Saturday, March 22, 2014

တိုင်းပြည်အုပ်ချူပ်မှုမှာ အဓိကတာဝန်ရှိတဲ့ သမ္မတတို့  လွှတ်တော်တို့ ကိုလည်း အသိပေးတင်ပြခြင်း မရှိဖူး၊ မိမိတစ်ဦးတည်းသဘောနဲ့  ကြိုက်သလို လုပ်တယ်ဆိုတာ ပြသလိုက်တာပါဘဲ။

မင်းအောင်လှိုင်ရဲ့  သူ့ သာ ဆုံးဖြတ်ကြောင်း၊ သူသာလျှင် အရေးပါသူဖြစ်ကြောင်းနဲ့  တပ်မတော်အတွင်း အဆင့်အတန်းခွဲခြားတဲ့စကားနဲ့  ဇာတိပြတဲ့ အာဏာရူးတို့ ရဲ့  စိတ်ထား။

မင်းအောင်လှိုင်ဟာ တပ်မတော်သူနာပြုနဲ့  ဆေးဘက်ပညာတက္ကသိုလ် ကျောင်းဆင်းသူနာပြု၊ကျွမ်းကျင်သူတွေကို ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ပွဲအခမ်းအနားမှာ ဒီလို ပြောကြားခဲ့ပါတယ်။

“ငါ့ အနေနဲ့ မင်းတို့ ရာထူးခန့်အပ်ရေးကိစ္စကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အရိပ်အမြွက်အဖြစ် လိုင်းခန်းတွေ ဆောက်ပေးခဲ့တယ်။ ခုလို ပြန်တမ်းဝင်ပေးမဲ့ကိစ္စကို မင်းတို့ရဲ့ တာဝန်ထမ်းဆောင်မှု ပြစ်မှုကျူးလွန်မှု အခြေအနေတွေကို စောင့်ကြည်ြ့ပီး လွန်ခဲ့တဲ့အပတ်က အစည်းအဝေးထိုင်ပြီး ငါကိုယ်တိုင် ဆုံးဖြတ်ခဲ့တယ်။ မင်းတို့ ရာထူးကိစ္စနဲ့ပတ်သတ်ပီး ကကဆေး နဲ့  သိလိုသမျှ မေးမြန်းတာ သူတို့အနေနဲ့ ရေရေရာရာ မပြောနိုင်ခဲ့ဘူး။ ခုပေးမဲ့အကြောင်းကို တိုင်းမှူးတွေတောင် အသိမပေးခဲ့ဘူး။ ငါနဲ့ စစ်ရေးချုပ် ၂ ယောက်ပဲ သိထားတယ်။ ၁၃ရက်နေ့က ငါ မြစ်ကြီးနားရောက်တော့ အဲဒီမှာ စပြောခဲ့တယ်။

ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ပီးတဲ့နောက် အဆင့်အတန်းနှင့် လျော်ညီစွာ နေထိုင်ကြဖို့လိုတယ်။ မင်းတို့အုပ်ချုပ်မှုကိစ္စတွေ အဆင်မပြေ အခြားအဆင့်တွေက မင်းနဲ့ ငါနဲ့ ပြောတယ်လို့ သိရချိန်မှာ ငါ့အနေနဲ့ စိတ်မကောင်းဖြစ်ခဲ့တယ်။

ဒါကြောင့် ပြန်တမ်းဝင်ခန့်အပ်ခြင်း မခံရသေးတဲ့ ဘရာသာကို ဘရာသာ ဗိုလ်လေး၊ စစ်စတာကို စစ်စတာ ဗိုလ်လေးလို့ ခေါ်ရမယ်လို့ ဒီနေရာက တစ်ခါတည်း ပြောလိုက်မယ်”

ဒီလိုပြောခဲ့တဲ့ မင်းအောင်လှိုင်ရဲ့  စကားဟာ နိုင်ငံတစ်နိုင်ငံရဲ့  စစ်တပ်မှာ သူ့ အနေနဲ့  ကြိုက်သလို ဆုံးဖြတ်တယ်၊ ကကဆေးတို့  တိုင်းမှူးတို့ ကို အသိပေးစရာ မလိုဖူးဆိုတာ ပေါ်ပေါ်တင်တင် ပြောတာ တွေ့ ရလိမ့်မယ်။ ဒါဟာ အာဏာရှင်ဆန်ဆန် ကျင့်သုံးပြောဆိုလိုက်တာဘဲ။ နိုင်ငံတစ်နိုင်ငံရဲ့  ပြန်တမ်းဝင်အရာရှိခန့် အပ်တာ တပ်မတော်ရဲ့ အခြားသောတာဝန်ရှိသူတွေနဲ့ လည်း တိုင်ပင်ညှိနှိုင်းမှု မရှိဖူး၊ တိုင်းပြည်အုပ်ချူပ်မှုမှာ အဓိကတာဝန်ရှိတဲ့ သမ္မတတို့  လွှတ်တော်တို့ ကိုလည်း အသိပေးတင်ပြခြင်း မရှိဖူး၊ မိမိတစ်ဦးတည်းသဘောနဲ့  ကြိုက်သလို လုပ်တယ်ဆိုတာ ပြသလိုက်တာပါဘဲ။


No comments: