အတင်းအဓမ္မ ဖမ်းဆီးတာတွေ ရှိနေသေးတယ်။
အတင်းအဓမ္မ ဖမ်းဆီးတာတွေ ရှိနေသေးတယ်။
အင်းလေးဟော်တယ်ဇုံဒေသမှ အင်းတိုင်းရင်းသားတောင်သူများအား ညဥ့်နက်သန်းကောင်အချိန်တွင် ဝင်ရောက်ဖမ်းဆီး။
ယနေ့ နံနက် (၂) နာရီအချိန်တွင် အင်ကြင်းကုန်းကျေးရွာမှ ကိုအောင်ကျော်မျိုးနှင့် ကန်ပဲ့ ကျေးရွာမှ ကိုသားကြီး၊ ကိုရွှေခဲ၊ ဦးကျော်စိန်တို့အား ရဲတပ်ဖွဲ့ ဝင် အင်အား (၅၀) ခန့်က ဝင်ရောက်ဖမ်းဆီး ကြောင်း သိရှိရပါသည်။
ထိုသို့  ဖမ်းဆီးခေါ်ဆောင်လာစဉ် ကျေးရွာသားများမှ ဖမ်းဆီးခေါ်ယူခွင့်ကို ဝိုင်းဝန်းတားဆီးသဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း၊ ရုံးချိန်းပျက်ကွက်မှုဖြင့် လာရောက်ဖမ်းဆီးတာဟု ပြောဆိုကြောင်း ကိုအောင်ကျော်မျိုးက ပြောပါသည်။
လွန်ခဲ့သည့် ဇွန်လ (၅) ရက်နေ့ နေ့လည်က ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး စိုင်းနော်ခမ်း၊ ဝန်ကြီး ခွန်သိမ်းမောင်၊ အင်းတိုင်းရင်းသားဝန်ကြီး ဦးဝင်းမြင့် အပါအ၀င် အာဏာပိုင်အဖွဲ့နှင့် ကျေးရွာသူရွာသားများ တွေ့ဆုံညှိနှိုင်းနေကြောင်းနှင့် ကျေးရွာသူရွာသားများ၏ နစ်နာချက်များအား စာဖြင့် ရေးသားတင်ပြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ယခုလို ညှိနှိုင်းဆွေးနွေးနေဆဲအချိန်ကာလမှာ အချိန်မတော် အင်အားသုံး ဝင်ရောက်ဖမ်းဆီးတာ အတွက် စိတ်မကောင်းဖြစ်မိကြောင်း၊ တွေ့ဆုံဆွေးနွေးမှုကို ဆက်ပြီးလုပ်သွားမည်ဖြစ်ကြောင်း
ကိုအောင်ကျော်မျိုးက ပြောပြပါသည်။
သတင်း/ဓါတ်ပုံ - ကိုမိုး (မျိုးဆက်သစ်)။
.jpg)
No comments:
Post a Comment