ဘုရားရင်ပြင်တော်ပေါ်မှာ ဖိနပ်စီးကြတဲ့ ခွေးထီးခွေးမများ။
ဘုရားရင်ပြင်တော်ပေါ်မှာ ဖိနပ်စီးကြတဲ့ ခွေးထီးခွေးမများ။
လမ်းလျှောက်လို့  အဆင်ပြေအောင် အစိမ်းရောင် ကော်ဇောခင်းထားပေမယ့် ဘုရားရင်ပြင်တော်ပေါ်မှာ လုံးဝ ဖိနပ်မစီးသင့်ဖူးဆိုတာကို ဗုဒ္ဓဘာသာဝင် မပြောနဲ့  အခြားသော လူမျိုးခြား ဘာသာခြားတွေပါ သိရှိလိုက်နာကြပါတယ်။
ဘုရားရင်ပြင်တော်ပေါ်က ခင်းထားတဲ့ ကော်ဇော်အစိမ်းပေါ်မှာ အခြားသော သာမန်ပြည်သူပြည်သားတွေက ဖိနပ်ချွတ်ပြီး လမ်းလျှောက်နေကြချိန်မှာ အဆိုပါ မိစ္ဆာဒိဌိများက ယနေ့  ကဆုန်လပြည့်နေ့ မှာ နေ့ ခင်းကြောင်တောင် လူမြင်ကွင်းမှာ ပေါ်ပေါ်တင် ဖိနပ်စီးထားကြတာ ဗုဒ္ဒဘာသာနဲ့  လူမျိုးကို စော်ကားလိုက်တာဘဲ။
ဗုဒ္ဓဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ကြတယ်ဆိုတဲ့ အစိုးရမင်းများ၊ မဟာ့သံဃာနာယကများ၊ မဘနများ၊ မျိုးစောင့်ဥပဒေကို တွင်ကျယ်စွာ အော်နေပြောနေကြသူများ အဆိုပါ ဘုရားရင်ပြင်တော်ပေါ် ပေါ်ပေါ်တင်တင် ဖိနပ်စီးကြသူများ (၀တ်ထားတဲ့ တိုက်ပုံရင်ဘတ်ပေါ်မှာလည်း တံဆိပ်တွေနဲ့ နော်) ကို ထိထိရောက်ရောက် အရေးယူဖို့  ပြောကြမှာလား ဆောင်ရွက်ကြမှာလား အသံထွက်ကြမှာလား ….
ဘုရားရင်ပြင်တော်ပေါ်မှာ ပေါ်ပေါ်တင်တင် ဖိနပ်စီးပြကြတဲ့အထိ ရိုင်းပြကုန်ကြပြီ …. ၊ သန်းရွှေ ကြိုင်ကြိုင် သိန်းစိန်တို့  ကိုယ်တိုင် ရှေ့ က လုပ်ပြခဲ့တာကိုး။
No comments:
Post a Comment