နစ်နေမန်းရဲ့  ချစ်ခင်သူများ ဆုံးရှုံးသွားခဲ့မှု မှတ်တမ်း (၂)။
နစ်နေမန်းရဲ့  ချစ်ခင်သူများ ဆုံးရှုံးသွားခဲ့မှု မှတ်တမ်း (၂)။
နစ်နေမန်းရဲ့  ချစ်ခင်သူများ ဆုံးရှုံးသွားခဲ့မှု မှတ်တမ်း (၂) အနေနဲ့  ကျွန်တော် နစ်နေမန်းရဲ့  ညီအကိုလို ချစ်ခင်ရတဲ့ မိတ်ဆွေတစ်ဦးကတော့ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၆) ရက်နေ့ ည မလေးရှားနိုင်ငံမှာ ကွယ်လွန်သွားတဲ့ ကိုအောင်ခင်ဆင့် ဖြစ်ပါတယ်။
အာဏာရှင်အုပ်စုရဲ့  မတရားတဲ့ လုပ်ရပ်တွေကို တော်လှန်တိုက်ပွဲဝင်ရင်း ၂၀၀၇ ခုနှစ်က စလို့  “အောင်ခင်ဆင့်” ဆိုတဲ့ အမည်နဲ့ ရော “မင်းထက်နိုင်” ဆိုတဲ့ အမည်နဲ့ ရော လှုပ်ရှားမှုသတင်းတွေ အာဏာရှင်အုပ်စုရဲ့  အကြောင်းတွေကို ပေးပို့ ခဲ့တဲ့ မိတ်ဆွေရင်းတစ်ဦး ဖြစ်ပါတယ်။
ကိုအောင်ခင်ဆင့် (ခ) ကိုမင်းထက်နိုင် ကွယ်လွန်သွားတဲ့ သတင်းကို သိရှိရချိန်မှာ ကျွန်တော့်အတွက် ညီအကိုရဲဘော်ရဲဘက်တစ်ဦး ဆုံးရှုံးသွားသလိုတင်မက အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုကြီးအတွင်းမှ ကြယ်တစ်ပွင့် ကြွေကျသွားရခြင်းဘဲ ဖြစ်ပါတယ်။
နောက်နောင်သော ဘ၀ဆက်တိုင်းမှာ ဆိုးရွားလှသော အဖြစ်ဆိုးများ လုံးဝ မကြုံတွေ့ ရပါစေနဲ့ ၊ ကောင်းရာမွန်ရာဘုံဘ၀သို့  ရောက်ရှိပါစေလို့  ရင်နင့်စွာနဲ့  ဆုတောင်းပေးလိုက်ပါတယ်။
လေးစားလျက် -
ကိုနစ်။
No comments:
Post a Comment