Friday, March 21, 2014

“ဆေးဝါးအဖြစ် ဖြန့်  ဖြူးရောင်းချခြင်း မဟုတ်ကြောင်း မည်သည့်ရောဂါအတွက်မှ ကုသသည့် ဆေးဝါးများ မဟုတ်ကြောင်း … “ ပြောတာ သေချာရဲ့ လား။

Adoxy Cell Food ရောင်းချနေတဲ့ စေတနာထွန်းကုမ္ပဏီလီမိတက် အထူးသဖြင့် ဒေါက်တာတင်ထွန်းလွင် ညွှန်ကြားချက်အရ ကြေညာချက်ထဲမှာပါတဲ့ “ဆေးဝါးအဖြစ် ဖြန့်  ဖြူးရောင်းချခြင်း မဟုတ်ကြောင်း မည်သည့်ရောဂါအတွက်မှ ကုသသည့် ဆေးဝါးများ မဟုတ်ကြောင်း … “ ပြောတာ သေချာရဲ့ လား။

ဘာရောဂါတွေ ပျောက်ပါတယ်ဆိုပြီး လိမ်ညာကြော်ညာတာတွေ ပြည်သူလူထု လက်ဝယ်မှာ အတိအကျ ရှိထားပြီးသားဆိုတာ သိရှိရအောင်ပါ။

အသံကောင်းဟစ်လို့  ငွေကြေးတတ်နိုင်လို့  ခြိမ်းခြောက်လို့ ရတိုင်း အမှန်တရားကို ဖုံးကွယ်ပြီး ပြည်သူလူထုနဲ့  အခြားသော ကျန်းမာရေး ဆေးပညာရှင်တွေအပေါ် စော်ကားချင်တိုင်း စော်ကားလို့  ရတယ်ဆိုတဲ့ ခေတ် မဟုတ်ဖူးဆိုတာ ဒေါက်တာတင်ထွန်းလွင် သိဖို့  လိုပါတယ်။



No comments: