Wednesday, June 1, 2011

ကုန်းလမ်း ရေလမ်း လေလမ်း ဘေးအန္တရာယ် ကင်းဝေးကြပါစေ။ အာဏာရူးတွေလက်အောက်က မြန်မာပြည်သူပြည်သားတွေ နေ့ စဉ်နဲ့ အမျှ အသက် ဖက်နဲ့  ထုပ်ထားနေကြရတယ်။


























နေပြည်တော် အမြန်လမ်းမကြီးတွေမှာ ကွန်ကရစ်လမ်းတွေ အခင်းအကျင်းကြောင့်၊ ယာဉ်စည်းကမ်းထိန်းသိမ်းစောင့်ရှောက်မှု ညံ့ဖျင်းမှုတွေကြောင့် ကားတွေမှောက်ပြီး ထိခိုက်ဒဏ်ရာရ သေကြေပျက်ဆီးနေတာတွေ့ ရတော့ အများပြည်သူတွေအတွက်တင်မက နေပြည်တော်မှာ စားဝတ်နေရေးအတွက် သွားရောက်နေထိုင် တာဝန်ထမ်းဆောင်နေရပေမယ့် အားလပ်ရက်လေးမှာ မိသားစုတွေရှိရာ မြို့ နယ်တွေကို သွားလိုက်လာလိုက် လုပ်နေကြရတဲ့ ပြည်သူ့ ဝန်ထမ်းတွေအတွက်လည်း အမြဲတန်း စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြရတယ်လို့  ပြောဆိုမှုတွေ ရှိနေကြပါတယ်။

နအဖအာဏာရူးတွေရဲ့  နေပြည်တော်တည်ဆောက်မှုအရ မလိုလားအပ်တဲ့ အခက်အခဲတွေကြောင့် မိသားစုနဲ့  တကွဲတပြားဆီ ဝေးကွာနေရမှုတွေကအစ အလုပ်လုပ်ကိုင်ရာမှာလည်း မတရားမှုတွေ မမျှတမှုတွေ မမှန်ကန်မှုတွေ နေ့ စဉ်နဲ့ အမျှ ရင်ဆိုင်နေကြရတဲ့အထဲမှာ အသက်ဘေးအန္တရာယ် စိုးရိမ်နေကြရတဲ့ အခြေအနေတစ်ခုကတော့ နေပြည်တော် အမြန်လမ်းမရဲ့  ယာဉ်မတော်တဆဖြစ်မှုတွေပါဘဲ။

နေပြည်တော် လမ်းမကြီးတွေကို ကတ္တရာအစား ပေါပေါလွယ်လွယ် ကွန်ကရစ်တွေခင်းလို့  မြေသားမခိုင်မာ မညီမှုတွေ၊ မော်တော်ယာဉ်တွေ လေယာဉ်ပျံအလား အမြန်မောင်းနှင်မှုတွေ၊ အမြန်လမ်းတစ်လျှောက် အမြန်နှုန်းကို စစ်ဆေးတဲ့ အရေးယူမှု စနစ်မရှိမှုတွေနဲ့  ထိရောက်စွာ အရေးယူမှုတွေ အားနည်ပြီး စည်းကမ်းမဲ့ယာဉ်မောင်းသူတွေနဲ့  လဘ်ပေးလဘ်ယူမှုတွေကြောင့် ယာဉ်တိုက်မှုတွေ တိမ်းမှောက်မှုတွေဟာ များပြားလွန်းနေတာ တွေ့ မြင်ရပါတယ်။

နေပြည်တော် အမြန်လမ်းမတွေရဲ့  တစ်စိတ်တစ်ပိုင်းမှာကိုဘဲ (၂၀၀၉) ခုနှစ်က ယာဉ်တိုက်ခိုက်မှု (၈၆) မှု ဖြစ်ပွားခဲ့ပြီး (၃၇) ဦး သေဆုံးကာ (၁၅၃) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ (၂၀၁၀) ခုနှစ်မှာ (၇၀) မှု ဖြစ်ပွားခဲ့ပြီး (၄၃) ဦး သေဆုံးပြီး (၁၂၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒီနှုန်းဟာ မြန်မာပြည်ရဲ့  နေပြည်တော်လမ်းမကြီးတွေရဲ့  တစ်စိတ်တစ်ပိုင်းလမ်းနေရာမှာ ဖြစ်တာမို့  ဒီလောက်တောင် ဆိုးရွားလှတဲ့ အခြေအနေပါ။ ယခုလည်း ရက်ပိုင်းအတွင်းမှာဘဲ ရန်ကုန်ကအထွက် နေပြည်တော်အမြန်လမ်းမပေါ်မှာ ကားတိမ်းမှောက်မှု ဖြစ်ပါတယ်။





























ယာဉ်လမ်းအရည်အသွေး စံချိန်မှီကောင်းမွန်တဲ့၊ ယာဉ်စည်းကမ်းထိန်းသိမ်းမှု စနစ်တကျနဲ့  တရားဥပဒေပြည့်ဝတဲ့ နိုင်ငံတွေမှာတောင် တစ်နိုင်ငံလုံး ဖြစ်တဲ့ ယာဉ်ထိခိုက်မှုအရေအတွက်က အခု နေပြည်တော် အမြန်လမ်းမကြီးတွေမှာ ဖြစ်တဲ့နှုန်းနဲ့  နှိုင်းယှဉ်ရင် အင်မတန် နည်းပါးပါတယ်။

မြန်မာပြည်ရဲ့  ပြည်သူပြည်သားတွေ အသက်ဘေးအန္တရာယ်ထိခိုက်နာကျင်စေမှုတွေဟာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှုနည်းပါးမှု၊ ခေတ်မှီနည်းလမ်းကျတဲ့ အရည်အချင်း အရည်အသွေးတွေ မရှိမှုတို့ ကြောင့်က အကြောင်းရင်းတွေပါဘဲ။

တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှုနည်းပါးမှု၊ ခေတ်မှီနည်းလမ်းကျတဲ့ အရည်အချင်း အရည်အသွေးတွေ မရှိမှုတို့ ကတော့ အဓိကကတော့ ကိုယ်ကျိုးအတွက် ဘယ်သူသေသေ ငတေမာရင်ပြီးရော ယုတ်မာစိတ်ထားနေတဲ့ အရည်အချင်းမရှိတဲ့ အာဏာရူးတွေကြောင့်ဘဲ ဖြစ်ပါတော့တယ်။

နေပြည်တော်အမြန်လမ်းမကြီးတွေတင်သာမက မြန်မာပြည်ရဲ့  ကူန်းလမ်း ရေလမ်း လေလမ်းသွားနေရသူတွေခမြာ ဘုရား တရားအောင်းမေ့ပြီး အသက်ကို ဖက်နဲ့  ထုပ်ပြီး သွားလာနေကြရတာမို့  ဘေးအန္တရာယ်ကင်းဝေးကြပါစေလို့ သာ ဆုတောင်းပေးနေရပါတယ်။

No comments: