Monday, March 25, 2013

မှန်မှန်ကန်ကန် ပြောဆိုသည့် ၀န်ကြီးအား ချီးကျူးအပ်ပါသည်။

“မိမိ ၀န်ကြီးဆိုသည်မှာ စာရွက်ပေါ်တွင်သာ ရှိကြောင်း၊ နိုင်ငံတော် တစ်ခုလုံး တတိုင်းပြည်လုံး အကျိုးစီးပွားနှင့် တိုင်းရင်းသားအားလုံး အကျိုးစီးပွားကို စစ်ရေးဖြင့် ဖြေရှင်းနေမှုများကိုလည်း လုံးဝဆန့်ကျင်ပါကြောင်း” မှန်မှန်ကန်ကန် ပြောဆိုသည့် ၀န်ကြီးအား ချီးကျူးအပ်ပါသည်။


လားရှိုးးမြို့တွင် ကျင်းပလျက်ရှိသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း Trust Building For Peace ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အင်းတိုင်းရင်းသားရေးရာ ၀န်ကြီးမှ တိုင်းရင်းသားခေါင်းဆောင်တစ်ဦး၏ အင်းဝန်ကြီး၏ လုပ်ပိုင်ခွင့်နှင့် ပတ်သတ်ပြီး မေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ... “မိမိသည် အင်းတိုင်းရင်းသားရေးရာဝန်ကြီး
ဖြစ်သည်မှာ မှန်ကြောင်း၊ သို့သော်လည်း မိမိ ၀န်ကြီးဆိုသည်မှာ
စာရွက်ပေါ်တွင်သာ ရှိကြောင်း” လိုရင်းးတိုရှင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်တွေကို တပ်မတော်ထက် တဆင့် နိမ့်အောင် လုပ်သလိုဖြစ်နေကြောင်း၊ သည့်အတွက် လက်နက်ကိုင်တော်လှန်မှုတွေ ပုန်ကန်မှုတွေ ပေါ်ပေါက်နေရခြင်းဖြစ်ကြောင်း၊ ပြီး လွတ်တော်ထဲတွင်လည်း မိမိတို့ တိုင်းရင်းသား လူမျိုးများအနေဖြင့် ပြည်ထောင်စုဝန်ကြီးအဆင့် တစ်ဦးမှ ရရှိခြင်း မရှိသေးကြောင်း၊ အာဏာလိုချင်လို့၊ အာဏာမက်သဖြင့် ပြောကြားနေခြင်း မဟုတ်ကြောင်း၊ တိုင်းရင်းသားညီအစ်ကိုတွေအနေဖြင့် ဥပဒေဘောင်အတွင်းမှ မိမိတို့ ရပိုင်ခွင့် လိုချင်ခြင်းသာဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသားပါတီများသည် ကုဋေရှစ်ဆယ်ကြွယ်ဝသည့် ပါတီများ မဟုတ်ကြောင်း၊ တစ်ပြားမှ မရှိသည့် ပါတီများသာဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ပစ်ပယ်ခံနေရသည့် တိုင်းရင်းသားပါတီများဟာ တန်းတူအခွင့်အရေး ရဖို့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်နေကြောင်း၊ အင်းအမျိုးသားပါတီအနေဖြင့် တိုင်းရင်းသားအားလုံး တန်းတူရည်တူ တိုးတက်ပြီး၊ အရှေ့တောင်အာရှ နိုင်ငံများနည်းတူ ရင်ဘောင်တန်းနိုင်အောင်၊ တည်ငြိမ်အေးချမ်းစွာဖြင့် ပြည်သူဘ၀ ထူထောင်ရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တန်းတူရည်တူရှိသော အခွင့်အရေး ရရှိရေး၊ နိုင်ငံတော် တစ်ခုလုံး တတိုင်းပြည်လုံး အကျိုးစီးပွားနှင့် တိုင်းရင်းသားအားလုံး အကျိုးစီးပွားကို စစ်ရေးဖြင့် ဖြေရှင်းနေမှုများကိုလည်း လုံးဝဆန့်ကျင်ပါကြောင်း၊ မိမိ ၀န်ကြီးဆိုတာလည်း စာရွက်ပေါ်မှာသာ ရှိနေကြောင်း၊ လွတ်တော်တွင် ကျနော်တို့ တိုင်းရင်းသားများ တင်သွင်းသည့် အဆိုများသည် အမြဲတမ်း ရှုံးနိမ့်နေကြောင်း ၊တိုင်းရင်းသားများဘက်မှလည်း ပြည်မက လူတွေ စဉ်းစားပေးဖို့လိုကြောင်း ပြောကြား ဆွေးနွေးခဲ့ပါသည်။

(သတင်း/ဓါတ်ပုံ - ဂျွန်ချစ်ငြိမ်း - တောင်ကြီး)။

No comments: