လူသားချင်းညှာတာထောက်ထားစွာနဲ့  ၀ိုင်းဝန်းရှာဖွေကူညီထောက်ပံ့ပေးမယ့် နိုင်ငံတကာအကူအညီတွေ အချိန်မီ ရနိုင်ပါလျက်နဲ့  လက်လွတ်ဆုံးရှုံးခဲ့ရတာ ဘယ်သူတွေကြောင့်လည်း။
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို ဆက်သွယ်ရေးဂြိုလ်တု (Satellite) ကနေ ရှာဖွေကြည့်ရှူမှုပြတဲ့ပုံ ဖြစ်ပါတယ်။ မြောက်လတ္တီကျူမျဉ်း ၄၀ံ လိုင်းပေါ် (ပုံ၌ အနီရောင်လိုင်း ပြထားသော) မလေးရှားနိုင်ငံ အရှေ့ ဘက်မှာ နောက်ဆုံးမြင်တွေ့ ခဲ့ရတာကို ပြသထားပါတယ်။ ဆက်သွယ်ရေးပြတ်တောက်ခဲ့ပြီးနောက် ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ အဆိုပါနေရာကနေ နောက်ကြောင်းပြန်လှည့်ပြီး အိန္ဒိယသမုဒ္ဒယာဘက် အက်ဒမန်ပင်လယ်ဘက်ကို ဆက်လက်ပျံသန်းသွားတယ်လို့  ဆိုကြပါတယ်။
ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို နောက်ဆုံးမြင်တွေ့ ရတဲ့ နေရာကို ပြသထားတဲ့ ဂြိုလ်တုမှ ကြည်ရှူချက်အရ တွေ့ မြင်ရတဲ့ မြောက်လတ္တီကျူ ၄၀ံ မျဉ်းရဲ့  စက်ဝန်းဟာ မြန်မာနိုင်ငံတစ်ခုလုံးပါ ပါဝင်နေပါတယ်။
မလေးရှားလေယာဉ်ပျောက်ဆုံးမှုကို ဂြိုလ်တုကနေ ရှာဖွေကြည့်ရှူကြတာ တွေ့ မြင်ရတော့ ကမ္ဘာတစ်ဝှမ်းလုံး သိရှိကြတဲ့ မြန်မာနိုင်ငံရဲ့  နာဂစ်မုန်တိုင်းတိခိုက်မှုကြုံရချိန်မှာ ပျောက်ဆုံးနေကြတဲ့ မြန်မာနိုင်ငံပြည်သူပြည်သားတွေကို အချိန်မီ ၀ိုင်းဝန်းရှာဖွေဖို့  အလျင်အမြန် ကူညီပံ့ပိုးပေးဖို့  ကမ်းလှမ်းလာခဲ့ကြတဲ့ နိုင်ငံတကာက ကမ်းလှမ်းချက်တွေကို လူသားမဆန်စွာ ပိတ်ပင်ခဲ့တဲ့ ယုတ်မာပက်စက်သော သန်းရွှေဦးဆောင်တဲ့ စစ်အစိုးရရဲ့  လုပ်ရပ်ကို ပြန်မြင်ယောင်မိပါတယ်။
မသေသင့်ဘဲ အရေအတွက်များပြားစွာ သေဆုံးခဲ့ကြရတဲ့ နာဂစ်ဘေးဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတွေ ဘေးအန္တရာယ်ကျရောက်မှုအချိန်ကာလမှာ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့  စည်းပုံဥပဒေ အတည်ဖြစ်ရေးအတွက်သာ ယုတ်မာစွာ ဦးစားပေး လုပ်ဆောင်ခဲ့ကြတဲ့သူတွေထဲမှာ လက်ရှိသမ္မတနေရာ ယူထားတဲ့ သိန်းစိန်က ၀န်ကြီးချူပ်တာဝန်နဲ့ ပါ၊ ထို့ အတူ ရွှေမန်းတို့  တစ်သိုက်ဟာလည်း အာဏာရူး ဗိုလ်ချူပ်ကြီးတာဝန်တွေနဲ့ ပါ။
လူသားချင်းစာနာစွာနဲ့  လူမျိုးဘာသာမရွေးဘဲ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ပေါ်က ခရီးသည်တွေ ဘ၀ကံကြမ္မာအတွက် တစ်ကမ္ဘာလုံးက ပြည်သူတွေ စာနာထောက်ထားကြပြီး ၀ိုင်းဝန်းကူညီ ပံ့ပိုးနေမှုမျိုး တစ်ချိန်တစ်ခါတုန်းက မြန်မာနိုင်ငံ နာဂစ်ဘေးအန္တရာယ်ကြုံတွေ့ ရချိန်မှာ ရရှိဖို့  အနေအထားရှိခဲ့ပါလျက်နဲ့  လက်လွတ်ဆုံးရှုံးခဲ့ရပြီး မြန်မာပြည်သူပြည်သားတွေ ဘေးဆိုးပိုမိုရရှိခဲ့မှုရဲ့  တရားခံတွေကို သိကြတယ်ဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့  အနာဂတ်မြန်မာပြည်ရဲ့  ကံကြမ္မာကို အလားတူအဖြစ်အပျက်တွေကနေ ထပ်မံ မကြုံတွေ့ ရအောင် ဘယ်လိုဖန်တီးတည်ဆောက်ယူကြရမလည်းဆိုတာ နိုင်ငံသားတစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိပါတယ်။
No comments:
Post a Comment