ဖိနပ်မစီးသင့်တာ သိကြရဲ့ လား။
ဖိနပ်မစီးသင့်တာ သိကြရဲ့ လား။
ကျမ်းတတ်အကျော် လှေသင်းဆရာတော်ဘုရားကြီး၏ ဆိုဆုံးမချက်။
သာသနာမှာ ဖိနပ်မစီးအပ်တာ သုံးမျိုး ရှိတယ်လို့ ကျမ်းတတ်အကျော် လှေသင်းဆရာတော်ဘုရားကြီး ပြောတာ ရှိတယ်။
(၁) အဝေးကနေ ဘုရားကို မြင်ရတဲ့သူဟာ ဘုရားကို လာတဲ့အတွက်ကြောင့် မြင်တဲ့နေရာက စပြီး ဘုရားကြည်ညိုတဲ့စိတ်နဲ့ ဖိနပ်မစီးအပ်ဖူးတဲ့။
(၂) ဒီနေရာဟာ ဘုရားရဲ့ အရံအဝင်း အုတ်တံတိုင်းခတ်ထားတဲ့ နေရာဆိုရင်လည်း အုတ်တံတိုင်းဝင်ပေါက်က စပြီး ဖိနပ်မစီးရဘူးတဲ့။
(၃) ဘုရားရဲ့ အမှုကိစ္စလုပ်တဲ့အခါ၊ ကုသိုလ်ပြုတဲ့အခါ ဘုရားကို လေးစားလို့ ဖိနပ်မစီးအပ်ဖူးတဲ့။
တစ်ချိန်တုန်းကဆိုရင် ထိုင်းနိုင်ငံဘုရင်မင်းမြတ်တောင် မြန်မာပြည်ရဲ့ အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်ကြီးကို သံဃာတွေ ဆွမ်းကပ်ဖို့ လာတော့ အပေါ်ဆုံး တံခါးပေါက်က စပြီး သံဃာ့ပရိတ်သတ်ထဲကို လေးဘက်ထောက်ပြီး ဝင်လာဖူးတယ်။ ဘုရားမပြောနဲ့  ဘုရားသားတော်တွေကိုပါ ရိုသေသမှုပြုတာ။
အရှင်နန္ဒမာလာ (Ven Nanda Mala)။
ဖိနပ် မစီးတဲ့အပြင် သံဃာတော်တွေ အရိပ်၊ မိဘဆရာသမား အရိပ်တွေပေါ်တောင် မနင်းမိအောင် ထိန်းသိမ်းလျှောက်လှမ်းကြရတဲ့ခေတ်ကနေ ဘုရားရင်ပြင်ပေါ် ဖိနပ်စီး ကားပတ်မောင်းတဲ့ခေတ် ဖြစ်ရတာ ဘယ်သူတွေကြောင့်လည်း။ ဆင်ခြေဆင်လက် အမျိုးမျိုးနဲ့  ဖိနပ်စီးရတယ်ဆိုပြီး ပြောနေကြတာ၊ နောက်ဆို အနီးအနားမပြောနဲ့  တဖြေးဖြေးနဲ့  ဘုရားခေါင်းပေါ်ထိ ရောက်တော့မယ်။
No comments:
Post a Comment