Saturday, September 28, 2013

၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကာအတွင်းမှာ မသေမချင်း ထပ်မံပစ်သတ်ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် ကင်ချိ နာဂါအိ (Kenji Nagai) ကိစ္စကို တရားဝင် ဖေါ်ထုတ် အရေးယူဆောင်ရွက်ပေးပါ။

၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကာအတွင်းမှာ မသေမချင်း ထပ်မံပစ်သတ်ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် ကင်ချိ နာဂါအိ (Kenji Nagai) ကိစ္စကို တရားဝင် ဖေါ်ထုတ် အရေးယူဆောင်ရွက်ပေးပါ။

၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း စက်တင်ဘာ (၂၇) ရက်နေ့ မှာ မတရား ထပ်ဆင် ထပ်ဆင့် ပစ်သတ်ခံရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (nagai kenji) သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့  ပစ်ခတ်နှိမ်နင်းမှုတွေမှာ ပစ်မိန့် ပေးခဲ့သူတွေ ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ်ခဲ့သူတွေကို တရားဥပဒေအရ ယခုထိတိုင်အောင် အရေးယူတာ မရှိသေးပါလား။

ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (nagai kenji) ပစ်သတ်ခံရမှုကို ဗွီဒီယိုမှတ်တမ်းတွေ ဓါတ်ပုံတွေ သက်သေခိုင်ခိုင်မာမာ ရှိနေမြင်တွေ့ နေပါတယ်။ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (nagai kenji) ရဲ့  ကင်မရာကို သက်သေပစ္စည်းဖြစ်မှာစိုးလို့  အလျင်အမြန်ဖျောက်ဖြက်ပစ်ခဲ့ပေမယ့် ဗွီဒီယိုနဲ့  ဓါတ်ပုံမှတ်တမ်းတွေက ဖုံးဖိမရအောင် သက်သေခိုင်မာစွာ ပေါ်ထွက်ခဲ့ပါတယ်။

ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (nagai kenji) – (ပတ်စ်ပို့ နံပါတ် MS00222000) ဟာ ဗွီဒီယိုနဲ့  ဓါတ်ပုံမှတ်တမ်းအရ သေနတ်နဲ့ ထပ်ဆင့်ပြီး အပစ်ခံခဲ့ရလို့  ယာဘက် ၀မ်းဗိုက်အောက် သေနတ်ထိမှန်ပြီး လမ်းမပေါ်မှာဘဲ သေဆုံးခဲ့ရပါတယ်။

ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (nagai kenji) သေဆုံးမှုနဲ့ ပတ်သက်ပြီး အာဏာရူး သိန်းစိန်တို့ ဟာ တရားဥပဒေအရ ကျူးလွန်သူတွေကို လူသိရှင်ကြား အရေးယူတာ မရှိသေးပါလား။

http://www.youtube.com/watch?v=Gj4HabLE55Y









No comments: