုပ်တာပဲဆိုပြီး အာရုံပြုလိုက်တဲ့အခါမှာတော့ ကိုယ့်ရဲ့ စိတ်ထဲမှာ အကြောက်တရားတွေ ဘေးရောက်ပြီး အမှန်တရားအတွက် ရဲရင့်သွားပါတယ်။ ဒီလိုနဲ့ နောက်ရက်များမှာတော့ ဦးဇင်းတို့ မျှော်မှန်းထားသည့်အတိုင်း၊ မျှော်လင့်ထားသည့်အတိုင်း အမှန်တရားကို မြတ်နိုးတဲ့ ပြည်သူတွေ ရဟန်းသံဃာတွေဟာ အများကြီး ဖြစ်လာပါတယ်။

ပြည်သူတွေဟာဖြင့် ဘေးတစ်ဖက်တစ်ချက်က နောက်ကနေပြီးတော့ နီးစပ်ရာတွေကနေ ဦးဇင်းတို့ ရဟန်းသံဃာတွေအားလုံးကို ၀ိုင်းရံပြီးတော့ လိုက်လံ၍ ငြိမ်းချမ်းစွာဖြင့် ရင်ဖွင့်တောင်းဆိုကြတာ အံ့မခန်းပါပဲဗျာ။ အဲဒီအချိန်မှာဆိုရင် ဦးဇင်းတို့ရဲ့ စိတ်ထဲမှာ ၀မ်းသာပီတိဖြစ်ပြီးတော့ ဦးဇင်းတို့ ရဟန်းသံဃာတွေ တညီတညွတ်ထည်း ၀ိုင်းဝန်းပြီးတော့ မေတ္တာပို့လိုက်တာများ ကမ္ဘာကြီးတုန်ဟီး သွားမတက်ပါပဲ။

ပြည်သူတွေဟာလည်း သူတို့ရဲ့ အကြောက်တရားတွေကို ရဲရဲဝံ့ဝံ့ရှေ့ဆုံးကနေ ရပ်တည်ပြီးတော့ ဖယ်ရှားပေးတဲ့ ဘုန်းဘုန်းတွေကို ကောင်းချီးပေးလိုက်ကြတာများ "ပြည်သူ့ဘုန်းဘုန်း၊ တို့ဘုန်းဘုန်း" "ပြည်သူ့သံဃာ၊ တို့သံဃာ" လို့ ကြွေးကျော်လိုက်တာများ ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတွေ ၀မ်းသာပီတိဖြစ်ပြီးတော့ သူတို့တွေရဲ့ မျက်ဝန်းအိမ်မှာ မျက်ရည်တွေဝေ့ပြီး သူ့တို့တွေရဲ့ခန္ဓာကိုဟာ အံ့မခန်း ပေါ့ပါးသွက်လက်လို့ဗျာ။

အဲဒီအချိန်မှာ မထင်မှတ်ပဲ ဦးဇင်းရှေ့ဆုံးကနေပြီး နောက်ဘက် လိုက်ကြည့်လိုက်မိတယ်။ ရဟန်းသံဃာတွေနှင့်တကွ ပြည်သူတွေဟာ ကောင်းကင်မှာပျံဝဲနေတဲ့ ချိုးငှက်ကလေးတွေလို၊ ကောင်းကင်မှာလွှင့်ထားတဲ့ ကြိုးမဲ့စွန်ကလေးတွေလို လွတ်လပ်ပေါ့ပါးနေလိုက်ကြတာ ဦးဇင်းတောင် ၀မ်းသာပီတိဖြစ်ပြီးတော့ မျက်ရည်တောင် ၀ဲမိတယ်။ အေးပေါ့လေ အာဏာရှင်အရူးတစ်သိုက်ဟာ တို့ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ထားတာ နှစ်ပေါင်းက နည်းမှ မနည်းပဲ။

ကိုလိုနီခေတ်က လွတ်ပြီဆိုတော့ ၀မ်းသာလို့မှ မဆုံးသေးဘူး တို့ပြည်သူတွေ အလေးထား ယုံကြည်ကိုးကွယ်တဲ့ တို့ဗိုလ်ချုပ်ကို လူ့အန္ဓတစ်သိုက်က လုပ်ကြံပြီးကတည်းက ဒီအချိန်ထိအောင် ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်နေကြတာ၊ မတရားရက်စက်နေကြတာကို သံဃာတော်တွေက လမ်းပြဦးဆောင်ပြီး ပြည်သူတွေရဲ့ အကြောက်တရားတွေကို ဖယ်ရှားပြီး ရင်ဖွင့်ခိုင်းလိုက်တယ်။ ရင်ဖွင့်ခွင့်ရတဲ့အချိန်မှာ ရဲရဲရင်ဖွင့်လိုက်ရတော့ ပြည်သူတွေခမျာ ကောင်းကင်မှာ ပျံဝဲနေတဲ့ ချိုးငှက်၊ ကြိုးမဲ့လွှင့်ထားတဲ့ လေတံခွန်တွေထက်တောင် ပျော်ရွှင်မိမှာပေါ့ဗျာ။

ပြောပြဦးမယ်။ နှစ်ပေါင်းမြောက်များစွာ အာဏာရူးတစ်သိုက်တို့ရဲ့ ဖိနှိပ်ချုပ်ချယ်မှု့အောက်ကနေ ရဲရဲဝံ့ဝံ့ ရဟန်းသံဃာ ပြည်သူတွေနှင့် အမှန်တရားတွေကို မျိုသိပ်ထားတာကို ငြိမ်းချမ်းစွာ ထုတ်ဖော်လိုက်ရတော့ မောလို့ မောမှန်း၊ ဆာလို့ ဆာမှန်း၊ နာလို့ နာမှန်း၊ ညောင်းလို့ ညောင်းမှန်း ဦးဇင်းတို့ အားလုံး မသိခဲ့ကြဘူး။ ဦးဇင်းတို့အဖွဲ့ ဦးထာဝရရော တစ်နေ့တစ်နေ့ သံဃာတော်တွေကို ဦးဆောင် ပြည်သူတွေကို ဦးဆောင်ထိန်းသိမ်းဖို့ စည်းမျဉ်းစည်းကမ်း၊ ကြွေးကျော်ရမည့် အချက်အလက်တွေကို ဦးဇင်းတို့ ခေါင်းဆောင်အဖွဲ့တွေ စည်းဝေးတိုင်ပင်လိုက်ကြတာ ဆွမ်းတောင် မစားဖြစ်တဲ့ရက်က များတယ်ဗျာ။

အာဏာရူးတစ်သိုက်က ပြောလိုက်ကြသေးတာ ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတွေဟာ မင်းမဲ့စရိုက်အဖြစ် လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေကြသတဲ့ဗျာ။ အားလုံး အသိပါ။ ဦးဇင်းတို့  ထုတ်ထားတဲ့ စည်းမျဉ်းက ဒုတ်၊ ဓါး လက်နက် မကိုင်ရ၊ ခိုက်ရန်ဒေါသ မဖြစ်ရ၊ န.အ.ဖအာဏာရူးတစ်သိုက်ဘက်က ထောက်လှမ်းရေးတွေ လာရင်လည်း ယဉ်ကျေးသိမ်မွေ့စွာဖြင့် ဗုဒ္ဓဘာသာ မိကောင်းဖခင် သားသမီးပီသစွာဖြင့် ပြောဆိုဆက်ဆံပေးပါ၊ သည်းခံပါလို့ ဦးဇင်းတို့ ခေါင်းဆောင်များက အမိန့်ထုတ်ထားခဲ့တာပါ။ ကဲ ဘယ်လောက်ကောင်းတဲ့ စည်းမျဉ်းစည်းကမ်းလဲ။ နအဖတွေ စွပ်စွဲသလို မင်းမဲ့စရိုက် မဟုတ်ပါဖူး။ ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတော်တွေကလည်း လိုက်နာတာ အားလုံးအသိ၊ တစ်ကမ္ဘာလုံး အသိပါပဲဗျာ။

နအဖလက်ပါးစေတွေ လာရောက်ပြီး ဖမ်းဆီး၊ ချုပ်နှောင်၊ သေနတ်နဲ့ ပစ်၊ မျက်ရည်ယိုဗုံးနှင့် ဖြိုခွင်း၊ နံပါတ်တစ်ဒုတ်နဲ့ ရိုက်တဲ့အထိတောင် ဘာမှ တုန့်ပြန်မှုမပြုခဲ့ကြဘူး။ ရဟန်းသံဃာတော်တွေနဲ့တကွ ပြည်သူတွေက န.အ.ဖအာဏာရူးတစ်သိုက်ရဲ့ ပြုသမျှ၊ ရမ်းသမျှ၊ ကြမ်းသမျှကို ငြိမ်းချမ်းစွာဖြင့် လည်စဉ်း ခံလိုက်တာများဗျာ အံ့မခန်းပါပဲ။ သြော် ... ရက်စက်မှုသရဖူဆောင်းတဲ့ အာဏာရူးတစ်သိုက်တို့ရေ ဒေ၀ဒတ်တောင်မှ အဲဒီလောက်အထိ မရက်စက်ဘူး။ အံ့ပါသတဲ့ဗျာ။ ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတော်တွေက အကောင်းဆုံးလမ်းကို ရွေးချယ်ပြီး တောင်းဆိုကြတာ အာဏာရူးတစ်သိုက်က အကြမ်းဖက် လူမဆန်တဲ့ နည်းတွေနဲ့ ဖြိုခွင်းကြတာ ကောင်းပါလေကြသတဲ့ဗျာ။

ပြောပြဦးမယ်၊ ပြည်သူတွေက အာဏာရူးတစ်သိုက်ကို ပို့သလိုက်တဲ့ မေတ္တာတွေကတော့ သေခြင်းဆိုးနဲ့ သေပါစေ။ ခွေးသေ၀က်သေ သေပါစေတဲ့ဗျာ။ သူတို့မို့ အရှက်မရှိတဲ့ မျက်နှာကြီးတွေနဲ့ မျက်နှာပြောင်တိုက်ပြီး အခုထက်ထိ မြန်မာနိုင်ငံကို ဆက်ပြီးတော့ ဖျက်ဆီးနေရဲတယ်။ ပြောကြသေးတယ်၊ အာဏာရူးတစ်သိုက်က ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးတဲ့ဗျာ။ ဒီလောက် ယဉ်ကျေးသိမ်မွေ့တဲ့၊ ဒီလောက်စိတ်ထား မြင့်မြတ်တဲ့ ပြည်သူတွေကို ပြောလိုက်တာ အားလုံးအသိပါပဲ။ ဦးဇင်းတို့ ၂၀၀၇ ရွှေဝါရောင်ငြိမ်းချမ်းရေးပွဲကြီးဟာ နိုင်ငံအသီးသီး လူမျိုးအသီးသီးကနေ ချီးကျူးတာ၊ ချီးမွမ်းကြတာ အားလုံးအသိပါပဲ။

ဒင်းတို့ အာဏာရူးတစ်သိုက်သာ ဒီမိုကရေစီနှင့် မထိုက်တန်တာ။ ဘယ်တန်မလဲဗျာ ပြည်သူ့ဘဏ္ဍာတွေကို စည်းစိမ်ရစ်နေမူးနေကြတာ ထင်တိုင်းကျဲပြီး ပြည်သူတွေအပေါ် ရက်စက်ရမ်းကားနေကြတာ အားလုံးအသိပါပဲ။ အေးပေါ့ဗျာ၊ ဒင်းတို့အာဏာရူးတစ်သိုက် ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတော်တွေ ပို့သတဲ့မေတ္တာ ခံကြပေဦးပေါ့။

မှတ်မှတ်ရရပြောရဦးမယ်။ ၂၀၀၇ စက်တင်ဘာ (၂၆) ရက်နေ့ကဆို န.အ.ဖအာဏာရူးတစ်သိုက်ဟာ ပြည်သူတွေနှင့် ရဟန်းသံဃာတွေအပေါ် ရက်စက်ယုတ်မာမှုတွေဟာ အင်မတန် မိုက်ရိုင်းလွန်းလှပါတယ်။ ဘုန်းကြီး ရဟန်းသံဃာတွေနှင့် ပြည်သူတွေကို လူမဆန်စွာ ရိုက်နှက်ဖမ်းဆီး ချုပ်နှောင် သေနတ်နဲ့ပစ်နဲ့ ။ မြန်မာလူမျိုးတွေနှင့်တကွ ဗုဒ္ဓဘာသာလူမျိုးတွေ အမြတ်တနိုးထား ကိုးကွယ်ကြတဲ့ ရဟန်းသံဃာတွေကို န.အ.ဖ.အာဏာရူးတစ်သိုက်ဟာ ဦးခေါင်းကို ခြေထောက်နဲ့နင်း၊ ခြေထောက်နဲ့ကန်၊ လက်ဝါးတွေနဲ့ ပါးပြင်ကိုရိုက် အင်မတန်မှ ယုတ်မာရိုင်းစိုင်းလွန်းတဲ့ အပြုအမူတွေပါပဲ။

န.အ.ဖအာဏာရူးတစ်သိုက်ဟာ ဦးဇင်းအမြင်ပြောရရင် သာသနာတော်ကို အကွက်ကျကျ စနစ်တကျတည်ဆောက်ပြီး သာသနာကို ဖျက်ဆီးနေကြတာပါလို့ ယူဆပါတယ်။ ယနေ့အချိန်မှာဆိုရင် မြန်မာလူမျိုးတွေဟာ ကိုယ့်ရဲ့သားသမီးတွေကို မြင့်မြတ်တဲ့ သာသနာ့ဘောင် သွတ်သွင်းပေးရမှာတောင် ကြောက်နေကြတဲ့အဆင့်ထိ ရောက်နေပါပြီ။ ဒါဟာ မကောင်းတဲ့လက္ခဏာ သာသနာကွယ်ကြောင်းတွေပါလို့ ဦးဇင်း ခံယူပါတယ်။

ဦးဇင်းတို့ ရွှေဝါရောင်ငြိမ်းချမ်းရေးပွဲဟာ ဘုန်းကြီးရဟန်းသံဃာတွေနှင့်တကွ ပြည်သူလူထုတွေဟာ ငြိမ်းချမ်းစွာဖြင့် မေတ္တာပို့ ချီတက်ပြီး မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ။ မြန်မာပြည်သူတွေနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားတွေ ဘေးအပေါင်း ရန်အပေါင်းပေါင်းတို့မှ ကင်းဝေးစေဖို့ဆိုပြီးတော့ မေတ္တာသုတ်ပရိတ်တရားတော်တွေကို ရွတ်ဖတ်သဇ္ဈာယ် ပူဇော်ကြတာပါ။ ဒါဟာ ငြိမ်းချမ်းတဲ့လုပ်ရပ်ပါ။ ဒါကို န.အ.ဖအာဏာရူးတစ်သိုက်ဟာ ရဟန်းသံဃာတွေနှင့်တကွ ပြည်သူတွေရဲ့ မေတ္တာပို့သံကြားတော့ သူတို့ ဘယ်ခံနိုင်ပါ့မလဲ။ မိစ္ဆာကောင်တွေဆိုတော့ သူတော်ကောင်းတွေရဲ့ မေတ္တာသံကြားတော့ နားထဲ သံရည်ပူလောင်းသလို ခံစားရမှာပေါ့။

ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်မိန့်ကြားခဲ့လို သူတော်ကောင်းတွေရဲ့အသံကို ကြားတော့ သူယုတ်မာတွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ ထိတ်လန့်တုန်လှုပ် ခြောက်ခြားကုန်ကြတာ။ ဒါကြောင့် ပြည်သူတွေကို န.အ.ဖအာဏာရူးတစ်သိုက်က ယုတ်မာရက်စက်ကြတာပါ။

ပြည်သူတွေနှင့်တကွ ရဟန်းသံဃာတွေကို မတရားသဖြင့် အဓမ္မ၀ါဒတွေနဲ့ မင်းမဲ့စရိုက်အဖြစ် ယုတ်မာရက်စက်နေကြသော န.အ.ဖ အာဏာရူးတစ်သိုက်ကို သံဃာတော်များက ပြည်သူတွေကို ဦးဆောင်ပြီး စွမ်းဆောင်နေတဲ့သူကိုသာလျှင် စွမ်းဆောင်တယ်လို့ ခေါ်သလို၊ တာဝန်သိတဲ့သူမှသာလျှင် တာဝန်ရှိတယ်လို့ဆိုသလို မိမိတို့ရဲ့ ဒကာ၊ဒကာမများပေါ်မှာ၊ ပြည်သူများအပေါ်မှာ ရက်စက်ယုတ်မာနေသော န.အ.ဖအာဏာရူးတစ်သိုက်ကို ပြည်သူတွေနဲ့ ပူးပေါင်းပြီး၊ ရဟန်းသံဃာတော်များက ၈၈မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ပြောခဲ့သလို "သေခြင်းဟာ သေမင်းအလုပ်" "ရှင်ခြင်းဟာ ရှင်ခြင်းအလုပ်" သေခြင်းရှင်ခြင်းကိုလည်း ထည့်မတွက်နဲ့။ အမှန်တရားအတွက် ပြည်သူနှင့်အတူ ပြည်သူကို ဦးဆောင်ပြီး တွန်းလှန်ဖယ်ထုတ်ပြီးတော့ အဆုံးသတ်တိုက်ပွဲကို အမြန်ဆုံးလုပ်ဆောင်ကြပါလို့ ဘုရားတပည့်တော်မှ အနူးအညွတ် ပန်ကြားလျှောက်ထားလိုက်ပါတယ် သံဃာတော်အရှင်သူမြတ်များဘုရားလို့  ပြောကြားခဲ့တာပါ။

ယနေ့ ပြည်သူတွေ အလိုအပ်ဆုံးသည်ကား ခိုင်မာတောင့်တင်းသည့် အတွေးအခေါ်၊ ရဲရင့်ပြတ်သားသည့် ဦးဆောင်မှု၊ ထိရောက်သည့် တိုက်ပွဲများသာ ဖြစ်တယ်။

ပြည်သူတွေနဲ့အတူ စစ်အာဏာရူးတစ်သိုက်ကို တွန်းလှန်ဖယ်ထုတ်ကြစို့။

ရွှေဝါရောင် ဦးနေမိန္ဒ (နတ်မောက်)။

အပြည့်ဖတ်မည်...

အာဖျံရွှီး နအဖ ကျော်ဆန်းရဲ့  စပ်ဖြီးဖြီးနဲ့  ဟန်ပန်။
























ကာရာအိုကေဆိုလည်း မူးရူးပြီး ဆို …. အပျော်ဆိုလည်း မက် .. ဒါပေမယ့် စင်ပေါ်တက် မိန့် ချွန်းပြောရမယ်ဆိုရင်တော့ သန်းရွှေအကြိုက် ရွှန်းရွှန်းဝေအောင် ပြောတတ်တဲ့ ကျော်ဆန်း - အရှေ့ က နအဖပျံကြားရေးဝံကြီးတွေ ရာထူးကပြုတ်တော့ ဘ၀ပျက်ကုန်ကြတာ မသိတော့ သူ့ အလှည့်ရောက်တော့မယ် …

အပြည့်ဖတ်မည်...

Saturday, February 20, 2010

ဘ၀တစ်ပါးရောက်နေတာတောင် မေတ္တာတရားပြည့်ဝကြရင်

လူသားချင်း မေတ္တာတရားခေါင်းပါးသူများအတွက် သိစေရန် ….

ဆေးခန်းပိတ်ပြီး အိမ်ပြန်ဖို့ စီစဉ်နေတုန်း ည ၉နာရီလောက်မှာ ကျွန်တော့် ဆေးခန်းတံခါးကို ကသောကမြော ခေါက်သံ ကြားလိုက်ရပါတယ်။ ဆေးခန်းတံခါး လာခေါက်သံတွေထဲမှာ အခုလောက် အရေးတကြီး ကသုတ်ကရက်နိုင်တဲ့ တံခါးခေါက်သံမျိုး ကျွန်တော် တစ်ခါမှ မကြားခဲ့ဖူးပါဘူး။

“၀င်ခဲ့ပါ.. ၀င်ခဲ့ပါ.. ” ကျွန်တော် စိတ်မရှည်စွာ တုံ့ပြန်လိုက်မိပါတယ်။ အခန်းတံခါး ဆွဲဖွင့်သံကြားလိုက်ပြီး တံခါးဝမှာ ပေါ်လာတာက အသက် (၉) နှစ်ထက် ဘယ်လိုမှ ကြီးမဲ့ပုံ မရတဲ့ ကောင်မလေးတစ်ယောက်။ ကြည့်ရတာ ထိတ်ထိတ်လန့်လန့် တုန်တုန်ရီရီနဲ့၊ မျက်နှာတစ်ခုလုံး ဖြူဖွေးဖျော့တော့လို့ မျက်လုံးလေးတွေကလဲ ရီဝေညှိုးငယ်စွာနဲ့။

“ တောင်းပန်ပါတယ် ဆရာရယ် သမီး အမေ အသည်းအသန် ဖျားနေလို့ပါ။ သူဟာ သေလုမျောပါး ဖြစ်နေပါတယ်၊ အမေ့ကို ကယ်ပါဦး ဆရာရယ်၊ အိမ်ကို လိုက်ပြီး အမေ့ကို ကုပေးပါနော်”။

“ ဆရာက ဘယ်အိမ်ကိုမှ လိုက်မကုပါဘူး၊ သမီးအမေကိုသာ ဒီဆေးခန်းကို ခေါ်လာခဲ့ပါကွယ်” ။

“ဆရာရယ် အမေက ဘယ်လိုမှ မထနိုင်လို့ပါ၊ ဆရာသာ လိုက်မကြည့်ဘူးဆိုရင် သမီးအမေ သေရပါတော့မယ်.. သမီးကို သနားသဖြင့် လိုက်ကြည့်ပေးပါ ဆရာရယ်၊ သမီး တောင်းပန်ပါတယ်နော်” ။

ကလေးမလေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်ဥလေးများ တစ်လိမ့်လိမ့် ကျဆင်းလာရင်း နှုတ်မှလည်း အဆက်မပြတ် တိုးလျှိုးတောင်းပန်သံလေးက သနားစဖွယ်၊ ကျွန်တော့် နှလုံးသားထဲက ကြင်နာ သနားစိတ်တွေ ယိုဖိတ်လာတာနဲ့ ကလေးမလေးရဲ့ အိမ်ကို လိုက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆေးအိတ်ကို ကောက်ကိုင်လိုက်ရင်း ကလေးမလေးကို ရှေ့ကနေ လမ်းပြဖို့ပြောလိုက်တော့ ၀မ်းသာစိတ်နဲ့ လက်ခနဲဖြစ်သွားတဲ့ သူမရဲ့ မျက်လုံးလေးတွေက ချစ်စရာ၊ ကလေးမလေးက ဦးဆောင်ပြီး သူမအိမ်ရှိရာ လမ်းအတိုင်း လျှောက်လာကြပါတယ်။ (၁၀) မိနစ်ခန့် လျှောက်လာ ပြီးနောက် အိမ်ကလေး တစ်လုံးရှေ့ အရောက်မှာ အိမ်တံခါးကို ဆွဲဖွင့်လိုက်ပြီး ကျွန်တော့ကို အရင်ဝင်စေပါတယ်။

ကျွန်တော် အိမ်ထဲကို ရောက်သွားချိန်မှာ အိပ်ရာ ခပ်နွမ်းနွမ်းလေးထက်မှာ လှဲလျောင်းနေတဲ့ လူနာကို တွေ့လိုက်ရပါတယ်။ တော်တော်လေးကို နေမကောင်း ဖြစ်နေပုံပါ။ တစ်ကိုယ်လုံးလဲ ခြစ်ခြစ်တောက် ပူကျစ်နေပါတယ်။ လူနာဟာ သူ့လက်ကိုတောင် အပေါ်မြှောက်နိုင်တဲ့ အင်အားမရှိတော့ပါဘူး။
ဒါပေမဲ့ လူနာရဲ့ မျက်လုံးတွေက ဆရာဝန် ရဲ့ အကူအညီကို အသည်းအသန် လိုအပ်နေကြောင်းကို ဖော်ပြနေတယ်။ သူမကို ကယ်တင်ဖို့ တောင်းပန်နေတဲ့ အရိပ်အယောင် တွေကိုလဲ အတိုင်းသား မြင်နေရပါတယ်။

ကျွန်တော် လူနာအမျိုးသမီးကို လိုအပ်တဲ့ ဆေးကုသမှုကို ပေးဖို့ အမြန်ဆုံး ဆောင်ရွက် ပါတော့တယ်။ ထူးဆန်းတာက ခုနက ကျွန်တော့်ကို တောင်းတောင်းပန်ပန်နဲ့ လာခေါ်တဲ့ ကလေးလေးကို လုံးဝ ထပ်မတွေ့ရတော့ပါဘူး။

တစ်အိမ်လုံးမှာလည်း အခြားအိမ်သား တစ်ယောက် တစ်လေကိုမှ ကျွန်တော် မတွေ့မိပါဘူး။ တကယ်လို့ ဒီညသာ ကျွန်တော် ရောက်မလာဘူးဆိုရင် လူနာအမျိုးသမီးဟာ အသက် ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်ပါတယ်။

သူ့အဖျားက အတော်ကို စိုးရိမ်ရတဲ့ အခြေအနေမျိုးပါ။ အဖျားကျအောင် တစ်ညလုံးနီးပါး ကျွန်တော် ကြိုးစားပမ်းစား ကုသလိုက်ရပါတယ်။

မနက်မိုးလင်းခါနီးမှ လူနာဟာ စိတ်ချရတဲ့ အနေအထားကို ရောက်လာပါတယ်။ ကျွန်တော်က လူနာအမျိုးသမီးကို အိမ်ပြန်တော့မဲ့အကြောင်းနဲ့ ညနေပိုင်းလောက်မှ တစ်ခေါက် ပြန်လာကြည့်မဲ့အကြောင်း ပြောလိုက်ပါတယ်။ ပြီးတော့ ဆေးအိတ်ကို ဆွဲပြီး အိမ်ပြန်လာခဲ့ပါတယ်။


ညနေပိုင်း ဆေးခန်းမဖွင့်ခင် လူနာအိမ်ကို ကျွန်တော် ပြန်ရောက်သွားပြီး လူနာကို လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်ပါတယ်။ တော်တော်လေး အခြေအနေ ကောင်းသွားပါပြီ။ ခုတော့ လူနာဟာ စကားလဲ ကောင်းမွန်စွာ ပြောနိုင်တဲ့ အနေအထား ရောက်နေပါပြီ။ တစ်ညလုံး ကုသပေးခဲ့တဲ့အတွက် လူနာက ကျွန်တော့်ကို ကျေးဇူးစကား အထပ်ထပ် ဆိုပါတယ်။ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။ “တကယ်လို့ ကလေးမလေးသာ လာမခေါ်ရင် အဒေါ်ဟာ သေတောင် သေသွားနိုင်ပါတယ်။ သူ့ရဲ့ သနားစရာ တောင်းပန်မှုကြောင့်သာ မဟုတ်ရင် ကျွန်တော် ဒီကို ရောက်လာစရာ အကြောင်းမရှိပါဘူး။ သိပ်လိမ္မာ သိတတ်တဲ့ကလေးလေးပါဘဲဗျာ။ မိဘအပေါ် သိပ်သိတတ်တဲ့ ဒီလို ကလေးမျိုး မွေးထားရတာ အဒေါ်ဘယ်လောက်များ ဂုဏ်ယူလိုက်မလဲနော်”။

ကျွန်တော့စကားကြားတဲ့ လူနာအမျိုးသမီးရဲ့ မျက်နှာပြင်မှာ အပြောင်းအလဲများစွာနဲ့ အံ့သြတဲ့ အရိပ်အယောင်များ ဖြတ်ပြေးသွားပါတယ်။ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးတော့မှ စကားသံ ထွက်လာပါတယ်။

“ဆရာ ... ကျွန်မသမီးလေးက ဆုံးသွားတာ ၃နှစ်တောင် ရှိပါပြီ၊ ဟိုနံရံမှာ ချိတ်ထားတဲ့ ပုံဟာ သမီးလေးပုံပါ၊ ဆရာ ကျွန်မသမီးလေးကို သိလို့လားဟင်” ။

ကျွန်တော် ထိုင်ရာက ထပြီး နံရံမှာ ချိတ်ထားတဲ့ ဓာတ်ပုံအနီးကို တိုးကပ်ပြီး သေချာအောင် ကြည့်လိုက် မိပါတယ်။ သေချာပါတယ်၊ ဒီကလေးမဟာ မနေ့ညက ကျွန်တော့ဆေးခန်း တံခါးကို ခေါက်ပြီး ကျွန်တော့်ကို ဒီရောက်အောင် ခေါ်လာတဲ့ကလေးမလေးပါဘဲ။ ဒီရုပ်လေးကို ကျွန်တော် မှားစရာ အကြောင်းမရှိပါ။

ထူးဆန်း အံ့သြစိတ်တွေနဲ့ လှုပ်ရှားမှုကင်းမဲ့စွာ ဓာတ်ပုံရှေ့မှာ အကြာကြီးရပ်နေမိပါတယ်။ ပြီးတော့ လေးလေး နက်နက် စဉ်းစားနေမိတယ်။ မနေ့ညက တံခါးခေါက်သံဟာ ခုချိန်ထိ သူ့အာရုံမှာ ထင်ထင်ရှားရှား ရှိနေတုန်းပါ။

သူ့ကို ကလေးမလေးဟာ ဒီနေရာထိအောင် ခေါ်လာတယ် ဆိုတာလဲ သူ့အနေနဲ့ မမှတ်မိစရာ
မရှိပါ။

အင်း၊ ဒါဟာ မေတ္တာတရားရဲ့ ထူးခြားဆန်းကျယ်မှုဘဲ ဖြစ်မှာပါ။ ခေါင်းကို တစ်ဆတ်ဆတ် ငြိမ့်မိရင်း ကျွန်တော် တစ်ချက် ပြုံးလိုက်မိပါတယ်။ အဒေါ်ကြီးကိုတော့ ကလေးမလေး အကြောင်း ဘာမှ ထပ်မပြောမိတော့ပါဘူး။

တစ်ခါတစ်လေမှာတော့ သိပ္ပံပညာက လိုက်မမီတဲ့ အရာတွေဟာ ဒီလောကကြီးထဲမှာ ရှိနေတတ်တယ်ဆိုတာ သူလက်ခံလိုက်မိပါတယ်။

(ဘ၀တစ်ပါးရောက်နေတာတောင် မေတ္တာတရားပြည့်ဝကြရင် လက်ရှိဘ၀မှာ မေတ္တာတရားလက်ဆုတ်ကိုင် မထားနိုင်ကြသူတွေ … လူသားအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ …. ) ။

အပြည့်ဖတ်မည်...

အမျိုးသားပြန်လည်သင့်မြတ်ရေးသူရဲကောင်းဆု။



















ယနေ့ ပြုလုပ်သော ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များမှ ပြန်လည်လွတ်မြောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒုဥက္ကဌ ဦးတင်ဦးအား ဂုဏ်ပြုပွဲတွင် ချင်းအမျိုးသားများမှ အမျိုးသားပြန်လည်သင့်မြတ်ရေးသူရဲကောင်းဆုကို ချီးမြင့်လိုက်သည်။
























အခမ်းအနားကို ၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ဗဟိုအလုပ်မှုဆောင်ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ် အဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားကို နံနက် (၁၀) နာရီတွင် စတင်ကျင်းပပြီး နေ့ လည် (၁၂) နာရီခန့် တွင် ပြီးဆုံးခဲ့သည်။









































(သတင်း ပေးပို့ မျှဝေလာသော မြတ်လေးငုံအား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

Friday, February 19, 2010

အရည်အချင်း မရှိဘဲ တိုင်းပြည်ကို ချယ်လှယ်နေသော သန်းရွှေနဲ့  အပေါင်းအပါများအား တိုက်ရိုက် ရည်ညွှန်းပါသည်။



(ပေးပို့ လာသော ကိုအောင်ဇေယျအား အထူးကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

နေပြည်တော်သို့ မေးလ်ဖွင့်ပေးစာ။



















ငါတို့က အမှောင်ထဲ နေထိုင်ရချိန်
နေပြည်တော်မှာ မီးတွေထိန်လို့ ။

ဘ၀အသစ်တွေ တည်ပေးပါ
မြို့သစ်တွေ မလိုပါဘူး ။

သေရွာမပါတဲ့ အာဏာနဲ့
မာယာတွေ မလိုပါဘူး ။

ဆက်ဒမ်ဟူစိန်၊ ဟစ်တလာ
နပိုလီယမ်လည်း မလိုပါဘူး ။

ရွှေကို မလို၊ ရေကိုသာ လို၏
နာမည် "အေး" မလို၊ နောင်ရေးအေးဖို့သာ လို၏
စိန်ကို မလို၊ လိမ္မာရစ်ကြဖို့သာ လို၏ ။ **

တို့ဗမာပြည် ကောင်းစားဖို့ အရေး...
ဒေါင်းများသွေးနဲ့ စု-တည်
အခုညီရင် အခုရလိမ့် ။

ယုတ်မာပက်စက်လှသူတွေ
ကျလူတွေ ဖြစ်ရဦးလိမ့် ။

တစ်ပတ်လည် ကံကြမ္မာ
၂၀၁၀ မှာ မြင်ကြရလိမ့် ။ ။

ညိုကြီး

(၂၀၁၀၊ ဇန်န၀ါရီ)။

(** ဆရာတော်ဦးဝိစာရပျံလွန်တော်မူခါနီး ဆုံးမစကား = လိမ္မာရစ်ကြပါ)။






















(ယခုကဗျာအား မေးလ်ဖြင့် ပေးပို့ လာသော ကိုညိုကြီး http://bigbbrown.blogspot.com/ အား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

အင်းစိန် GTI ကျောင်းကို နအဖလက်ပါးစေ ကြံ့ ဖွတ်များက သိမ်းပိုက်ကာ ကျောင်းသားများ၏ ပုံရိပ်သမိုင်းများအား ဖျက်ဆီးပစ်လိုက်ခြင်း။

























ကြံ့ ဖွတ်၏ ပြောင်းလဲခြင်းကို ခံလိုက်ရသော GTI ကျောင်းတော်ကြီး။

အပြည့်ဖတ်မည်...

Thursday, February 18, 2010

နအဖက တရုတ်နိုင်ငံနဲ့  ပေါင်းပြီး ကိုယ်ကျိုးရှာနေချိန်မှာ နအဖကြောင့် မြန်မာမိန်ကလေးပျိုတွေဘ၀ကတော့ တရုတ်နိုင်ငံမှာ …

အပြည့်ဖတ်မည်...

အလုပ်သမားဆန္ဒပြပွဲများအား ပြည်သူတစ်ရပ်လုံးက ၀န်းရံပေးကြပါရန်။

Joint Statement for Workers Strike

အပြည့်ဖတ်မည်...

နအဖက သံဃာတော်တွေကို မတရား ပြုလုပ်နေတုန်းဘဲ။

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာလှုပ်ရှားမူကြီးထဲမှာ ထင်ထင်ရှားရှား ပါဝင်ခြင်းမရှိပေမဲ့ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းတိုက်ချိန်မှာ ပြည်သူတွေကို အဓိက အကူအညီပေးခဲ့တဲ့ ငါးထပ်ကြီးကျောင်းတိုက်က သံဃာတပါးဖြစ်တဲ့ ဦးဃောသိတကို ရန်ကုန်လေဆိပ်မှာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၆ရက်နေ့ မှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၃ခုနဲ့  မနေက အင်းစိန်ထောင်တရားရုံးမှာ ထောင် ၇ နှစ်ချလိုက်ပါတယ်။

အပြည့်ဖတ်မည်...

Wednesday, February 17, 2010

နအဖအနွယ်များသာ ပိုင်သော ပုဂ္ဂလိကပိုင်ဆိုင်မှု (သို့ ) လူတစ်စုသာ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု (သို့ ) နိုင်ငံတော်သူခိုးကြီးများ ပိုင်ဆိုင်မှု။





























နိုင်ငံတစ်နိုင်ငံမှာ တိုင်းပြည်ရဲ့  ပင်မ၀င်ငွေနဲ့  အမျိုးသားတစ်ရပ်လုံးအတွက် အရေးကြီးတဲ့ နိုင်ငံအတွက် အဓိကကျစေတဲ့ လုပ်ငန်းကြီးတွေကိုမှ နအဖက သူရဲ့  ဆွေမျိုးသားချင်းများနဲ့  ပုဂ္ဂလိကအမည်ခံပြီး တိုင်းပြည်ဘဏ္ဍာကို ခိုးနေတဲ့ စီးပွားရှင်သူခိုးကြီးများလက်ထဲ အကုန်လွှဲပြောင်းပိုင်ဆိုင်စေနေတာတွေနဲ့ ပါတ်သက်ပြီး ဖတ်လိုက်ရတဲ့ ရေးသားမှုတစ်ခုကို မျှဝေပေးလိုက်ပါတယ်။

တိုင်းပြည်တစ်ပြည်ရဲ့ အဓိကကျတဲ့ အရေးကြီးတဲ့လုပ်ငန်းတွေကို နအဖဗိုလ်ချူပ်ကြီး မိသားစုတွေပါမက မြန်မာပြည်ရဲ့ အမျိုးသားစီးပွားရေး လုပ်ငန်းမှန်သမျှ မောင်ပိုင်စီး လက်ဝါးကြီးအုပ်နေကြတဲ့ တေဇ၊ ဦးပိုင်၊ ဇော်ဇော် အစရှိတဲ့ တိုင်းပြည်သယံဇာတကို ခိုးနေကြတဲ့ သူခိုးကြီးများ၊ အောင်သောင်း အစရှိတဲ့ နအဖ၀န်ကြီးများက ပုဂ္ဂလိကပိုင်အမည်ခံ သူတို့ ပိုင် ဗြောင်ကြီးလွှဲပြောင်းလုပ်နေတာကြောင့် နအဖဟာ အမျိုးသားစီးပွားရေးကို ဖျက်ဆီးပစ်နေသော အမျိုးသားသစ္စာဖောက်များသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ယခုလထုတ် Living Colour မဂ္ဂဇင်းမှာ ဖေါ်ပြထားတဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘောဂဗေဒဌာန အငြိမ်းးစား ပါမောက္ခ ဒေါက်တာမောင်မောင်စိုးနှင့် တွေ့ဆုံခြင်း ရေးသားချက်ကို ပြန်လည်မျှဝေလိုက်ပါတယ်။

Living Colour မေး။ ပုဂ္ဂလိကကဏ္ဍကူးပြောင်းရေးအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ တော်လှန်ရေးအစိုးရတက်လာတုန်းက Nationalization လုပ်တယ်ဆိုပြီး ကုန်စုံဆိုင်ပါမကျန် ပြည်သူပိုင်သိမ်းတယ်။ SOE ( နိုင်ငံပိုင်လုပ်ငန်း ) Small Business အထိ၊ အကုန်နိုင်ငံပိုင်သိမ်းတယ်။ နောက် အခု မအောင်မြင်တော့ Privatization ပြန်လုပ်ရတယ်။ အဲတော့ ဒီမှာမေးရမှာက ဘာ့ကြောင့် ပုဂ္ဂလိကပိုင် ပြန်လုပ်တာလဲပေါ့။ သေချာတာတစ်ခုကတော့ အကျိုးဖြစ်နေတာတွေ့လို့ ပြည်သူပိုင်သိမ်းတာ၊ ကိုယ့်လက်ထဲကျမှ မအောင်မြင်လို့ ပုဂ္ဂလိကပြန်ပေးတာ။ ဒီတော့ လုပ်ငန်းက နဂိုကတည်းက အောင်မြင်နေတဲ့ လုပ်ငန်းဖြစ်တော့ လုပ်ငန်းက မကောင်းတာမဟုတ်ဘူး။ အသုံးပြုတဲ့သူ ညံ့တာ။

Living Colour မေး။ ဒါဆို Nationalization ဘာလို့ လုပ်ပြီး Privatization ဘာလို့ ပြန်လုပ်တာလဲ ဆရာ။

ဖြေ။ Nationalization တို့၊ Privatization တို့ဆိုတာ တက်လာတဲ့အစိုးရပေါ် မူတည်တယ်။ ဆိုရှယ်လစ် သို့မဟုတ် ကွန်မြူနစ်အစိုးရဆိုရင် Nationalization လုပ်လေ့ရှိတယ်။ လုပ်ဖို့ အာသီသ ရှိတယ်။ ဒီနေရာမှာ ပြောဖို့လိုလာတာက ပြည်သူပိုင်သိမ်းတဲ့ အစိုးရကသိမ်းပြီး ပုဂ္ဂလိကပိုင်ပြန်လုပ်တဲ့ အစိုးရက လုပ်တယ်။ ပြည်သူပိုင်သိမ်းတာလည်း အစိုးရပဲ။ ပုဂ္ဂလိကပိုင်ပြန်လုပ်တာလည်း အစိုးရပဲ။ ဒါပေမယ့် အစိုးရ ပုံသဏ္ဍာန်မတူတော့တာပဲ ရှိတယ်။ နိုင်ငံပိုင်သိမ်းပြီး ပုဂ္ဂလိကပိုင် ပြန်လုပ်တဲ့နေရာမှာ ဘယ်သူ့ကို ပေးမလဲ၊ နဂိုမူလပိုင်ရှင်ကို ပြန်ပေးမှာလား၊ နောက်လူသစ်ကိုပေးမလား၊ လေလံသဘောအရ အမြင့်ဆုံးဈေးပေးနိုင်သူကို ပေးမလား။ ဒါသိပ်အရေးကြီးတယ်။ Privatization လုပ်တဲ့နေရာမှာ အောင်မြင်တယ် ၊ မအောင်မြင်ဘူးဆိုတာ Privatization လုပ်တဲ့သူ၊ ပေးပိုင်ခွင့်ရှိသူပေါ်မှာပဲ မူတည်တယ်။

Living Colour မေး။ Privatization ကူးပြောင်းတဲ့အခါ ဘယ်လို ပုံစံမျိုး ပြောင်းသင့်သလဲ။ နည်းနည်းလောက် ရှင်းပြပေးပါလား ဆရာ။

ဖြေ။ Privatization ကူးပြောင်းရေးဆိုတဲ့ Process ကိုစဉ်းစားရင် အရင်ဆုံး လုပ်ပိုင်ခွင့်ချပေးရမယ်။ ဒီကမှတစ်ဆင့် Privatization ပေးရမယ်။ တစ်ခါတစ်လေကျရင် Privatization တော့ ပေးထားပေမယ့် လုပ်ပိုင်ခွင့်ကို မပေးတာမျိုးတွေ တွေ့ဖူးတယ်။ ဒါမျိုးဆို Privatization က မအောင်မြင်နိုင်ဘူး။ Privatization မပြောင်းခင် လုပ်ပိုင်ခွင့်စပေးပြီး လုပ်ပိုင်ခွင့်ကို အသားကျအောင် လုပ်ပေးပြီးမှ Privatization ပြောင်းရမယ်။ Mature မဖြစ်သေးဘဲ ပြောင်းလို့မရဘူး။ ပြောင်းလိုက်ရင် အခက်အခဲ ဖြစ်နိုင်တယ်။ နောက်တစ်ခုက reprivatization ဆိုတာရှိသေးတယ်။ ဥပမာ- Privatization ကူးပြောင်းရာမှာ A ကလုပ်ပိုင်ခွင့်ရတယ်၊ ဒါပေမယ့်သူက မလုပ်တတ်တော့ B ကို အခကြေးငွေ သတ်မှတ်ပြီး ပြန်ရောင်းတယ်။ တစ်နည်းအားဖြင့် Privatization ကို မှောင်ခိုလုပ်တာပေါ့။ ပိုလန်မှာ Privatization လုပ်တော့ ပိုလန်လူဦးရေရဲ့ ၅ ရာခိုင်နှုန်းသာ တကယ့်ကို လူချမ်းသာစာရင်းဝင်သွားပြီး ကျန် ၉၅ ရာခိုင်နှုန်းကတော့ ဆင်းရဲမြဲ ဆင်းရဲနေသေးတယ်။ ဒါကြောင့် လူတစ်စုသာ ချမ်းသာတဲ့ Privatization မဖြစ်သင့်ဘူး။ Privatization လုပ်ရာမှာလည်း Monoculture ရှိတဲ့ လုပ်ငန်းတွေကို တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ကသာ လုပ်သင့်တဲ့ လုပ်ငန်းမျိုး၊ ဥပမာ-လျှပ်စစ်၊ ရေပေးဝေရေးစသဖြင့် လုပ်ငန်းတွေကိုတော့ Privatization မလုပ်သင့်ဘူး။ ဘာလို့လဲဆိုတော့ Monoculture ရှိတဲ့လုပ်ငန်းတွေက အမြတ်အများကြီးရနိုင်တော့ အကျိုးအမြတ်ရှေးရှုတဲ့ လုပ်ငန်းရှင်တွေ လက်ထဲရောက်သွားရင် စားသုံးသူတွေအတွက် ဆိုးကျိုးများနိုင်တယ်။ အဲဒီတော့ ပုဂ္ဂလိကပိုင် လုံးဝကူးပြောင်းရမယ့် လုပ်ငန်းတွေနဲ့ ပုဂ္ဂလိကပိုင် မလုပ်ရမယ့်လုပ်ငန်းတွေကို ကွဲကွဲပြားပြား သိထားဖို့လိုတယ်။ ပုဂ္ဂလိက သီးသန့်ပေးရမယ့်ဟာတွေကိုတော့ အစိုးရက ၀င်မစွက်ဖက်ဘဲ လွတ်လပ်စွာ လုပ်ခွင့်ပေးရမယ်။

တစ်နည်းအားဖြင့် Nationalization တုန်းက Macro အမြင်၊ Privatization ကတော့ Micro အမြင်နဲ့ ကြည့်ရမယ်။ ဒီတော့ Privatization က သူ့အကျိုးအမြတ်ပဲ ရှေးရှုမယ်။ နိုင်ငံတည်ငြိမ်ရေးတို့၊ စားသုံးသူ အကျိုးအမြတ်တို့ ဒါကိုမကြည့်နိုင်ဘူး။ ဒီတော့ Macro ရှုထောင့်ကနေ လုပ်ရမယ်။ အများအတွက် ဦးတည်ချက်ထားရတဲ့ လုပ်ငန်းမျိုးကို Private (ပုဂ္ဂလိကပိုင်) မပေးသင့်ဘူး။


Market Economy မှာ တိုင်းပြည်ကြီးပွားတိုးတက်ချင်ရင် အစိုးရ၀င်စွက်ပေးရတယ်။ မစွက်လို့မရဘူး။ ဒါပေမယ့် စွက်တဲ့နေရာမှာ ဘယ်လိုစွက်ရမလဲဆိုရင် ဈေးကွက်မှာ လုပ်ငန်းတစ်ခုက အရမ်းကှို Strong ဖြစ်လာရင် ဈေးကွက်ရဲ့အနည်းဆုံး ၂၅ရာခိုင်နှုန်း ပိုင်လာပြီဆိုရင်၊ Monopoly သဘောမျိုးလုပ်လာတော့မယ်ဆိုရင်၊ သူကဈေးကွက်ကို လက်ဝါးကြီးများများအုပ်လာရင် စားသုံးသူ ၀န်ပိလေပဲ ။ စားသုံးသူ ၀န်ပိလေလေ စီးပွားရေးလည်ပတ်မှု နှေးကွေးလေပဲ။ ဒါကို မဖြစ်ဖို့ အစိုးရအနေနဲ့က တခြားလုပ်ငန်း တစ်ခုကို ပံ့ပိုးပေးရမယ်။ အဲဒီလုပ်ငန်းတက်လာမှ ဈေးကွက်အပြိုင်ဖြစ်သွားပြီး တစ်ယောက်ကလည်း သူ့လုပ်ငန်းမကျချင်တော့ စားသုံးသူကို အပြိုင်ဆွဲဆောင်ရတယ်။ ဒီတော့ ထုတ်လုပ်သူ လက်ဝါးကြီးအုပ် မခံရတော့ဘူး။

Living Colour မေး။ ဒီလိုဆို ပုဂ္ဂလိကပိုင်လုပ်တဲ့နေရာမှာ အများကြီး သတိထားဖို့ လိုတာပေါ့နော် ။

ဖြေ။ ကျွန်တော့်အတွေ့အကြုံအရ Privatization လုပ်လိုက်လို့ လူတန်းစားကွာဟချက် ပိုကြီးသွားတာမျိုး တွေရှိတယ်။ ဒီတော့ လက်တစ်ဆုပ်စာလောက်ပဲ ချမ်းသာမယ့် Privatization ကို ရှောင်ဖို့လိုအပ်တယ်။ ဒီနေရာမှာ Privatization မအောင်မြင်တာ ဈေးကွက်အပြစ်မဟုတ်ဘူး ။

အပြည့်ဖတ်မည်...

Monday, February 15, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒုဥက္ကဌ (သူရ) ဦးတင်ဦး ရွှေတိဂုံဘုရားသို့  သွားရောက်ဖူးမျှော်။




















































(ဓါတ်ပုံများပေးပို့ လာသော မိတ်ဆွေများအား ကျေးဇူးတင်ရှိပါသည်)။

အပြည့်ဖတ်မည်...

Sunday, February 14, 2010

မျိုးဆက်သစ်လူငယ်များအတွက် “သုခအလင်း” စာကြည့်တိုက်။






























“မွေးဖွားခြင်းနှင့် သေဆုံးခြင်း” စကားအရ “ဖြစ်လျှင်ပျက်မည်” ဖြစ်သော်ငြားလည်း ဖြစ်ချင်းပျက်ချင်းတို့သည် ရုပ်ဝတ္ထုတို့နှင့်သာ သက်ဆိုင်သည်။ စိတ်သတ္တိ နှင့် မသက်ဆိုင်ချေ။

ခိုင်မာသော စိတ်ဓာတ်နှင့် ရဲရင့်သော ခံယူချက်တို့ကို မည်သည့်အရာကမှ မဖျက်ဆီးနိုင်ချေ။
ဖြစ်ခြင်းနှင့် ပျက်ခြင်းကြားကာလ . . . ။

မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကြား...ကာလ၌ အများအတွက် အကျိုးပြုမည့်၊ အကျိုးရှိမည့် အရာများကို ဖန်တီးတည်ဆောက်ပေးရမည့် တာဝန်မှာ ကျွန်တော်တို့ လူမှုရေးသမားများ၏ တာဝန်ဖြစ်သည်။

ကျွန်တော်တို့သည် ဘဘဦးသုခ ရည်မှန်းမျှော်လင့် မျိုးဆက်ချပေးခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဖွဲ့စည်းတည်ထောင်၍ ပြည်သူလူထုတို့ကို ပံ့ပိုးကူညီခဲ့ရာမှ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူသော အခမဲ့ဆေးဝါးကုသပေးသော ကုသိုလ်ကို ရယူခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ဖန် . . . “သုခအလင်း” စာကြည့်တိုက်ဟူ၍ မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်လျှက် မွေးဖွားခဲ့ပြန်ပါသည်။



















“သုခအလင်း” အဓွန့်ရှည်ရေး၊ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကျွန်တော်တို့၏ စိတ်ဓာတ်၊ ခံယူချက်တို့ ခိုင်မာရဲရင့်ဖို့ လိုအပ်ပါသည်။



















ထို့ကြောင့် ကျွန်တော်တို့သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ခိုင်မာသော ဆုံးဖြတ်ချက်၊ ရဲရင့်သော ခံယူချက်များ ဖြစ်သော . . .

“ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ . . . ၊ ယင်းမှောင်မိုက်အတွင်းမှနေ၍ အရှုံမပေးသော ငါ့စိတ်ကို ဖန်ဆင်းပေးသူ နတ်၊ သိကြားကို ငါသည် ကျေးဇူးစကားဆိုပါ၏။ လောကဓံတရား၏ လက်ခုပ်အတွင်းသို့ ဘယ်လိုပင်ကျရောက်စေကာမူ ငါကား မတုန်မလှုပ်၊ မငိုကြွေး။ လောကဓံတရား၏ ရိုက်ပိုက်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏၊ သို့သော် ညွတ်ကားမညွတ်။

လောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏။ သို့ပင်မူ ငါ့အားမတုန်လှုပ်သည်ကိုသာ တွေ့ရပေအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရပေအံ့။” . . . ဟူသောစကားလုံးများသည် ကျွန်တော်တို့အတွက် ခိုင်မာရဲရင့်သော အားဆေးများပင်ဖြစ်တော့သည်။



















ဗိုလ်ချုပ်ရဲ့ အားဆေးများနှင့် ဘဘဦးသုခရဲ့အမွေ (လူမှုရေး၊ ဘာသာရေး) ကိုထပ်မံတိုးပွားမှုပြုခဲ့သော ဤ”သုခအလင်း” စာကြည့်တိုက်ကို ဗိုလ်ချုပ်ရဲ့မွေးနေ့ဖြစ်သော ၁၃.၂.၂၀၁၀ ရက်နေ့တွင် မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်လျက် နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာ နေရာဌာန၌ မွေးဖွားခဲ့ပြီဖြစ်ပါသည်။



















ကျွန်တော်တို့သည် မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်၍ ဘဘဦးသုခမျိုးစေ့ချပေးသော လူမှုရေးစိတ်ဓာတ်နှင့် ဖြစ်ပေါ်လာမည့်၊ ဖြစ်ပေါ်လတ္တံ့၊ ဖြစ်ပေါ်နေဆဲ အတိုက်အခိုက်၊ အနှောက်အယှက်၊ အဖျက်အဆီး၊ အတားအဆီးမှန်သမျှကို ကျွန်တော်တို့၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲရဲတော်စကားလုံးများကို လက်ခံကျင့်သုံးကာ ကျွန်တော်တို့၏ ဘဝပန်းတိုင်၊ ပြည်သူတို့၏ ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်အောင် ဤ”သုခအလင်း”နေရာဌာနမှ မလျော့သောဇွဲနှင့် လက်တွဲမဖြုတ် ချီတက်ကြပါမည်ဟု သန္နိဌာန်ချလိုက်ပါသည်။



















ဘဘဦးသုခနှင့် ဖခင်ဗိုလ်ချုပ်အောင်ဆန်းတို့ ရောက်ရာမြင့်မြတ်သော ဘုံဌာနအသီးအသီးမှ သာဓု . . သာဓု . . .သာဓု . . ခေါ်ဆိုပါလေတော့ . ..

ကျော်သူ။

အပြည့်ဖတ်မည်...

အာ ဏာ ရူး ကြီး မှူး ကြီး သန်း ရွှေ။






























၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီ (၁၄) ရက်နေ့  ချစ်သူများနေ့ အတွက် “ဖေဖေါ်ဝါရီဆယ့်လေး” ကဗျာရဲ့  စာကြောင်းတစ်ကြောင်းချင်းစီတိုင်းရဲ့  ထိပ်ဆုံးအစ စာလုံးလေးတွေကို “အာ ဏာ ရူး ကြီး မှူး ကြီး သန်း ရွှေ” လို့  ရဲဝန့် စွာ ရေးသားဖေါ်ပြခဲ့လို့  နအဖခေါင်းဆောင်ကြီးသန်းရွှေကနေ အမုန်းမာန်နဲ့  မတရားထောင်ချခံခဲ့ရတဲ့ ကဗျာဆရာ ကိုစောဝေ ကို ကျွန်တော်တို့  လေးစားဂုဏ်ပြုသလို မမေ့သော သမိုင်းမှတ်တမ်းအနေနဲ့  တည်မြဲနေမှာပါ။
























ကဗျာဆရာ ကိုစောဝေ ချစ်ခင်နှစ်သက်ရသူများနဲ့  ဝေးကွာနေရခြင်းမှ အမြန်ကင်းဝေးပါစေ။

အပြည့်ဖတ်မည်...

Saturday, February 13, 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ရဲ့  ဒုတိယဥက္ကဌ (သူရ) ဦးတင်ဦး နေအိမ်အကျယ်ချူပ်ကနေ လွတ်ပါပြီ။

အပြည့်ဖတ်မည်...

အာဏာရူးတွေရဲ့  မြေးတွေရဲ့  ဘ၀နဲ့  ပြည်သူ့ ရင်သွေးတွေရဲ့  ဘ၀တွေ ကွာခြားလွန်းပါတယ်။

ဗိုလ်ချူပ်အောင်ဆန်း မွေးနေ့  ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ ကို မြန်မာနိုင်ငံကလေးများနေ့ အဖြစ် သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံက ကလေးများဆိုပေမယ့် အာဏာရူးတွေရဲ့  မြေးတွေရဲ့  ဘ၀နဲ့  ပြည်သူ့ ရင်သွေးတွေရဲ့  ဘ၀တွေ ကွာခြားလွန်းပါတယ်။

အာဏာရူးသန်းရွှေဟာ သူ့ သားသမီးတွေတင်မကဖူး မြေးတွေအထိပါ ဘ၀တွေ ကြီးပွားအောင် လုပ်နေချိန်မှာတော့ ပြည်သူ့ ရင်သွေးတွေကတော့ ငတ်ပြတ်ဆင်းရဲသေကြေနေရတယ်။

































နအဖအာဏာရူးတွေ စိုးမိုးချယ်လှယ်နေတဲ့လက်အောက်မှာ မြန်မာကလေးသူငယ်များဟာ ဘ၀ဆိုးရွားလွန်းလှပါတယ်။



























တိုင်းပြည်တစ်ပြည်ရဲ့  အနာဂတ်မျိုးဆက်သစ် ရတနာတွေ ဖြစ်တဲ့ ပြည်သူ့ ရင်သွေးငယ်တွေ ဘ၀ဖူလုံအေးချမ်းသာယာဖို့ အတွက် အာဏာရူးနအဖတွေကို ဖယ်ရှားနိုင်မှသာလျှင် ကျွန်တော်တို့  ပြည်သူ့ သားသမီးတွေ လူဖြစ်ရကျိုး နပ်ကြမှာပါ။





































































































ယနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံကလေးများနေ့ (ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ) မှာ ပြည်သူ့ ရင်သွေးရတနာများ ဘ၀သာယာစိုပြေလှပပါစေလို့  ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

အပြည့်ဖတ်မည်...