တော်လှန်ရေးနေ့ တွေ နေ့ တိုင်း ပေါ်ပေါက်နေဖို့  လိုနေပြီ။
တော်လှန်ရေးနေ့ တွေ နေ့ တိုင်း ပေါ်ပေါက်နေဖို့  လိုနေပြီ။
တစ်ချိန်တုန်းက မြန်မာနိုင်ငံ ကိုလိုနီဘ၀အဖြစ် တစ်မျိုးသားလုံး သူ့ ကျွန်ဘ၀ကျရောက်နေချိန်မှာ အရင်းရှင်နယ်ချဲ့  အင်္ဂလိပ်နဲ့  ဖက်ဆစ်ဂျပန်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြစဉ်တုန်းက တော်လှန်ရေးစိတ်ဓါတ်နိုးကြားကြဖို့  လှုံ့ ဆော်ခဲ့တဲ့ လက်ကမ်းစာရွက်လေးတွေပါ။
ရဟန်းရှင်လူ ပြည်သူလူထုအပေါင်းနဲ့  ဗိုလ်ချူပ်အောင်ဆန်းဦးဆောင်တဲ့ မြန်မာ့တပ်မတော်တို့  အတူတစ်ကွ သူ့ ကျွန်ဘ၀က လွတ်မြောက်အောင် တော်လှန်တိုက်ပွဲဝင်ခဲ့ကြလို့  မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီး လွတ်လပ်သော နိုင်ငံတော်ကြီး လွတ်လပ်သောလူမျိုးများအဖြစ် တည်ဆောက်နိုင်ခဲ့ကြလို့  ကမ္ဗည်းမှတ်ကျောက်တင်တဲ့အနေနဲ့  တော်လှန်ရေးနေ့ ဆိုပြီး သမိုင်းဝင်တဲ့ နေ့ တစ်နေ့  ဖြစ်ခဲ့ပါတယ်။
သို့ သော်လည်း သူ့ ကျွန်ဘ၀က လွတ်မြောက်ပေမယ့် အာဏာရူးအုပ်စုက ပြည်သူ့ အချုပ်အခြာအာဏာကို လက်နက်နဲ့  မတရားသိမ်းပိုက်ခဲ့တဲ့နေ့  ၁၉၆၂ ခုနှစ်က စလို့  ယခုထိတ်တိုင် ကိုယ့်လူမျို့း ပြန်လည်အုပ်စိုးအနိုင်ကျင့်ခံနေရတဲ့ ကိုယ့်ကျွန်ဘ၀ကို ရောက်ရှိနေချိန်မှာ ယနေ့ ကာလမှာဆိုရင် အဆိုးတကာ အဆိုးဆုံးနည်းလမ်းတွေနဲ့  ဖိနှိပ်အုပ်စိုးနေတာ ပိုဆိုးလို့ သာ နေပါတော့တယ်။
ဆိုးလှပါချည်လို့  ဆိုခဲ့ကြတဲ့ အရင်းရှင်နယ်ချဲ့  အင်္ဂလိပ်နဲ့  ဖက်ဆစ်ဂျပန်တို့ ကတောင် အဘပြန်ခေါ်ရမယ့် မြေသိမ်ယာသိမ်း သယံဇာတမှန်သမျှ မောင်ပိုင်စီး သိမ်းပိုက်နေတဲ့ မြန်မာအရင်းရှင်တွေနဲ့  မတရားဥပဒေတွေနဲ့  အာဏာနဲ့  လက်နက်နဲ့  အမိန့် သြဇာနဲ့  ထင်ရာစိုင်း ဖိနှိပ်သောင်းကျန်း ညဉ်းပမ်းသတ်ဖြတ်နေကြတဲ့ အာဏာရူး မြန်မာဖက်ဆစ်တွေက ပိုဆိုးနေတာမို့  ကိုယ့်ကျွန်ဘ၀က လွတ်မြောက်ဖို့  တော်လှန်ရေးနေ့ ဆိုတာတွေ နေ့ တိုင်း နေ့ တိုင်း ပေါ်ပေါက်နေဖို့  လိုနေပါတယ်လို့  နှိုးဆော်လိုက်ရပါတယ်။
နစ်နေမန်း။
No comments:
Post a Comment