Saturday, May 24, 2014

ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံတကာမှလည်း လက်မှတ်ထိုးနိုင်ပါပြီ။

ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး နိုင်ငံတကာမှလည်း လက်မှတ်ထိုးနိုင်ပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်းဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ရေးထိုးခြင်းအား ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများလည်း မိမိဆန္ဒအရ ပါဝင်ဆောင်ရွက်နိုင်ပြါ့ပီခင်ဗျာ။

ပြည်ပတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် -

၁။ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

၂။ မြန်မာနိုင်ငံသား ဖြစ်ရမည်။

၃။ မြန်မာနိုင်ငံသားလက်မှတ်အမှတ် (သို့မဟုတ်) မြန်မာနိုင်ငံကူးလက်မှတ်အမှတ်စဉ် ထည့်သွင်းဖေါ်ပြနိုင်ရမည်။

၎။ မိမိဆန္ဒအရသာ ဆန္ဒပြုလက်မှတ်ရေးထိုးခြင်းဖြစ်ရမည်။

၅။ လူတစ်ဦးလျှင် တစ်ကြိမ်သာ လက်မှတ်ရေးထိုး ဆန္ဒပြုရပါမည်။

အထက်ပါအချက်များနှင့်အညီ ဖေါ်ပြပေးထားသော ဆန္ဒပြုလက်မှတ်ထိုးဇယားပုံစံအတိုင်းသာ လက်မှတ်ရေးထိုးကြပြီးနောက် စကင် (Scan) ဖတ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ် အီးမေးလ်လိပ်စာဖြစ်သည့် info.nldburma@gmail.com သို့ ပြန်လည်ပေးပို့နိုင်ပါသည်။






No comments: