Sunday, February 23, 2014

ခေတ်သစ် ပြဇာတ်။

ခေတ်သစ် ပြဇာတ်။

အရင်က မြန်မာ့ဇာတ်သဘင်သမိုင်းမှာ အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင် နှင့် သူရဲ့ မျိုးဆက်တွေ တင်ဆက်ကပြတဲ့ ရွှေမန်းဇတ်သဘင်ဟာ ဂန္တဝင်မြောက် အော်ပရာတွေနဲ့ အတူ နှစ်ပေါင်းများစွာ ထင်ရှားကျော်ကြားခဲ့တယ်။

ဒီနေ့ခေတ်မှာတော့ ဂန္တဝင်မြောက်လှတဲ့ ဆင်ကြီး ဂဠုံချီ ဇတ်လမ်း၊ ခွေးသားစားတဲ့ ခွေးဘီလူးများ ဇတ်လမ်း တွေကို ပြန်လည် တင်ဆက် ကပြရင်း နာမည်ကြီး လာတာကတော့ “ရွှေ နဲ့ မန်း" "ဇာတ်သဘင်" ပါပဲ။ ဒီ ဇာတ်သဘင်ကို ၂၀၁၅ မှာ ကဏ္ဍအသစ် များစွာဖြင့် တင်ဆက် ကပြတော့မှာမို့ စာနယ်ဇင်းသမားများ ကလည်း အကြိုပွဲကို ကြည့်ရှု ပြီး အကဲဖြတ် ဝေဖန်နေကြပါပြီ။ ရုံတင် ကပြ တဲ့ အခါကျမှ မင်းသားက “အပြောက ရွှေမန်း၊ အက ကတော့ ချိုမိုင်မိုင် ဖြစ်လာ မလား” ဆိုတာကတော့ ပရိသတ်တွေက ပဲ အဆုံးအဖြတ်ပေး ကြမှာပါ။

သစ္စာ၊ မေတ္တာ ရွှေမန်းသဘင် မှာ မင်းသား ၀င်းဗိုလ်၊ ချမ်းသာ၊ ဆန်းဝင်း၊ ၀င်းမောင် တို့ က မင်းသားများအဖြစ် တင်ဆက် က ပြ ခဲ့သလို၊ “ဖြစ်တာ၊ မဖြစ်တာ ရွှေမန်း ဇတ်သဘင် “ မှာလည်း စင်တင်ပွဲထုတ် ခံရသူ နအဖစစ်အုပ်စုမျိုးဆက်မင်းသားများ ဖြစ်တဲ့ ဆိုဗီယက်ပြန် မင်းအောင်လှိုင် ပြုံယမ်းပြန် မင်းသားလေး ရွှေမန်း၊ နဲ့ ပီကင်းပြန် အလံနီ သိန်းစိန် တို့ က မြောက်ကိုရီးယား ယပ်တောင်အော်ပရာ၊ တရုတ်ကျေးတောရွာအက၊ ရှရှား ဘဲလေး နှစ်ပါးခွင် အက တွေနဲ့ တင်ဆက် က ပြကြတာ ပရိတ်သတ်များ မှတ်မိကြမှာပါ။

ပြဇာတ်တွေကတာ့ “စက်မှုနိုင်ငံတော်ကြီး တည်ထောင်လိုတဲ့ ပေါက်ဖော်ကီးတစ်ဦးရဲ့ သေခါနီး လန့်နိုးလာတဲ့ အိမ်မက် ၊ လျှပ်စစ်မရှိတဲ့ မြို့ပြ နှင့် လမရှိတဲ့ည၊ သံဃာတွေ သတ်တဲ့ အစိုးရ ရဲ့ နောက်ဆုံးနေ့ရက်များ၊ ပြိုင်ဆိုင် မလိုတဲ့ လူညံ့များကြောင်း ၊ စစ်သားနိုင်ငံရေး အရှုပ်တော်ပုံ၊ ခွေးသားစားတဲ့ ခွေးဘီလူးများ” စတဲ့ ပြဇတ်တွေ ကို တင်ဆက်ကပြ ခဲ့တာ ပရိသတ်တွေ ကလည်း ရင်သပ်ရှု့ မော ကြည့်ရှု့ခဲ့ရပါတယ်

ဒါရိုက်တာ ကတော့ ပီကင်းပြန် ဒါရိုက်တာ အလံနီ တင်အောင်မြင့်ဦး က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဆိုင်း ဆရာကြီးကတော့ သေခါနီး ပင်တိုင် ဆိုင်းဆရာ ရွာစားကြီး စိန်သန်းရွှေကြီးပါပဲ။

ဇတ်သဘင် အနုပညာလောက မှာ ခြေထိုးကောင်းလို့ ဖြင့် နံမည်ကြီးခဲ့တဲ့ အောင်မောင်း လို၊ “ဖြစ်တာ၊ မဖြစ်တာ ရွှေမန်း ဇတ်သဘင် “ မှာတော့ ခြေထိုး အက က ကြမဲ့သူတွေ က တော့ “တော်ပါပြီ ကိုသောင်းရယ်လို့” အမည်တွင် လူသိများနေတဲ့ ခြေထိုး အောင်သောင်း နဲ့ ခြေထိုး မောင်သောင်း တို့ က မင်းသားတွေနဲ့အတူ ပူးတွဲသရုပ်ဆောင် ကပြ ကြလိမ်မယ်လို့ သိရပါတယ်။ အခုလည်း သူတို့ နှစ်ဦး နိုင်ငံအနှံ့ ခြေထိုး အကွက်များ ကို ကပြတင်ဆက် နေကြပါပြီ။

လက်ရှိ မြန်မာ့နိုင်ငံရေးဇာတ်သဘင်လောက မှာ နာမည်ကြီးနေတဲ့ “ဖြစ်တာ မဖြစ်တာ ရွှေမန်းသဘင်” ရဲ့ ၂၀၁၅ တင်ဆက်ကပြတော့မဲ့ “စစ်သားနိုင်ငံရေး၊ စစ်သားလွှတ်တော်၊ စစ်သားနိုင်ငံတော် တည်ဆောက်မှု" အကြောင်း နှဲမင်းသားကြီး သိန်းစိန် နှစ်ကြော့ပြန် ရွေးကောက်ပွဲ ကြံစည်နေမှု အခြေအနေတွေကို ရှင်းလင်း တင်ပြထားတာပါ။

အာဏာရှင်ဟောင်း နေ၀င်း က အနှစ် ၂၀ ကျော်အတွင်း မြန်မာပြည်ကို ကမ္ဘာ့အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှု အနည်းဆုံး (LDC) အဆင့်သို့ ရောက်ရှိအောင် ဆောင်ရွက် ပေးခဲ့သလို၊ သန်းရွှေ မောင်အေး ဦးဆောင်ခဲ့တဲ့ နအဖ အာဏာရှင်စစ်အုပ်စုကလည်း အနှစ် ၂၀ အတောအတွင်းမှာ တိုင်းပြည်ကို အဘက်ဘက်က ကျရှုံးနေသောနိုင်ငံအဆင့် (Failed States ) အဖြစ်သို့ ရောက်ရှိလာအောင် လုပ်ပေးနိုင်ခဲ့ပြီးပါပြီ။ ၂၀၁၀ အပြီးတက်လာတဲ့ စစ်သားလွှတ်တော်နှင့် စစ်သားနိုင်ငံရေးသမား တွေကတော့ နောက်ထပ် အနှစ် ၂၀ မြန်မာပြည်ကို ( Black Hole) ချောက်ထဲကို တွန်းပို့ ဖို့ ကြံစည်နေကြတာ အားလုံးအသိပါဘဲ။

ဒီလိုဇတ်ကွက် ဇတ်ရှုပ် တွေကို ပရိတ်သတ် တွေက လက်မခံ တော့တာ တဖြည်းဖြည်း နဲ့ သူတို့ သတိထားမိလာခဲ့ ပါတယ် နောက် အချင်းချင်းနေရာလုကာ အလဲအကွဲ ပြို ကွဲ နေပြီ ဖြစ်နေတဲ့ သူတို့ ဇတ်သဘင်ကြီးရဲ့အနာဂတ်အတွက် ၂၀၁၅ မှာ ကပြ မယ့် ပွဲကြီးက တဖြည်းဖြည်းနဲ့ သူတို့ကို ခြိမ်းခြောက်လာနေပါပြီ၊ ဒီပွဲကြီး မှာ ပရိတ်သတ်အများစုက သူတို့ ကို ဆန့်ကျင်ကြမှာကိုလည်း
ကြိုသိထားပုံ ရပါတယ်.. ဒါကြောင့် ၂၀၁၅ ပွဲကြီး မတိုင်ခင် အမျိုးမျိုးသော လုပ်ဇာတ်များ ဇာတ်ကွက်များ ခြေထိုးမှု့များ ချော်လဲရောထိုင် ဇတ်လမ်းများ တင်ဆက်ကပြ လာနိုင်သဖြင့် ပရိတ်သတ်ကြီး အနေနဲ့ အထူးပင် သတိထားရ မည်ဖြစ်ပါကြောင်း .....

ပန်တျာ ဗမာပြည်သား ... ပန်တျာ မျိုးဆက် ( )

(Burmar pyithar)။




No comments: