Sunday, February 2, 2014

ပြည်သူကို ပါးရိုက်တယ်ဆိုတဲ့ အုန်းမြင့် အခု ပြည်သူပိုင် ကျောက်စိမ်းတွေကို အလွဲသုံးစားလုပ်နေတယ်၊ သိန်းစိန် ဘာလုပ်မှာလည်း။

ပြည်သူကို ပါးရိုက်တယ်ဆိုတဲ့ အုန်းမြင့် အခု ပြည်သူပိုင် ကျောက်စိမ်းတွေကို အလွဲသုံးစားလုပ်နေတယ်၊ သိန်းစိန် ဘာလုပ်မှာလည်း။

မန်းလေးမြို့ ဗိုလ်ချုပ်ရွာ၊ ၆၈ လမ်း၊ ဝန်ချီးအုန်းမြင့်ရဲ့ အိမ်မှာ TRI JADE ဆိုတဲ့ နာမည်နဲ့ ကျောက်စိမ်းအရောင်းဆိုင်အသစ်ဖွင့်ပွဲ အကြီးအကျယ် ကျင်းပနေတယ်။ ခု အုန်းမြင့်ကိုယ်တိုင် အဲဒီဆိုင်ဖွင့်ပွဲမှာ ကိုယ့်ဆိုင်ကိုယ် ကိုယ်တိုင်တက်ရောက်နေတယ်။ ကျောက်စိမ်းဘယက်တကုံးကို သိန်း ၅၀၀ က အနည်းဆုံးဆိုပဲဗျ။ သိန်းစိန်တောင် မုန့်ဟင်းငါးဆိုင်လောက်ပဲ ပါးစပ်က ပြောရဲတာ . . . အုန်းမြင့်ကတော့ လက်တွေ့ ကျောက်စိမ်းအရောင်းဆိုင် ပိုင်နေပါပြီ။

သိန်းစိန်ရေ လက်တွေ့မဆောင်ရွက်သေးတဲ့ အစိုးရအဖွဲ့ဝန်ကြီးများ ပိုငိဆိုင်မှုတင်ပြရမယ့် ကိစ္စ ခုပဲ စ ပါတော။့ အုန်းမြင့်ကို အရေးမယူရဲတဲ့ သိန်းစိန် သူရဲဘောကြီးလို့  အပြောခံမလား။

(သတင်းပေးပို့ လာသော NayThit NT အား ကျေးဇူးတင်ရှိပါသည်)။

No comments: