Sunday, February 2, 2014

နေမျိုးဝေက “လူထုခေါင်းဆောင်သည် လူတစ်စုကိုသာ ကိုယ်စားပြုကြောင်း” လို့  ရှင်းပြပြောဆိုသတဲ့။

နေမျိုးဝေက “လူထုခေါင်းဆောင်သည် လူတစ်စုကိုသာ ကိုယ်စားပြုကြောင်း” လို့  ရှင်းပြပြောဆိုသတဲ့။

နေမျိုးဝေ မြင်လျက်နဲ့  ကန်းနေတာလား ကြားလျက်နဲ့  ပင်းနေတာလား၊ လူထုဆိုတာ “ပြည်သူလူထု”၊ လူတစ်စုဆိုတာ “လူအနည်းစု”။ လူထုခေါင်းဆောင်ဆိုတာ “ပြည်သူလူထုခေါင်းဆောင်”၊ လူတစ်စုခေါင်းဆောင်ဆိုတာ “လူနည်းစုခေါင်းဆောင်”။

လူတစ်စု လက်တစ်ဆုပ်စာလောက်လေးကို ကိုယ်စားပြုလို့ ကတော့ ဘယ်တော့မှ လူထုခေါင်းဆောင် မဟုတ်ဖူး။ ပြည်သူလူထုကို ကိုယ်စားပြုမှ လူထုခေါင်းဆောင် ဖြစ်တာ။

ရှင်းရှင်း သာဓက ပြရရင် လူထုခေါင်းဆောင်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်၊ လူနည်းစုခေါင်းဆောင်ဆိုတာ သိန်းစိန်ဘဲ။

နေမျိုးဝေတစ်ယောက် သိန်းစိန်ကို လူထုခေါင်းဆောင်လို့  ဖားပြီး ရည်ညွှန်းတာကတော့ ကိုယ်ကျိုးရှာ အောက်တန်းကျကျ နိုင်ငံရေးသမား လုပ်တာဘဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို လူတစ်စုကိုသာ ကိုယ်စားပြုတယ်ဆိုလို့ ကတော့ နေမျိုးဝေရဲ့ မျက်စိကို မျက်စဉ်းခပ်လိုက်ပါ၊ နားကို နားဆူဆေးလည်း ထည့်လိုက်ပါ ဒါမှမဟုတ် ဦးနှောက်ကို သိန်းစိန်ရဲ့  နို့ နဲ့  ဆေးလိုက်ပါ။

ကိုယ့်ကိုကိုယ်လည်း လူတစ်စုလောက်ကို စကားလေးပြောနိုင်တာနဲ့  လူထုခေါင်းဆောင်လို့  ခံယူရင်တော့ ဘ၀င်လေဟပ်လို့  ရှောသွားဦးမယ်၊ လူထုခေါင်းဆောင်တော့ ဖြစ်လာမှာ မဟုတ်ဖူး၊ လူတွေ ၀ိုင်းထုတာခံရမယ့် ခေါင်းဆောင်း ဖြစ်လိမ့်မယ်။

ဗိုလ်ချူပ်အောင်ဆန်းခေတ်က ဂဠုန် ဦးစော တစ်ယောက်တည်း ပေါ်ပေါက်ခဲ့တယ်၊ အခုခေတ်မှာတော့ ဂဠုန် မောင်စောတွေ တယ်ပေါပါလား။ ပြီးတော့ အရှင်စောတွေလည်း ပေါ်နေသေး ….. ။

No comments: