“မိမိ၏ အသက်အန္တရာယ်အား ထိခိုက်စေနိုင်သည်အထိ အန္တရာယ်ပြုမှုများအား ခုခံကာကွယ်ပိုင်ခွင့် ရှိသည်”
“မိမိ၏ အသက်အန္တရာယ်အား ထိခိုက်စေနိုင်သည်အထိ အန္တရာယ်ပြုမှုများအား ခုခံကာကွယ်ပိုင်ခွင့် ရှိသည်”
၂၀၁၄ ခုနှစ်နဲ့  ၂၀၁၅ ခုနှစ်အတွင်းမှာ အာဏာရှင်အုပ်စုနဲ့  လက်ပါးစေတွေဟာ အယုတ်မာဆုံး ယုတ်မာပြတော့မှာမို့  ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  အသက်အန္တရာယ်လုံခြုံရေးနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ထိပ်တန်းခေါင်းဆောင်များ၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ၏ ခေါင်းဆောင်များသာမက ဒီမိုကရေစီအရေး တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်နေကြသူများ အထူးသတိထားကြပါရန် သတိပေးအပ်ပါတယ်။
- ပြိုင်ဘက်နိုင်ငံရေးပါတီအချင်းချင်း ရန်ဘက်သဘွယ်ဖြစ်စေရန် ဖန်တီးပြီး ကိုယ်ထိလက်ရောက် အန္တရာယ်ပြုသည်အထိ ဖြစ်ပေါ်စေရန် နောက်ကွယ်မှ အားပေးပံ့ပိုးခြင်း၊
- နိုင်ငံရေးပါတီတစ်ခုအတွင်း မကျေနပ်မှုများအား မြှောက်ပင့်ပေး၍ ကိုယ်ထိလက်ရောက် အန္တရာယ်ပြုသည်အထိ ဖြစ်ပေါ်စေရန် နောက်ကွယ်မှ အားပေးပံ့ပိုးခြင်း၊
- ရဟန်းသံဃာထုအတွင်း ဘာသာရေးနှင့် လူမျိုးရေး ဘန်းပြ၍ သွေးဆောင်ကာ ကိုယ်ထိလက်ရောက် အန္တရာယ်ပြုသည်အထိ ဖြစ်ပေါ်စေရန် နောက်ကွယ်မှ အားပေးပံ့ပိုးခြင်း၊
- ပြည်သူလူထုအကြား လူမျိုးချစ်စိတ်အား ခုတုံးလုပ်၍ ကိုယ်ထိလက်ရောက် အန္တရာယ်ပြုသည်အထိ ဖြစ်ပေါ်စေရန် နောက်ကွယ်မှ အားပေးပံ့ပိုးခြင်း၊
- စဉ်းစားဆင်ခြင်ဥာဏ်စွမ်းအားနှင့် အမှားအမှန်သုံးသပ်နိုင်စွမ်း နည်းပါးကာ တကိုယ်တော် လူမိုက်လုပ်လိုပြီး နာမည်ကျော်ကြားလိုသည့်သူများက ကိုယ်ထိလက်ရောက် အန္တရာယ်ပြုသည်အထိ ဖြစ်ပေါ်စေရန် နောက်ကွယ်မှ အားပေးပံ့ပိုးခြင်း၊
ဤကဲ့သို့ သော အခြေအနေများအတွက် သတိကင်းမဲ့ခြင်း မရှိဘဲ၊ ကောက်ကျစ်ယုတ်မာသော ရန်သူအား အထင်သေးခြင်း မရှိဘဲ၊ လိမ်ညာလှည့်ဖြားမှုအပေါ် ယုံကြည်လွယ် သဘောထားကြီးလွန်းခြင်း မရှိဘဲ၊ ကိုယ်ထိလက်ရောက် အသက်အန္တရာယ်ပြုနိုင်သည်ကို လစ်လျူရှူခြင်း မရှိဘဲ သတိထားကြပါရန် သတိပေးအပ်ပါတယ်။
ထိုသို့ သော အာဏာရှင်အုပ်စုနှင့် လက်ပါးစေများ၏ အန္တရာယ်ပြုခြင်း ရန်စခြင်း ကိုယ်ထိလက်ရောက် ထိပါးခြင်းတို့ ကို ခန္တီစသည်းခံတရားထား၍ နေရုံနှင့် ရမည့် အနေအထား မဟုတ်ပေ။ စုစည်းပေါင်းစုမှုဖြင့် ခုခံကာကွယ်ရန် လိုအပ်ပေသည်။ တစ်ဦးချင်းအနေဖြင့် ခုခံကာကွယ်ခြင်းထက် ပိုမိုလိုအပ်သော အစုအဖွဲ့ အလိုက် စုစည်းထား၍ ရန်ဟူသမျှကို ခေါင်းငုံ့ ခံနေခြင်းမှ ကာကွယ်တွန်းလှန်ရန် လိုအပ်ပေသည်။
အကြမ်းဘက်ခြင်းများအား ပြန်လည်ခုခံကာကွယ်တုန့် ပြန်ခြင်းသည် အကြမ်းဘက်ခြင်း မဟုတ်ပေ။ တရားဥပဒေအရလည်း မိမိ၏ အသက်အန္တရာယ်အား ထိခိုက်စေနိုင်သည်အထိ အန္တရာယ်ပြုမှုများအား ခုခံကာကွယ်ပိုင်ခွင့် ရှိသည်။
No comments:
Post a Comment