Sunday, March 2, 2014

မတ်လ (၂) ရက်နေ့ ဟာ “တောင်သူလယ်သမား” နေ့ တဲ့၊ ဒါပေမယ့် တောင်သူလယ်သမားတွေ ဒုက္ခဆင်းရဲ ရောက်နေရတာ ဒီနေ့ ထိဘဲ။

မတ်လ (၂) ရက်နေ့ ဟာ “တောင်သူလယ်သမား” နေ့ တဲ့၊ ဒါပေမယ့် တောင်သူလယ်သမားတွေ ဒုက္ခဆင်းရဲ ရောက်နေရတာ ဒီနေ့ ထိဘဲ။

စစ်အာဏာရှင် စစ်ဘောင်းဘီချွတ်တွေဖြစ်ကြတဲ့ သိန်းစိန်တို့ နဲ့  စစ်အာဏာရှင်တွေက လက်သပ်မြှောက်စားလို့  ငွေကြေးဓနတွေနဲ့  ကြီးပွားချမ်းသာနေကြတဲ့ ခရိုနီအတ္တသမားကြီးတွေရဲ့  လက်ချက်ကြောင့် ယနေ့ တောင်သူလယ်သမားတွေ လယ်လုပ်စရာ လယ်မြေ မရှိဖူး နေထိုင်စရာ လယ်ယာမြေ မပိုင်ဆိုင်သည်အထိ ဘ၀တွေပျက်ပြီး ကြီးစွာသော ဒုက္ခဆင်းရဲကို ရောက်ရှိနေကြရတယ်။

တောင်သူလယ်သမားတွေ စော်ကားခံနေကြရတယ်၊ ဖိနှိပ်ချူပ်ခြယ်ခံနေကြရတယ်၊ မြေယာတွေကို သိမ်းပိုက်ခံနေကြရတယ်၊ တောင်သူလယ်သမားတွေ ရိုက်ပုတ်ထုထောင်းခံနေကြရတယ်၊ တောင်သူလယ်သမား အခွင့်အရေးတွေ ပိတ်ပင်တားဆီးခံနေကြရတယ်၊ တောင်သူလယ်သမားတွေ ဘ၀ကို နိမ့်ကျနေကြရတယ်။ ဒါတွေ ဘယ်သူတွေ လုပ်နေကြသလည်း။ တိုင်းပြည်ရဲ့  ကျေးဇူးရှင် လယ်သမားကြီးတွေ တောင်ယာသူတွေကို ကျေးဇူးကန်းနေကြတဲ့ သိန်းစိန်တို့ အာဏာရှင်ကြီးတွေ ဗိုလ်ချူပ်ကြီေးတွ စီးပွားရေးအတ္တသမား ခရိုနီတွေ၊ လက်ပါေးစ လက်နက်ကိုင်တပ်ဖွဲ့ တွေဘဲ။

တိုင်းပြည်အုပ်ချူပ်နေသူတွေက ဖြစ်စေ၊ ကိုယ်ကျိုးတစ်ခုတည်းသာ ကြည့်ပြီး အကျိုးအမြတ်ထုတ် ဂုတ်သွေးစုပ်နေကြတဲ့ စီးပွားရေးသမားကြီးတွေက ဖြစ်စေ၊ မတရားခိုင်းစေတဲ့ အမိန့် အာဏာကို မျက်စိစုံမှတ်ပြီး အမှားအမှန် မမြင်ကြတဲ့ တစ်စောက်ကန်း အကြမ်းဘက်သမား လက်နက်ကိုင်အင်အားစုတွေက ဖြစ်စေ တောင်သူလယ်သမားတွေအပေါ်မှာ ဆက်လက်ပြီး စော်ကားနေဦးမယ်ဆိုရင်တော့ တစ်တိုင်းတစ်ပြည်လုံး စုပေါင်းပြီး မတရားမှုတွေ မတရားသူတွေကို တော်လှန်တိုက်ပွဲဆင်နွဲမှု လုပ်ရလိမ့်မယ်။ အပေါ်ယံကြော လျှာဖြားမှာ ပြောတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အယုံအကြည်မဲ့စွာနဲ့  တောင်သူလယ်သမားတွေရဲ့  ဘ၀တွေ ပြောင်းလဲနိုင်ဖို့  လက်တွေ့ ကျကျ ပြောင်းလဲဖယ်ရှားပစ်ရပါလိမ့်မယ်။

အဖိနှိပ်ခံ တောင်သူလယ်သမားတွေကို မတရားအနိုင်ကျင့်နေဦးမယ်၊ ဖမ်းတာဆီးတာတွေ ဆက်လုပ်နေဦးမယ်၊ မတရားဖမ်းထားသူတွေကို ဆက်လက်ချူပ်နှောင်တာတွေ ရှိနေဦးမယ်၊ လယ်မြေတွေကို အဓမ္မသိမ်းပိုက်နေဦးမယ်၊ တောင်သူလယ်သမားတွေကို နေထိုင်ရာ လယ်လုပ်ရာ မြေဒေသတွေကနေ အတင်းအဓမ္မ ဖယ်ရှားမောင်းထုတ်နေဦးမယ်ဆိုရင်တော့ ဒီအစိုးရဟာ အာဏာရှင်အစိုးရဘဲ။

ယနေ့ကာလမှာ ဒီမိုကရေစီစနစ်သို့ ဦးတည်နေပြီလို့  အသံကောင်းဟစ်ကြွေးကာ ဒီမိုကရေစီ မျက်နှာဖုံးစွတ်ထားသော်လည်း တစ်တိုင်းပြည်လုံးတွင် ကိုလိုနီခေတ်စနစ်ကဲ့သို့ လယ်သိမ်းယာသိမ်းမြေသိမ်းမှုတွေ မကြာခဏ ဖြစ်ပေါ်နေတယ်။ မြန်မာပြည်သူလူထုရဲ့  စားနပ်ရိက္ခာကို ဖန်တီးပေးနေသော အဖိနှိပ်ခံ တောင်သူလယ်သမားများဘက်ကနေ ရပ်တည်နေကြတဲ့ လူထုခေါင်းဆောင်တွေကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမယ်။

“တပ်ပိုင်မြေ” ဆိုပြီး “စစ်မြေပိုင်ရှင်စနစ်” ကို တရားဥပဒေကင်းမဲ့စွာနဲ့  ဗြောင်ကျကျ ရိုင်းစိုင်းစွာ လုပ်ပြနေတဲ့ လုပ်ရပ်မှန်သမျှကို ခေါင်းငုံ့ မခံဘဲ တောင်သူလယ်သမားတွေရဲ့  “ဆရာစံ” စိတ်ဓါတ်နဲ့  သွေးသတ္တိကို လက်တွေ့ ပြသကြရမယ်။

အခြေခံလူထုလူတန်းစားတစ်ရပ်ဖြစ်တဲ့ တောင်သူလယ်သမားတွေရဲ့ နစ်နာဆုံးရှုံး စော်ကားခံရမှု အနိုင်ကျင့်ခံရမှုတွေကို တွန်းလှန်ပစ်ရမယ်။ တောင်သူလယ်သမားတွေရဲ့  ဘ၀တွေကို စာနာကြပြီး တောင်သူလယ်သမားတွေဘက်က မားမားမတ်မတ် ရပ်တည်ပြပြီး တောင်သူလယသ်မားတွေအပေါ် ဂုတ်သွေးစုပ်နေကြတဲ့ မိုက်ရိုင်းနေကြတဲ့ စစ်အာဏာရှင်တွေ ဗိုယ်ချူပ်ကြီးတွေ စီးပွားရေးအတ္တသမားခရိုနီကြီးတွေ လက်ပါးစေ အစေခံ လက်နက်ကိုင်လူရမ်းကားတွေကို တောင်သူလယ်သမားများနဲ့ အတူ လက်တွဲပြီး တွန်းလှန်ပစ်ရမယ်။

အဖိနှိပ်ခံ တောင်သူလယ်သမားများနဲ့  ရဟန်းရှင်လူပြည်သူအပေါင်းတို့  လက်တွဲကြဖို့  ဒီနေ့  တောင်သူလယ်သမားနေ့ မှာ သံဓိဌာန်တည်ဆောက်ကြပါစို့ ။




No comments: