သံဃာတွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှု မရှိသင့်ဖူးဆို ..... ။
နိုင်ငံရေးဟောပြောပွဲကို ပေါ်ပေါ်တင်တင် တက်ရောက်ပြီး ထိုင်လျက်အားပေးနေကြတဲ့ ဒီ ဘုန်းကြီတွေကို ဘာပြောကြမလည်း။
၂၀၀၇ ရွှေဝါရောင် ဆုတောင်းမေတ္တာပို့  လမ်းလျှောက်ခဲ့ကြတဲ့ ရဟန်းသံဃာတွေကို “သံဃာတွေ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်း မရှိသင့်ဖူး” ပြောဆိုခဲ့တဲ့သူတွေ ပြောကြပါဦး။
တိုင်းသူပြည်သားတွေ ဒုက္ခတွေဝေနေကြလို့  အမျိုးသားတစ်ရပ်လုံးအရေးအနေနဲ့  ရဟန်းသံဃာတော်တွေက ဆုတောင်းမေတ္တာပို့ ခဲ့ကြတာမှ အမှန်စင်စစ် အမျိုးသားအရေး။
အာဏာရှင်စနစ်ကို သက်တမ်းရှည်စေမယ့် ကြိုးကွင်းစွပ် ဖွဲ့ စည်းပုံအခြေခံဥပဒေပါ အချက်ကိုကြတော့ အပြေးအလွှား အားပေးထောက်ခံကြတာက အမျိုးသားအရေးအတု၊ တိုင်းပြည်နဲ့  လူမျိုးတစ်မျိုးလုံးကို အာဏာရှင်လက်အောက် ဘ၀ဆက်တိုင်း မလွတ်မြောက်စေမယ့် အမျိုးသားကျွန်ဖြစ်ရေးဘဲ။
No comments:
Post a Comment