Sunday, May 18, 2014

ဦးပိုင်ဆိုတာ ငါမပိုင်တဲ့အပြင် ငါ့ဟာပါ သူတို့  ပိုင်သွားတယ်ဆိုတာ သိကြပါ စစ်သည်တော်အပေါင်းတို့ ။

ဦးပိုင်ဆိုတာ ငါမပိုင်တဲ့အပြင် ငါ့ဟာပါ သူတို့  ပိုင်သွားတယ်ဆိုတာ သိကြပါ စစ်သည်တော်အပေါင်းတို့ ။

စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်က အောက်ခြေတပ်မတော်သားများနဲ့  မိသားစုဝင်များ၊ တပ်မတော် အငြိမ်းစားများ စားဝတ်နေရေး ပြေလည်စေရန်အတွက်လို့  ၀ါဒဖြန့်  အသံကောင်း ဟစ်နေပေမယ့် တကယ်တမ်းကြတော့ အောက်ခြေက တပ်မတော်သားတွေကို ရှယ်ယာတွေ အတင်းအဓမ္မထည့်ဝင်ခိုင်းနေပါလား။

ဦးပိုင်က တပ်မတော်သားတွေ အကျိုးစီးပွားလုပ်နေပါတယ်ဆို၊ အခုတော့ တပ်မတော်သားတွေဆီက အေးဓါးမြပြန်တိုက်နေပါလား။

တပ်မတော်အတွင်းက အောက်ခြေရှိ အရာရှိအရာခံအကြပ်တပ်သားတွေခမြာ ဆင်းရဲပင်ပန်းမှုဒဏ်လည်း ခံရ၊ စားဝတ်နေရေးလည်း မပြေလည်၊ အထက်က အမိန့် ဆိုရင်လည်း အိမ်က မိန်းမတောင် တောင်းခံရင် ပေးရမယ့် အခြေအနေ၊ တိုက်ဆို တိုက် သေဆို သေ၊ လစာဆိုတာ နှမ်းစေ့လောက်သာ ပေးထားတာ ခံရ၊ နေထိုင်စားသောက်ရေးကလည်း စုတ်ပြတ်သတ်၊ ဒီကြားထဲ ပြည်သူတွေရဲ့  မုန်းတီးမှုလည်း ကြားထဲက ခံနေရ၊ အစစအရာရာမှာ အထောင်းခံနေရလို့  မလှုပ်သာ မရုန်းသာတဲ့ ဘ၀တွေနဲ့  ရင်ဆိုင်နေရတဲ့အထဲ ယခုလို မရှိမဲ့ ရှိမဲ့ထဲ အစုရှယ်ယာကို အမိန့် အရ ထည့်ခိုင်းနေတော့ ဘယ်လိုလုပ်ကြမလည်း။

ရှာကြံပြီးထည့်လိုက်တဲ့ အစုရှယ်ယာကရော အမြတ်ရဖို့  နေနေသာ အရင်းတောင် ကိုယ့်ဆီပြန်မလှည့်လာတဲ့ အဖြစ်ဆိုး။

စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးတဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် (ဦးပိုင်) ဆိုတာ နောက်ဆုံးတော့ ဗိုလ်ချူပ်ကြီးများဘ၀မှ အရေခွံလဲသွားတဲ့ ဦး (ဗိုလ်) တွေဘဲ ပိုင်ဆိုင်တိုးပွားအောင် လုပ်ပေးနေရတာပါဘဲလားဆိုတာ အောက်ခြေတပ်မတော်သားတွေ ဖြည့်စွက်ပေးလိုက်ရတာဆိုတာ သိသင့်ကြပါပြီ။

အောက်ခြေအရာရှိအရာခံ အကြပ်တပ်သားတွေ ခံနေရတာ နှစ်ပေါင်းများစွာ စုတ်ပြတ်သပ်တာမှ လန်ပါထွက်နေပြီ။



No comments: