ပြည်သူလူထု မသိအောင် ရွှေဒင်္ဂါးတွေ ပြုလုပ် အသုံးချ ချီးမြှင့်တယ်။
ပြည်သူလူထု မသိအောင် ရွှေဒင်္ဂါးတွေ ပြုလုပ် အသုံးချ ချီးမြှင့်တယ်။
သတင်းတစ်ခုအရပါ။ ပရဟိတတောင်ကုန်းထက်မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ
ဦးကျော်သူ ကိုယ်တိုင် ဦးစီးတည်ထားကိုးကွယ်တဲ့ "မဟာပဏ္ဍီတပရဟိတ အောင်တော်မူစေတီတော်ကြီး" ရဲ့  ထည့်သွင်းဌာပနာ ထားဖို့ အတွက် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီ ရဲအောင် ကနေ “ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကားရိုက်ကူးခြင်းအတွက် နိုင်ငံတော်မှ ဂုဏ်ပြုပေးအပ်ချီးမြှင့်တဲ့ တစ်ကျပ်သားရှိ ရွှေဒင်္ဂါးတစ်ပြားအား လာရောက်၍ လှူဒါန်းခဲ့တယ်ဆိုတဲ့ သတင်းကို စိတ်ဝင်စားမိပါတယ်။
လှူဒါန်းတဲ့သူကတော့ ကုသိုလ်ဒါနအတွက် စေတနာထက်သန်စွာနဲ့  လှူဒါန်းမှုကို ပြောစရာမရှိပေမယ့် “ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကားဟာ ဗိုလ်ချူပ်အောင်ဆန်းဦးဆောင်သည့် လွတ်လပ်ရေးသမိုင်းအား အသုံးချ၍ ခေတ်အဆက်ဆက်သမိုင်းအား ပြသကာ ငွေကြေးအကုန်အကျများစွာခံ၍ တပ်မတော်၏ အခန်းကဏ္ဍအား အလေးပေး၍ ရိုက်ကူးခဲ့သော စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးများ အလိုကျ ၀ါဒဖြန့် မှိုင်းသွင်းသော စိတ်ဓါတ်စစ်ဆင်ရေးဆောင်ရွက်မှုတစ်ခုပြုသည့် ရုပ်ရှင်ကားဖြစ်တဲ့အတွက် အဆိုပါ “ကြယ်စင်မော်ကွန်း” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူတွေကို ရွှေဒင်္ဂါးပြားတွေ ဂုဏ်ပြုချီးမြှင့်တယ်ဆိုတာ သိလိုက်ရတာပါဘဲ။
သန်းရွှေ သိန်းစိန်တို့  မပြောနဲ့  ယခင် အာဏာရှင်ကြီး နေ၀င်းရဲ့  လက်ထက်မှာကတည်းက အာဏာရှင်စနစ်တည်တံ့ခိုင်မြဲရေးအတွက် ၀ါဒဖြန့် လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုက ချစ်ခင်လေးစားတဲ့ အနုပညာရှင်တွေကို မက်လုံးတွေပေး အခွင့်အရေးတွေပေး ခုတုံးလုပ် အသုံးချခဲ့ပါတယ်။ ရုပ်ရှင် ဂီတက အနုပညာရှင်တွေကို အဓိက အသုံးချခဲ့သလို ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်ခဲ့ကြတဲ့ ပြည်သူ့ အနုပညာရှင်မပီသကြတဲ့သူတွေ လှည့်ဖြားသွေးဆောင်ခြင်းကို မသိကြဘဲ အနုပညာအရေး စွမ်းစွမ်းတမန် ဆောင်ရွက်ရရင် ကျေနပ်ပီတိဖြစ်ကြတဲ့ အနုပညာရှင်တွေဟာ ဘ၀သေသည့်တိုင် ပြည်သူလူထုက လေးစားမှု မရှိတဲ့ နာမည်သေခဲ့ရတဲ့အထိ ရောက်ရှိသွားခဲ့ရတဲ့သူတွေ ကြေကွဲဝမ်းနည်းစရာ ကြုံတွေ့ ခဲ့ရပါတယ်။
အာဏာရှင် အာဏာရူးတွေဟာ ၄င်းတို့ အကျိုးစီးပွားအတွက် ၀ါဒဖြန့် ချီတဲ့နေရာမှာ ပြည်သူလူထုအများစာက ကြိုက်နှစ်သက် အားပေးချစ်ခင်ကြတဲ့သူတွေကို အဓိက ထားပါတယ်။ အာဏာရှင်ကြီး နေ၀င်းလက်ထက်က စလို့  ယခု သိန်းစိန် လက်ထက်ထိပါဘဲ။ မရိုးနိုင်တဲ့ ဒီနည်းလမ်းတွေကို ထပ်တလဲလဲ မသိမသာ အသုံးချနေဆဲပါဘဲ။
အာဏာရှင် အာဏာရူး သိန်းစိန်တို့ ရဲ့  ၀ါဒဖြန့်  စိတ်ဓါတ်ရေးရာ မှိုင်းသွင်းတဲ့ “ကြယ်စင်မော်ကွန်း” ရုပ်ရှင်မှာ ချီးမြှင့်တာ ရွှေဒင်္ဂါးတွေနဲ့  ချီးမြှင့်တယ်ဆိုတာ ပြောပလောက်တဲ့ သိသိသာသာ မဟုတ်ပေမယ့် အခြားသော အခွင့်အရေးများကတော့ ကိုယ်ကျိုးစီးပွားကိုသာ အတ္တကြီးမားစွာကြည့်တဲ့သူတွေအဖို့ အတွက် ဆုလာဘ်ကြီးတွေလို ရရှိနေမှာပါ။
ဒီချီးမြှင့်တဲ့ ရွှေဒင်္ဂါး ထုတ်လုပ်မှုကလည်း ဒီရွှေဒင်္ဂါးပြားပေါ်မှာ “မြန်မာနိုင်ငံတော် ဗဟိုဘဏ်” ဆိုတဲ့ စာသားပါပါတယ်။ “မြန်မာနိုင်ငံတော် ဗဟိုဘဏ်” လို့  ဖေါ်ပြရိုက်နှိပ်ထားတဲ့အတွက် နိုင်ငံတော် တရားဝင် ငွေကြေးထုတ်လုပ်မှုနဲ့  အကျုံးဝင်ပါတယ်။ ဒီလို တရားဝင် အကျုံးဝင် ဖေါ်ပြမှုဖြစ်တဲ့အတွက် နိုင်ငံနှင့် သက်ဆိုင်သော ငွေကြေးထုတ်လုပ်မှုတွေမှာ ပြည်သူလူထုကို တရားဝင် အသိပေးထုတ်ပြန်ကြေညာမှုကို ကြိုတင်အသိပေး ဆောင်ရွက်ပြီးမှသာ တရားဝင်သုံးစွဲရမှာ ဖြစ်တဲ့အတွက် ယခုလို “မြန်မာနိုင်ငံတော် ဗဟိုဘဏ်” ပါ ရွှေဒင်္ဂါးပြား ပြုလုပ်အသုံးချမှုဟာ သိန်းစိန်တို့  အစိုးရတစ်ရပ်လုံး ပြည်သူလူထုအပေါ်နဲ့  တရားဥပဒေကို ဗြောင်ကျကျ ချိုးဖောက်မှု ဖြစ်ပါတယ်ပြည်သူလူထု မသိရတဲ့ အာဏာရှင် အာဏာရူးကြီးတွေရဲ့  လူမသိသူမသိ ဆောင်ရွက်မှုတွေနဲ့  ကိုယ်ကျိုးသာ ကြည့်ကြတဲ့ ဖော်လံဖားတွေရဲ့  လုပ်ဆောင်မှုတွေ အများကြီးပါဘဲလား။
ပြည်သူလူထု မသိဘဲ တစ်ကျပ်သား ရွှေဒင်္ဂါးပြား ပြုလုပ် အသုံးချခဲ့တဲ့သူတွေကို အရေးယူရပါမယ်။
ထို့ အတူ စိတ်ဝင်စားစရာက သိန်းစိန်တို့ ဟာ ဒီလို ရွှေဒင်္ဂါးတွေကို ပြည်သူလူထု မသိဘဲ ဘယ်လောက်တောင် ထုတ်လုပ်နေလည်း၊ ဘယ်လိုနေရာတွေမှာ သုံးစွဲနေလည်း၊ ဒီလို ရွှေဒင်္ဂါးပြားတွေကို ဘယ်လိုနေရာတွေမှာ စိတ်ထင်တိုင်း သုံးစွဲနေသလည်းဆိုတာ စိတ်ဝင်စားစရာပါဘဲ။ သေချာတာကတော့ သူတို့  အကျိုးစီးပွားအတွက် ဘာခိုင်းခိုင်း အလိုကျ လုပ်ပေးသူတွေကို ဂုဏ်ပြုချီးမြှင့်သလို၊ ဒီရွှေဒင်္ဂါးပြားအစစ်တွေကို အခြား ပြည်တွင်းပြည်ပ နေရာတွေမှာ သုံးစွဲနေနိုင်တယ်ဆိုရင်ရော …. ။
No comments:
Post a Comment