ဦးဝိရသူက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသလိုမျိုးနဲ့  ချောက်ထဲတွန်းချပြီး ချောက်ထဲမှာ နေခိုင်းဖို့  မလုပ်ပါနဲ့ ။
ဦးဝိရသူက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသလိုမျိုးနဲ့  ချောက်ထဲတွန်းချပြီး ချောက်ထဲမှာ နေခိုင်းဖို့  မလုပ်ပါနဲ့ ။
ဦးဝိရသူ မနေ့ က ပြောတဲ့ -
“၅၉ (စ) အတွက် ပြင်ဆင်တာ လိုလားတယ်။ ဒကာမအတွက် ချွတ်ယွင်းချက်မရှိ ထောက်ခံတယ်။ ဒါပေမယ့် ၅၉ (စ)ကို အကြောင်းပြုပြီးတော့ တိုင်းရင်းသား မဟုတ်တဲ့ သူတွေက အထူးသဖြင့် ဗမာလူမျိုးတွေက ရိုးတယ်၊ အတယ်။ ဖျံကျတဲ့သူတွေ ဝင်လာမယ်ဆိုရင် ဦးဇင်းတို့ တိုင်းပြည်က ပြည်သူတွေဟာ ဖျံကျခံနိုင်ဖို့ အဆင်သင့် မရှိသေးဘူး။ ဖျံကျကို ကာကွယ်နိုင်မည့် ဥာဏ်ရည်မရှိသေးဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် လွတ်တော်မှာ ဒီမိုကရေစီ အမတ်တွေ နေရာများများရဖို့ မျှော်မှန်းတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ မလုပ်ဘဲနဲ့ သမ္မတကို ချုပ်ကိုင်နိုင်တဲ့ ဂိုဏ်းချုပ်ကြီး လုပ်စေချင်တယ်” ဆိုတာနဲ့  ပတ်သက်ပြီး -
တိုင်းရင်းသားပြည်သူလူထုထဲမှာ နိုင်ငံအုပ်ချူပ်ရေး စီးပွားရေး ကာကွယ်ရေး အစရှိတဲ့ တိုင်းပြည်အတွက် အဓိကအရေးကြီးလုပ်ငန်းတွေအတွက် အရည်အချင်းရှိ အမျှော်အမြင်ကြီးမား အတွေ့ အကြုံရင့်ကျက်တဲ့သူတွေ တစ်ပုံကြီးပါ။ တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းလမ်းကျကျနဲ့ တရားဥပဒေနှင့်အညီ ပြည်သူ့ အစိုးရပီပီသသ ဖွဲ့ စည်းပြီး မမှန်မကန်သူတွေ မမှန်မကန်လုပ်ရပ်တွေကို တားဆီးဖယ်ရှားသွားနိုင်တဲ့ ဥာဏ်ရည် နှလုံးရည်တွေ ရှိကြပါတယ်။ ၅၉ (စ) ကို ပြည်သူတွေမှာ ကာကွယ်နိုင်တဲ့ ဥာဏ်ရည်မရှိသေးလို့ ဆိုပြီး “တိုင်းပြည် ချောက်ထဲ ကျလုလုအခြေအနေတွေမို့ လို့  တပ်မတော်ကြီးက ကယ်တင်လိုက်ရပါတယ်ဆိုတဲ့” ပုံသဏ္ဍန်မျိုးတော့ မပြော မလုပ်ပါနဲ့ ။
နိုင်ငံတစ်နိုင်ငံရဲ့  အုပ်ချူပ်ရေးကဏ္ဍမှာ သမ္မတအဆင့် သမ္မတရဲ့ တာဝန် သမ္မတရဲ့  လုပ်ပိုင်ခွင့်တွေဟာ အထူးအရေးကြီးသလို လက်တွေ့ အကောင်အထည်ဖေါ်ဆောင်ရွက်ရသူ အဓိကထိပ်တန်းနိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ ပြည်တွင်းသာမက နိုင်ငံတကာနဲ့  ဆက်ဆံဆောင်ရွက်မှုမှာလည်း အခရာ အကျဆုံးနေရာပါ။ တိုင်းပြည်ရဲ့  ကာကွယ်ရေးအခန်းကဏ္ဍမှာလည်း သမ္မတဆိုတာ အမိန့် ပေးပိုင်ခွင့်အရှိဆုံး နိုင်ငံရဲ့  ဥသျှောင် စစ်သေနာပတိလို အဆင့်အမြင့်ဆုံးတာဝန်ရှိသူ ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ မလုပ်ဘဲနဲ့ သမ္မတကို ချုပ်ကိုင်နိုင်တဲ့ ဂိုဏ်းချုပ်ကြီး လုပ်စေချင်တယ်” ဆိုတာနဲ့  ပတ်သက်ပြီး - ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတနေရာ မပေးဘဲ (ဂိုဏ်းချုပ်ကြီး - ဘယ်ဂိုဏ်းကို ချုပ်ရမှာလည်း …. ) ဆိုလိုတာ လွှတ်တော်ဥက္ကဋ္ဌလိုနေရာမျိုး လွှတ်တော်အစည်းအဝေးတွေ တက်ခိုင်းလိုက်၊ တရားဥပဒေရေးရာတွေ ဆွေးနွေးခိုင်းလိုက် မှတ်တမ်းမှတ်ရာတွေ ပြုစုခိုင်းလိုက်နဲ့  သမ္မတနေရာမပေးချင်လို့  ချောင်ထိုးထည့်လိုက်သလို လွှတ်တော်ခန်းမကြီးရဲ့ ထိုင်ခုံမှာဘဲ အမြဲတမ်း ထိုင်ခိုင်းစေချင်နေတာလား။
ရှင်းရှင်းပြောပါမယ် - ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးဟာ မြန်မာနိုင်ငံရဲ့  သမ္မတသာလျှင် ဖြစ်ရမှာပါ။ သမ္မတရာထူးအဆင့်သာလျှင် ဒေါ်အောင်ဆန်းစုကြည်နဲ့  အထိုက်တန်ဆုံး အသင့်တော်ဆုံး အဖြစ်သင့်ဆုံး အဆင့်နေရာဖြစ်ပါတယ်ဆိုတာပါ။
No comments:
Post a Comment