Friday, March 21, 2014

ပဲခူးမြို.က ပေးစာတစ်စောင်။

ပဲခူးမြို.က ပေးစာတစ်စောင်။

အမှန်တရားဆိုတာ စာအုပ်ထဲမှာသာ ရှိတာပါ...ညီမလေး အိတုန် ဒီနေ့ လေးက ညီမလေး ဒီအိုး ဒီအိမ် ဒီမိသားစု ဘ၀ကနေ အပြီးထွက်သွားရတော့ မယ်လေ....ဒီဘ၀မှာ ဘယ်လိုမှပြန်မတွေ့နိုင်တော့တဲ့ အခြေ အနေ မှာ ညီမလေးနဲ့ ပက်သက်တဲ့ အမေရယ်...အမကြီးရယ်....ညီမလေးရဲ့ သားလေးနဲ့ ယောက်ျား တွေပူဆွေးသောက ရောက်နေတာ....ညီမလေး မြင်နေရ မှာပေါ့။

ညီမလေးတို့ မိသားစုတွေ ပူဆွေးသောက ရောက်နေချိန်နဲ့ ဆန့်ကျင်စွာ ညီမလေးကို သတ်ခဲ့တဲ့ ဘူဇွာ မိသားစုကတော့ ကျော့လို့ မော့လို့ပေါ..... အိတုန် ညီမလေး အကိုတို့ငယ်ငယ်က သင်ခဲ့ရတဲ့ ရုရှားတော်လှန်ရေး သမိုင်းက ဘူဇွာ တော်လှန်ရေးဆိုတာ ညီမလေးသိမှာပေါ့..... ငွေရှင်ကြေးရှင်တွေ လေ...ငွေရှိတော့ အရာရာ အကုန်ဖြေရှင်းနိုင်တယ်။ အာဏာ ပိုင်ဆိုတဲ့ အစိုးရ ကိုတောင် ခါးပိုက်ထဲထည့်ထားနိုင်တဲ့ လူတန်းစားလေ.....အေး အဲ လူတန်းစားတွေ တို့ ပဲခူးမြို့မှာ ရှိနေပြီညီမလေး။

ညီမလေး ခဲအို ထွန်းနိုင်ဝင်း ဆိုတာ....ဘူဇွာ မိသားစုက သားအငယ်ကောင်ပေါ့။ သူတို့ကစီးပွားရေးတောင့်တယ်လေ.... ထိပ်တန်းဆေးလိပ်ခုံ...ကြယ်တာယာ...ဆေးလိပ်ခုံနဲ့....ရွှေထိပ်တန်း စတိုးဆိုင်တွေ သုံးထပ်တိုက်ကြီးတွေ ပိုင်တာပေါ့...... ညီမလေး ရေ။ ပိုက်ဆံရှိတော့ ပဲခူးမြို့မှာ ဘာလုပ်လုပ်ရတယ် ...ညီမလေး....ဒီ ညီအကို သုံးယောက် က မိန်းခလေး ဘယ်နှစ်ယောက် တောင်ဖျက်စီးခဲ့လည်း ဆိုတာ ....ညီမလေး သိမှပေါ့....ပဲခူးမြို့က ရိုက်မူပေါင်းများစွာ မှာ ဒီကောင်တွေ ဘယ်နှစ်ခါ ထောင်ကျတာ ညီမလေးကြားဖူးလည်း.တစ်မြို့လုံးရဲ့ အော့ကျောလန်တွေလေ....ဘယ်သူ ဒီကောင်တွေ နဲ့ ယှဉ်ချဘူးလည်း ညီမလေး.....မိုက်ပါတယ်...ဆိုးပါတယ်ဆိုတဲ့ ပဲခူးက လူမိုက်တွေ တောင် ဒီကောင်တွေ ကို ယှဉ်ချဖူးလို့လား.....အရာရာငွေ နဲ့ လမ်းခင်းသွားတယ်။

ညီမလေး အမယောက်ျား ညီမလေးကို သတ်တဲ့ ခဲအို ထွန်းနိုင်ဝင်းက ဘယ်လောက်တောင် ညီမလေး အမကို နှိပ်စက်ခဲ့လည်း ဆိုတာ အကိုနည်းနည်းပြောပြမယ်...ညီမလေး အမနဲ့ သားတွေ ကို အခန်းထဲပိတ် သောခတ်ပီး ပိတ်လှောင်ထားခဲ့တာ..ဘယ်နှစ်ရက်တောင်လည်းဆိုတာ ညီမလေး အမ ကိုပြန်မေးကြည့်လေ....မူးမူးလာရင် မကောင်းတဲ့ မိန်းမတွေ ခေါ်ခေါ်လာပီး.....အိမ်ပေါ်မှာတင်.....ကြည့် ခိုင်းခဲ့တာ.. (တောက် လူဖြစ်ပီး...လူမဟုတ်တဲ့ အကျင့်တွေ) သားမယား အကုန်တန်းစီ ပါးရိုက်တာတွေ။ ဒါ့ကြောင့်လည်း ညီမလေး အမ အိမ်ပေါ်ကနေ ဆင်းလာတာ အောက်တိုဘာလ ထဲကပေါ့။

အိတုန် ညီမလေး ညီမလေး အသတ်ခံရမဲ့နေ့ ဗုဒွဟူးနေ့ ညနေက ဒီကောင် ညီမလေးတို့ အင်းဝင် ၁၀ လမ်းထဲက အိမ်မှာ လာသောင်းကျန်း တာ ညီမလေးသိမှပေါ့။

ဘာ ရဲ မခေါ်ဘူးလား ဟဟ ခေါ်တာပေါ့ ညီမလေး.....ဖုန်းဆက်ခေါ်တယ်....အမှတ် ၁ ပဲခူး ရဲစခန်းက လာပါ့မယ်တဲ့.... အပိုင်းကလည်း တာဝန်ရှိသူတွေ ရာအိမ်မူး၊ ဆယ်အိမ်မူးတွေ ဘယ်သူလာခဲ့လည်း ဒီကောင် အိမ်ထဲထိ ၀င်လာပီး...ညီမလေး အမေကို ဓါးနဲ့ ထိုးတာ ညီမလေး က ၀င်ဆွဲလို့ ညီမလေးကို ဓါးနဲ့ ၀င်မွေလိုက်တာလေ တစ်ချက် ထဲပါဘဲ ညီမလေးရယ်....တကယ်ကို တစ်ချက်ထဲပါ။
ညီမလေး မိဘ အတွက်ဝင်ခံသွားလိုက်တာ...... အရမ်းစိတ်မကောင်းဘူးကွယ်.... ညီမလေး အထိုးခံလိုက်ရတဲ့ အချိန်နဲ့ ထွန်းနိုင်ဝင်းရာက်လာချိန်......၂နာရီကျော်.... ဘယ်ရဲ တစ်ကောင် လာခဲ့လည်း.... ပြည်သူကို ကူညီပါရစေတဲ့ ဒီလောက် ပြည်သူတွေ အတွက်အသုံးမ၀င်တာ ဘာလုပ်ဖို့လည်း ညီမလေး။

အးပိုရင်နာစရာကောင်းတာက....ညီမလေး သေသွားတာတောင် ဘယ်ရဲ လာစစ်လည်း......ဟင် နောက်ဆုံး....ညီမလေး အတွက် အလောင်းတွေ ပြင်ဆင်ဖို့လုပ်ဖို့ ခေါ်တာတောင် လာခဲ့ပါမယ်။ သေသွားသူက သေသွားပြီဘဲတဲ့။ ဘယ် ရဲ တစ်ကောင်မှ မလာလို့နောက်ဆုံး အလောင်းတွေ ပြင်၊သောကြာနေ့မှ ရဲ သုံးယောက်ရောက်လာပီး....ဓါတ်ပုံတွေ ၃ လေးပုံရိုက်နဲ့၊ဘယ်မှာကျန်မှာလည်း သဲလွန်စ....ဘယ်သူသတ်သွားတယ် ဆိုတာရော သေသေချာချာမေးခဲ့လား၊ ဘာအတွက်လဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုမေးခွန်း ထုတ်ရတော့မယ်။

ချက်ချင်းဖမ်းရင် မိပါရဲ့ နဲ့ဘာလုပ်ထားတာလည်း ပြည်သူ့အသက်အိုးအိမ်ကို အကာကွယ်မပေးနိုင် တာဘာလုပ်ဖို့လည်းအမှတ် ၁ ရဲ စခန်းမှာ လုံးလုံး တာဝန်ရှိတယ် ညီမလေး။ အခုနောက်ဆုံး အခု ညီမလေးတို့ မိသားစု နောက်ထက် ဒီကောင့်ရန်ကိုကြောက်လို့ ပဲခူးက ပြောင်းတော့မယ်...ညီမလေးယောက်ျားကိုလည်း ထက်သတ်မယ်လို့ ဖုန်းနဲ့ အပြောခံထားရတယ်။

အပိုင်းထဲက သူတွေ တောင်....ဒီအကြောင်းပြောရင် လျှာဖြတ်မယ်တဲ့ ဘယ်မှာလည်း ပြည်သူတွေ ရဲ့ အကြောက်တရားကို ကာကွယ်ပေးတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ.။

အခုလည်း တရားခံ ကို မဖမ်းနိုင်သေးဘူးတဲ့ တရားခံနဲ့ ပါသွားတဲ့ ဖုန်းတွေ...တရားခံ အသိုင်းအ၀ိုင်းကိုဆက်တဲ့ ဖုန်းတွေကနေ လိုက်လို့ မရဘူးလား.....ညီမလေးရယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ.က တော်ချင်အလွန်တော်နေပြီး ညံချင်ရင်လည်း အလွန်ညံနေပြန်ရော ညီမလေးရေ။

မနေ့ကတွေ့လိုက်သေးတယ်.....တရားခံ အဖေ အမှတ် ၁ ရဲခစန်းထဲဝင်သွားတာ .စခန်းမူးကြီးက လက်ဖက်ရည်ဆိုင်မှာပြုံးလို့ရီလို့.လက်ဖက်ရည်တောင် တိုက်လိုက်သေးတယ်လေ။အကို့ သူငယ်ချင်းကဓါတ်ပုံရိုက် မလို့.....ရဲစခန်းထဲ မရိုက်ရဲတာနဲ့မရခဲ့တာ .....ညီမလေး။

ညီမလေး အိတုန်.....နောင်ဘ၀တွေကျရင်.....ဒီလို အသုံးမကျတဲ့ ရဲတွေ ရှိတဲ့ တိုင်းပြည်....ပြည်သူတွေ အတွက်အကျိုးမရှိတဲ့ရဲတွေပြည်သူကို ပါဝါ ပြချင်တဲ့ ရဲတွေ ရှိတဲ့ တိုင်းပြည်မှာ ...လူမဖြစ်ပါစေနဲ့လို့ အကိုဆုတောင်း ပေးလိုက်ပါတယ်.....ညီမလေးရယ်။

မြန်မာနိုင်ငံရဲ ဆိုတာ နောက်ဆုံးတော့ .....ရပ်..ကြည့် သွား တဲ့အမှန် တရားဆိုတာ တကယ်တော့....စာအုပ်ထဲမှာသာ ရှိတာပါ ညီမလေးရယ်..
သွားပေအုန်းတော့ ညီမလေး အိတုန်ရယ်။

အသတ်ခံရသူ - ပဲခူးမြို့ အင်းဝင် (၁၀) လမ်း...(ဦးစံလင်း) ဒေါ်ရီရီမြင့်၊ သမီးငယ်.မနေခြည်လင်းနိုင်(ခ) အိတုန်။
အပိုင်နယ်မြေ.. .ပဲခူးမြို့ အမှတ်(၁) ရဲစခန်း

လူသတ်သူတရားခံ..

ပဲခူးမြို့....ထိပ်တန်းဆေးလိပ်ခုံပိုင်ရှင် ကြယ်တာယာဆေးလိပ်ခုံပိုင်ရှင်...အုန်းပင်တန်းရွှေထိပ်တန်းစတိုး ပိုင်ရှင်သား...ထွန်းနိုင်ဝင်း။


No comments: