Sunday, May 18, 2014

တပ်မတော်သားတွေ ပြည်သူလူထုနဲ့  တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြပါ။

ပြည်သူလူထုနဲ့  တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြပါ။

စစ်တက္ကသိုလ်တွေမှာ “အောင်ဆန်းခန်းမ” တွေရှိတယ်၊ စစ်သည်တော်တွေက တပ်မတော်ဖခင်ဆိုတာ ဗိုလ်ချူပ်အောင်ဆန်းလို့  လက်ခံထားကြတယ်၊ တပ်မတော်သားတွေ အချင်းချင်းပြောကြတဲ့ထဲမှာ ဗိုလ်ချူပ်အောင်ဆန်းသာမက သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုပါ ယုံကြည်လေးစားကြတယ်ဆိုတာ သိရတယ်။

ဒါတွေကို သိကြတဲ့ အာဏာရူးဗိုလ်ချူပ်ကြီးတွေနဲ့  လက်ပါးစေ တပ်မတော်သစ္စာဖောက်အချို့ ကသာ မဟုတ်မမှန် လုပ်ကြံဇာတ်တွေနဲ့ အပုပ်ချရေးသားတာတွေ ပြောနေတာတွေ လုပ်နေကြတယ်ဆိုတာ တပ်မတော်သားအများစု သိနေကြတယ်။

ပြည်သူလူထုက ချစ်ခင်လေးစားတဲ့ ပြည်သူလူထုခေါင်းဆောင်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်လို့  သိနေမြင်နေရတဲ့ မြန်မာ့ ကမ္ဘာ့သတင်းတွေအရ သိနေရတာမို့  ပြည်သူချစ်တဲ့ ခေါင်းဆောင်ဘက်ကို လိုက်သင့်သလား၊ ကိုယ်ကျိုးရှာ အာဏာရူး ဗိုလ်ချူပ်ကြီးတွေဘက်ကို ဆက်လိုက်နေဦးမလားဆိုတာ အရင်ကလို မပြတ်မသား လုပ်နေရတော့မယ့် အချိန်မဟုတ်ဖူးလို့  ရဲရဲဝန့် ဝန့်  ဆုံးဖြတ်သင့်ပါပြီ။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တပ်မတော်နဲ့  တပ်မတော်သားတွေအပေါ် ဘယ်လို ဖြူစင်ရိုးသားတဲ့ စေတနာထားလည်းဆိုတာ ကိုယ်တိုင်ကိုယ်ကျ လေ့လာကြပါ။

မက်လုံးတွေ ပေးပြီး ဥစ္စာဓနနဲ့  ဆွယ်နေကြတဲ့ အာဏာရူး ဗိုလ်ချူပ်ကြီးတွေရဲ့  အမိန့် အောက်မှာ တပ်မတော်သားတွေရဲ့  ဘ၀ဟာ နေ့ မြင်ညပျောက်ပါ။ မိမိတို့ ဆွေစဉ်မျိုးဆက် သိက္ခာရှိရှိ အဆင့်အတန်းရှိရှိ အာမခံချက်ရှိရှိ လူ့ တန်ဖိုးရှိရှိ နေထိုင်နိုင်ဖို့  ဆိုတာ ပြည်သူ့ အစိုးရလက်ထက်မှာဘဲ ရှိတယ်ဆိုတာပါ။

အာဏာရူးဗိုလ်ချူပ်ကြီးတွေအောက်က တပ်မတော်သားတွေ မိမိဘ၀ကို မိမိ ကယ်တင်ပါ၊ မိမိ မိသားစုဘ၀တွေကို မိမိ ကယ်တင်ပါ၊ မိမိ ဆွေစဉ်မျိုးဆက်ဂုဏ်သိက္ခာကို မိမိတို့  ကယ်တင်ပါ၊ မိမိ တိုင်းပြည်နဲ့  လူမျိုးကို မိမိတို့  ကယ်တင်ပါ၊

ပြည်သူလူထုနဲ့  တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြပါ။



No comments: