ADOXY Cellfood အကြောင်းပါ ရေးသားချက်နှင့် ပတ်သက်၍ ရှင်းလင်းချက်။
ADOXY Cellfood အကြောင်းပါ ရေးသားချက်နှင့် ပတ်သက်၍ ရှင်းလင်းချက်။
မကြာခင်က ရေးသားဖေါ်ပြခဲ့တဲ့ ADOXY အကြောင်းနဲ့  ပတ်သက်၍ ရှင်းလင်းချက် ဖြစ်ပါတယ်။
ADOXY Cellfood (ခေါ်နေကြတဲ့ နတ်ဆေး ဒါမှမဟုတ် ကျန်းမာရေးအထောက်အကူပြု သဘာဝ ဆဲလ်အဟာရအရည်) ဆိုပြီး ထုတ်လုပ်ရောင်းချနေတဲ့ တံဆိပ်အမည်ဟာ “ADOXY” ဖြစ်ပြီး အခြားသော အမည်ဆင်သည့် ADOXA (DOXYCYCLINE HCL) Antibiotic ဆေးရဲ့  ဆိုးကျိုးများနဲ့  မှားယွင်းစွာ ဖေါ်ပြမိတဲ့အတွက် မူရင်းဆောင်းပါးရှင် ဒေါက်တာပြည့်ဖြိုးအောင်ရဲ့  မူလရေးသားဖေါ်ပြမှုနဲ့  လွဲချော်သွားတဲ့အတွက် ဦးစွာပထမ ဒေါက်တာပြည့်ဖြိုးအောင်ကို တောင်းပန်ပါတယ်၊ ထို့ အတူ ဒီရေးသားချက်ကို ဖတ်ရှူကြတဲ့ မိတ်ဆွေအပေါင်းအတွက် ADOXY Cellfood နဲ့  ADOXA Doxycycline နှစ်ခုအကြောင်း ရောထွေးသွားစေတဲ့အတွက် တောင်းပန်အပ်ပါတယ်။ အမည်တူပေမယ့် ဆေးမူရင်း ဆေးပညာအခေါ်ကို သတိမထားလိုက်မိဘဲ အမည်တူကို ကြည့်ရှူမိပြီး စေတနာဇောနဲ့  အလျင်စလို သတိပေးဖေါ်ပြလိုက်မိတဲ့အတွက် ကျွန်တော် နစ်နေမန်း၏ မှားယွင်းချက်သာ ဖြစ်ကြောင်းနှင့် ဒေါက်တာပြည့်ဖြိုးအောင် (https://www.facebook.com/pyaephyoaung) နှင့် မည်သို့ မျှ မသက်ဆိုင်ပါကြောင်း ပြောကြားလိုပါတယ်။ လွဲမှားဖေါ်ပြမှုအား ထောက်ပြပြောဆိုပေးကြသည့် မိတ်ဆွေအပေါင်းအားလည်း အထူးကျေးဇူးတင်ရှိပါတယ်။ မှားယွင်းစွာ ဖေါ်ပြမိခဲ့သည့် ADOXA (DOXYCYCLINE HCL) Anti-biotic ဆေးရဲ့  ဆိုးကျိုးများမှာလည်း သိသင့်သိထိုက်သော သတိထားသင့်သော အချက်များ ဖြစ်ပါတယ်။
ADOXY Cellfood (ခေါ်နေကြတဲ့ နတ်ဆေး ဒါမှမဟုတ် ကျန်းမာရေးအထောက်အကူပြု သဘာဝ ဆဲလ်အဟာရအရည်) ဆိုသည်မှာ ရေ (သို့ ) အရည်ထဲသို့  ဆေးစက်ချကာ အဆိုပါ ရေ (သို့ ) အရည်အား သောက်သုံးခြင်းဖြင့် ဆေးဓါတ်ကြောင့် - ရေ (သို့ ) အရည်ထဲမှ အောက်ဆီဂျင်ဓါတ်ကို ခွဲထုတ်ယူကာ လူအတွက် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ဓါတ် (Splitting Water Technology) အား လူ့ ခန္ဒာကိုယ်ဆဲလ်များသို့  ဖြည့်ဆီးပေးနိုင်သည်ဟုဆိုသည့် နည်းလမ်းကို အသုံးပြုထားသည့် သာမန် အောက်ဆီဂျင်ဓါတ်အား ပံ့ပိုးဖြည့်ဆီးပေးရန် ရည်ရွယ်သည့် အထောက်အကူပြု ပစ္စည်းတစ်ခုသာ ဖြစ်ပေသည်။ ရောဂါဝေဒနာများအား တိုက်ရိုက်ပျောက်ကင်းစေသည့် ကုသမှုဆိုင်ရာ ဆေးဝါး မဟုတ်ပေ။ ဤနေရာတွင်လည်း Cellfood တွင် မည့်သည့်ဓါတုပစ္စည်းများ ပါဝင်၍ မည်သို့  အောက်ဆီဂျင်ကို ရရှိစေနိုင်သလည်းဆိုသည်ကို တိတိကျကျ သိရှိရန် လိုအပ်ပေသည်။ ထို့ အတူ Cellfood တွင် ပါဝင်သည့် ဓါတုပစ္စည်းများ၏ ကောင်းကျိုးဆိုးကျိုးနှင့် ပါဝင့်သည် ပမာဏအတိုင်းအတာကိုလည်း သိရှိသင့်ပေသည်။ အဆိုပါ Cellfood သုံးစွဲမှုကြောင့် မည်သည့်ရောဂါကိုမျှ တိုက်ရိုက်ပျောက်ကင်းစေခြင်း မရှိဘဲ၊ သုံးစွဲမှုကြောင့် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ ၀မ်းသွားခြင်းတို့  ဖြစ်တတ်ပါတယ်။
သို့ သော်လည်း ဤ Cellfood များ၏ မူလအတိုင်းအတာထက် ပိုပြီး ရောဂါပေါင်းစုံဘဲ အလျင်အမြန်ပျောက်သွားနိုင်သလို ကျန်းမာရေးနှင့် ပတ်သက်၍ အရာရာကိုဘဲ စွမ်းဆောင်နိုင်သလိုလိုနှင့် လိမ်ညာကြော်ငြာနေမှုများ၊ ဈေးနှုန်းမတရားမြှင့်၍ နတ်ဆေးပမာ ညွှန်းဆိုကာ ရောဂါဝေဒနာသည်များအား အဆမတန် ရောင်းချနေမှုများသည် ဆိုးရွားလှပေသည်။
ဤ Cellfood နှင့် ပတ်သက်၍ ရေးသားဖေါ်ပြလိုသည့် အဓိကအကြောင်းရင်းမှာ အတ္တသမား စီးပွားရေးသမားကြီးများ၏ အလွန်အကျူး ညွှန်းကာ ရောဂါပေါင်းစုံပျောက်သည့် ကုသဆေးပမာ ဈေးနှုန်းမတန်တဆနှင့် ရောင်းကောင်းအောင် ရောဂါပေါင်းစုံ ပျောက်ကင်းသယောင် လိမ်လည်ကြော်ငြာနေခြင်းသာ ဖြစ်သည်။
နစ်နေမန်း။
No comments:
Post a Comment