မြန်မာနိုင်ငံအနီးရှိ မုန်တိုင်းအစပျိုး အခြေအနေနှင့် ပတ်သက်၍ လတ်တလောအနေအထားမှာ စိုးရိမ်စရာ မရှိပါ။
မုန်တိုင်းအခြေအနေ လတ်တလောအနေအထားအရ စိုးရိမ်စရာ မရှိပါ။ အလွန်ဆုံး လေတိုက်ခတ်မှုနှုန်းမှာ တစ်နာရီကို ၃၅ မိုင်နှုန်းသာ ရှိနိုင်ပြီး မြန်မာနိုင်ငံဘက်သို့  ဦးတည်နေသော အနေအထား မရှိပါ။ အခြေအနေအား ဆက်လက်ကြည့်ရှူနေပြီး စိုးရိမ်မှုအနေအထားသို့  ရောက်ရှိနိုင်ပါက အသိပေးသွားပါမည်။ သို့ သော် ဤအချိန်ကာလသည် ပင်လယ်ပြင်တွင် မုန်တိုင်းများ စတင်ပေါ်ပေါက်သည့် အချိန်ကာလဖြစ်၍ မုန်တိုင်းဘေးရန်နှင့် ပတ်သက် ၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကယ်တင်ရေးကြိုတင်ဆောင်ရွက်မှု လုပ်ငန်းများနှင့် အလျင်အမြန် သတိပေးနိုင်ရန် လုံလောက်သော ဆက်သွယ်ရေးသတင်းပေးပို့ ချက်များအား ပြည်သူလူထုထံ သေချာစွာ ရောက်ရှိ သိရှိစေရန် ဆောင်ရွက်ထားသင့်သော အချိန်ကာလ ဖြစ်ပါသည်။
သို့ သော် သတင်းအမှန် အခြေအနေအမှန် မဟုတ်ဘဲ ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်စေနိုင်သော အလွန်အကျူးသတင်းမှားများ ထုတ်ပြန်ခြင်းနှင့် သတင်းအမှန်အား အချိန်နောက်ကျစွာ ထုတ်ပြန်ခြင်းတည်းဟူသော အစွန်းနှစ်ဘက်အား ရှောင်ရှား၍ ပြည်သူလူထု အသက်ဘေးအန္တရာယ်အား ဦးထိပ်ထား ရှေ့ ရှူကာသာ ဆောင်ရွက်သင့်ပါကြောင်း သက်ဆိုင်ရာသို့  ပြောကြားလိုပါသည်။
No comments:
Post a Comment