ကမ္ဘာပေါ်မှာ ပြည်သူအတွက် သတ္တိမရှိဆုံး စစ်သားပြောပါဆိုရင် မြန်မာပြည်က စစ်သားတွေဘဲ။
အာဏာရှင်သက်ဆိုးရှည်နေတာ ပြည်သူလူထုအတွက် သတ္တိမရှိတဲ့ စစ်သားတွေကြောင့်ဘဲ။ အာဏာရှင် ဆန့် ကျင်ဖို့ လား … လုပ်ရဲဖူး။
မြန်မာပြည်မှာ သားသုံးသား ရှိတယ်။ အာဏာရှင် စိုးရွံ့ တာ ဒီသား သုံးသားဘဲ။
ကျောင်းသား
ဘုရားသား
စစ်သား
ဒီသားသုံးသားကို အာဏာရှင်တွေက အကြောက်ဆုံးဘဲ၊ အကြောက်ဆုံးမို့  အနှိပ်ကွပ်ဆုံးဘဲ။
ကျောင်းသား - ခေတ်အဆက်ဆက် အာဏာရှင်ကို ကျောင်းသားထုနဲ့  ရဲရဲဝန့် ဝန့်  အသက်တွေ ပေးပြီး ဆန့် ကျင်ခဲ့ကြတယ်၊ အထုအထောင်းခံ အကျဉ်းကျခံ အသတ်အဖြတ်ခံရတဲ့ကြားထဲက ယနေ့ အထိ ခွပ်ဒေါင်းအလံ လွှင့်နိုင်နေတုန်းဘဲ။ မြန်မာသိတယ် ကမ္ဘာသိတယ်။ ပြည်တွင်းပြည်ပ ကျောင်းသားတွေ အာဏာရှင်ကို ဆက်လက်ဆန့် ကျင်နေကြဆဲဘဲ။
ဘုရားသား - ခေတ်အဆက်ဆက် အာဏာရှင်ကို ဆန့် ကျင်ခဲ့ကြတဲ့ သံဃာတော် အရေအတွက် မများခဲ့ပေမယ့်၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကတော့ ကမ္ဘာတစ်ဝှမ်းက ချီးကျူးဂုဏ်ပြုရအောင် ပေါ်ပေါက်ခဲ့တယ်။ ဒါပေမယ့် ၂၀၀၇ သံဃာထု ဖြိုခွဲခြေမှုန်းခံရတဲ့အခါမှာ ပြိုကွဲခဲ့ပြီး နောက်ပိုင်းမှာ သံဃာထု လှုပ်ရှားမှု ပြန်မဖြစ်တော့တဲ့အပြင်၊ အာဏာရှင်တွေက သံဃာတော်တွေထဲကနေ လက်ပါးစေ လက်ကိုင်ဒုတ်သံဃာတော်တွေကို မွေးပြီး အာဏာရှင်အလိုကျ လှုပ်ရှားမှုတွေကို ပြောင်းပြန်ပြန်လုပ်ကြတယ်။ အာဏာရှင်လက်ကိုင်ဒုတ်သံဃာတော်တွေကို ဖယ်ရှားနိုင်ဖို့  သံဃာတော်တွေမှာ အဓိက တာဝန်ရှိတယ်။ ဒီအတွက် ဘုရားသားတော် စစ်တဲ့ သံဃာတော်တွေ ထုနဲ့ ထည်နဲ့  ပေါ်ထွက်လာဖို့  လိုတယ်။ ငြိမ်နေတယ်ဆိုရင်တော့ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုနောက် ဘုရားသားတွေ ပြည်သူက အားထားလို့  ရနိုင်မှာ မဟုတ်ဖူးဆိုတာဘဲ။
စစ်သား - ခေတ်အဆက်ဆက် အာဏာရှင်ကို ဆန့် ကျင်ခဲ့တဲ့ စစ်သားအရေအတွက်ဟာ လက်ချိုးရေတွက်လို့ ရတယ်။ အာဏာရှင်ကို ဆန့် ကျင်ရဲခဲ့တဲ့ စစ်သားတွေကိုတော့ အရေအတွက် နည်းပေမယ့် အဆိုပါ ပြည်သူ့ စစ်သားတွေကို လေးစားတယ်။
ထင်ထင်ရှားရှား ဗိုလ်ကြီးအုန်းကျော်မြင့်တို့ လို အာဏာရှင်ခေါင်းဆောင်ကြီးကို ဖယ်ရှားဖို့  ပေါ်ပေါ်တင်တင် ရဲရဲဝန့် ဝန့် လုပ်ခဲ့တဲ့သူ စစ်တပ်အတွင်းမှာ နောက်ပိုင်း မပေါ်ပေါက်လာဖူး။ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းမှာ ပြည်သူဘက်က ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ စစ်သားအချို့ ရှိတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် တည်ထောင်ဖွဲ့ စည်းမှုက စလို့  ယနေ့ ယခုထိ ပါဝင်ဆောင်ရွက်နေကြတဲ့ စစ်မှုထမ်းခဲ့ဖူးကြတဲ့ အရာရှိအရာခံ စစ်သားတွေ ရှိနေကြတယ်၊ ပြည်သူလူထုနဲ့ အတူ တစ်သွေးထဲ တစ်သားထဲ ပြည်သူ့ စစ်သားဘ၀ကို ခံယူလုပ်ဆောင်နေကြတဲ့ အရာရှိအရာခံ စစ်သားတွေရှိနေကြတယ်။ ဒါပေမယ့် သူတို့ ဟာ လက်ရှိ တပ်မတော်အတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေ မဟုတ်ဖူး။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျောက်ကွယ်ရေးအတွက် တပ်မတော်မှာ လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ စစ်သားတွေ တာဝန်မကျေပွန်ကြဖူး။ ပြည်သူ့ မျက်နှာထက် အာဏာရှင်မျက်နှာကို ကိုယ်ကျိုးအတွက် ကြည့်နေကြလို့ ဘဲ။
မြန်မာနိုင်ငံရဲ့  နှစ်ပေါင်းမြောက်မြားစွာ အချိန်ကာလ ခေတ်အဆက်ဆက်မှာ အာဏာရှင်ကို ရဲရဲဝန့် ဝန့်  ဆန့် ကျင်ရဲကြတာ ကျောင်းသားတွေ တာဝန်ကျေတယ်၊ ၂၀၀၇ ရွှေဝါရောင်မှာ ဘုရားသားတွေ တာဝန်ကျေတယ်။ တိုင်းပြည်နဲ့  ပြည်သူလူထုအတွက် တာဝန်မကျေတာ စစ်သားတွေဘဲ။ တာဝန်မကျေရုံမက အမိန့် ကြီးတွေနဲ့ ပါ ပြည်သူကို ပြန်ပြီး ဒုက္ခအမျိုးမျိုး ပေးကြတယ်။
ဒီတော့ အာဏာရှင်သက်ဆိုးရှည်နေရတာ စစ်သားတွေကြောင့်လို့  ပြောရလိမ့်မယ်။ ပြည်သူအတွက် ရဲရဲဝန့် ဝန့် ပေါ်ပေါ်တင်တင် မဆောင်ရွက်ရဲဖူး။ ကမ္ဘာပေါ်မှာ ပြည်သူအတွက် သတ္တိမရှိဆုံး စစ်သားပြောပါဆိုရင် မြန်မာပြည်က စစ်သားတွေဘဲ။
မြန်မာပြည် အာဏာရှင်စနစ်ထွန်းကားနေတာ အာဏာရူး စစ်ဗိုလ်ချူပ်ကြီးတွေသာ အာဏာရှင်မဟုတ်ဖူး၊ အာဏာရှင်အလိုကျ နေနေကြတဲ့ စစ်သားတိုင်းဟာ အာဏာရှင်ကိုယ်စီ ဖြစ်နေကြလို့ ဘဲ။
သားသုံးသားထဲက ပြည်သူလူထုအတွက် သတ္တိအနည်းဆုံး သား ပြောပါဆိုရင် စစ်သားဘဲ။
“ဘယ်သူ့ အတွက်လည်း ပြည်သူ့ အတွက်ဘဲ …” !@! ညာ …. !@! ညာ …. !@! ညာ …..
No comments:
Post a Comment