ဆေးရုံပေါ်ရောက်မှ ငြိမ်းချမ်းစွာ စကားပြောဖြစ်ကြတာ။
ဒီကေဘီအေ (၀ဲပုံ) နဲ့  KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ယာပုံ) တို့  မဲဆောက်ဆေးရုံမှာ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့လို့  ဆေးရုံတက်နေရင်း စကားပြောကြတာ ဖြစ်ပါတယ်။
ဒီပုံကို ကြည့်ပြီး အင်မတန်မှ စိတ်ထိခိုက်မိပါသည်။ တို့ တိုင်းရင်းသားတွေ ဒီလို အချိန်ခါရောက်မှ ငြိမ်းချမ်းစွာ စကားပြောကြဖြစ်ကြတာပါလား။
နအဖ လူယုတ်မာနဲ့ အမျိုးသားသစ္စာဖေါက်တို့ ရဲ့ လက်ချက်ကြောင့် တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲကြရပြီး အပြစ်မဲ့သူတွေ သွေးခင်းကြရပြီ။ တိုင်းရင်းသား အမျိုးသားအပေါင်းတို့ ဒါကို သင်ခန်းစာ ယူကြတော့။ အချိန်နည်းနည်းလေး ကျန်သေးတယ်။
နအဖ လူယုတ်မာတွေရဲ့  လှည့်ဖြားမှုမှ အလွတ်ရုံးထွက်ကြကာ တိုင်းရင်းသား အမျိုးသားအပေါင်းတို့  လက်ချင်းပြန်ချိတ်ကာ အာဏာရှင် နအဖအား ပြန်လည်တိုက်ထုတ်ကြပါ။ ဒီကေဘီအေမှ တိုင်းရင်းသားတွေကို သိစေချင်ပါတယ်။
No comments:
Post a Comment