Tuesday, February 3, 2015

ဗွီဒီယို ကြည့်ရန် အခက်အခဲဖြစ်တဲ့သူတွေအတွက် မကွေးတက္ကသိုလ် ပါချုပ် အေးကျော်ရဲ့  စော်ကားတဲ့စကားကို ဖတ်လို့  ရအောင်ပါ။

ဗွီဒီယို ကြည့်ရန် အခက်အခဲဖြစ်တဲ့သူတွေအတွက် မကွေးတက္ကသိုလ် ပါချုပ် အေးကျော်ရဲ့  စော်ကားတဲ့စကားကို ဖတ်လို့  ရအောင်ပါ။

မြန်မာ့သမိုင်းကို နားမလည်တဲ့အပြင် ဗိုလ်ချုပ်အောင်ဆန်းကိုပါ စော်ကားပြောဆိုတဲ့၊ ကျောင်းသူကျောင်းသားတွေကို ခြိမ်းခြောက်တဲ့၊ အာဏာရှင်တွေကို ဖားယားတဲ့၊ အသိဥာဏ်ကင်းမဲ့နေတဲ့ မကွေးတက္ကသိုလ် ပါချူပ် အေးကျော်ရဲ့  တန်ဖိုးမဲ့စကား။

ဖတ်ပြီး နီးစပ်ရာ ပြည်သူပြည်သားတွေ သွန်သင်ဆုံးမပေးကြပါဦး။

မကွေးတက္ကသိုလ် ပါချူပ် အေးကျော် ပြောတဲ့ စကား -

“ကျောင်းမှာ မင်းတို့  လုပ်ချင်တာရှိရင် မင်းတို့ ကျောင်းသားချင်း အရင်စည်းဝေးလိုက်။ နေရာလည်း လုပ်လိုက် ကျောင်းလိုက် လုပ်လိုက် ငါ လွှတ်ပေးမယ်၊ ဒီလိုမျိုးတော့ ငါပိုကြိုက်တယ်။ ကျောင်းသားရှိရင် ကျောင်းသား ဘာဖြစ်တယ်၊ ကျောင်းသားသမဂ္ဂ ရှိရမယ်။ ငါ ပြောပြမယ်၊ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားသမဂ္ဂ လုပ်ခဲ့ပါတယ်၊ အဲ့တော့ ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားပေါ့၊ ခု သိသလား၊ သိသလား။

အဲ့ဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားမဟုတ်တော့ဖူး ကျောင်းထွက်လိုက်ပြီ။ ကျောင်းကထွက်မှ နိုင်ငံရေးလုပ်လို့  ရလို့  ကျောင်းကထွက်ပြီး နိုင်ငံရေးလုပ်တယ်၊ မှတ်ထား။ အဲ့တုန်းက ဘာလို့  လုပ်ရလည်း၊ လွတ်လပ်ရေး လိုချင်လို့ ၊ အပြင်ထွက်ပြီး အလုပ်လုပ်တယ်၊ စွန့် ပြီး လုပ်တယ်၊ ကျောင်းသားမဟုတ်တော့ဖူး ကျောင်းကထွက်လိုက်ပြီ။ မင်းတို့  မသိဖူး။ ရှင်းရှင်းပြောရရင် ဗိုလ်ချုပ်က အနစ်နာခံပြီး လုပ်သွားတာ၊ ကျောင်းကထွက်ပြီး ဘွဲ့ မရသွားဖူး၊ ဟုတ်လား၊ မင်းတို့  မသိဖူး။

ဗိုလ်ချုပ်တောင်မှ အဲ့ဒီတုန်းက ကျောင်းသားသမဂ္ဂလုပ်တယ်လို့  ပြောချင်သလား၊ ပြောချင်လား၊ အထောက်အထား ရှိတယ်၊ နော် ၊ ကြုံလို့  ပြောတာ မဟုတ်ဖူး ဆရာကြီးက၊ လာရင် ပြောမှာ၊ ဒါကြောင့် မင်းတို့ တွေ ငါ အပါမခံချင်ဖူး၊ မင်းတို့  လူတော်လူကောင်းလေးတွေ ဖြစ်ချင်တယ်၊ ပါသွားရင် မင်းတို့  ခံသွားရမယ်၊ မင်းတို့  မိဘတွေ ရင်ကျိုးမယ်။

မင်းတို ဥပဒေအကြောင်း ဘယ်လောက် နားလည်သလည်း၊ ငါတော့ မသိဖူး၊ အေးအေးဆေးဆေး ဂဃနဏ၊ မင်းတို့  ဘယ်လောက် နားလည်သလည်းတော့ မသိဖူး၊ သူများ သွေးထိုးတိုင်း ပါပါသွားတာမျိုး မလုပ်ပါနဲ့ ၊ မင်းတို့ လေးတွေ ဒုက္ခရောက်မယ်၊ ငါတို့ ကတော့ အငြိုးအတေး မရှိဖူး၊ ရှင်းရှင်းပြောရရင် ငါကတော့ အငြိုးအတေး မရှိဖူး၊ မင်းတို့  ရထားတဲ့ အခွင့်အရေးတွေ ပြန်ပါကုန်လိမ့်မယ်၊ ငါတို့  ပြောတာ သဘောပေါက်၊ ရထားတဲ့ အခွင့်အရေးတွေ ပြန်ပါကုန်လိမ့်မယ်၊ သူတို့  အော်ချင်သလောက် အော်၊ ငါတို့  မြေလတ်ပိုင်းက အေးအေးဆေးဆေးဘဲ၊ ငါ စိတ်ချမ်းသာတယ်၊ ငါ့ကျောင်း မပါဖူး၊ ငါ စိတ်ချမ်းသာတယ်၊ အခုမှ ငါ သိရလို့  စိတ်ညစ်နေတယ်။

ဆရာဝန်တွေနဲ့ သွားနှိုင်းမယှဉ်နဲ့ ၊ ဒီကောင်တွေက ဆေးကျောင်းက ဆရာဝန်ဖြစ်နေပြီ ဆေးကုသလို့ ရတယ်၊ မင်းတို့  ဘာလုပ်စားမလည်း၊ မင်းတို့  ဘာလုပ်ကြမှာလည်း ပြောစမ်း၊ ဘာလို့  ငြိမ်ငြိမ်လေး မနေလည်း၊ ဆရာကြီးက မင်းတို့ ကို မဖြစ်စေချင်ဖူး၊၊ ဒုက္ခရောက်လိမ့်မယ်၊ နိုင်ငံတော်မှာ ပလန် (Plan) ရှိပြီးသား၊ မင်းတို့ လည်း သိမှာပါ၊ ပလန်ရှိပြီးသား၊ ဒီတစ်ခါ ထိရင် နောက်တစ် ဘယ်လိုလုပ်မှာလည်း၊ ၀ိုက်ပြီး လာမယ်၊ ၀ိုက်ကို ၀ိုက်ပြီးသား၊ မင်းတို့  ရရှိတဲ့အခွင့်အရေးတွေ ဆုံးသွားမယ်၊ ဆုံးရှုံးသွားခံချင်ရင် လုပ်ကြ၊ ငါတော့ မပြောတော့ဖူး။

ဒါက ငါ အမြင်ဘဲ၊ ငါက အစိုးရ၀န်ထမ်းတစ်ဦး၊ သိသိရက် မင်းတို့ ကို ပြောပြတာ၊ ဟုတ်ပြီလား၊ မင်းတို့  ဘာဖြစ်လို့  ရှေ့ တိုးချင်တာလည်း၊ ရှေ့ တိုးရင် ဒုက္ခရောက်မယ်၊ မီးပုံမီးကို ရှေ့ တိုးတဲ့သူလို ဖြစ်နေတယ်၊ ပြောစမ်းပါဦး၊ မီးကိုင်ကြည့်ရင် မီးပုံကြီးကို မြင်ရင် ပူမယ်မှန်း သိလျက်သားနဲ့  ရှေ့ တိုးတဲ့သူ ဘာဖြစ်မလည်း၊ ပူတယ်၊ ပူပူကြီးနဲ့  ပြာကျသွားမှာ၊ ကလေးတို့ ရဲ့ ၊ ဆရာကြီးမှာလည်း သားတွေ ရှိပါတယ်၊ တက္ကသိုလ်ကျောင်းသားတွေပါ၊ အငယ်ကောင်တစ်ကောင် ကျန်သေးတယ်၊ ကျန်တဲ့ သားကြီးနှစ်ယောက်ကတော့ ပြီးသွားပြီ၊ အခုနှစ်ဆို ပြီးပြီ။

ဆရာကြီး အဲ့လိုမျိုး လုပ်စေချင်တယ်၊ အဖြစ်မခံချင်ဖူး၊ မင်းတို့  ဒုက္ခရောက်မယ်၊ မင်းတို့  စဉ်းစား၊ သူများ မြှောက်ပေးတိုင်း မင်းတို့ ကောင်တွေက စဉ်းစားတတ်တဲ့အရွယ်ရောက်နေပြီ၊ ချင့်ချိန်ရမယ့် အရွယ်ရောက်နေပြီ၊ ဟိုတစ်ခါကလည်း ပြောလိုက်ပါတယ်၊ မလုပ်ကြနဲ့ ၊ ကျောင်းထဲမှာ လုပ်ချင်ရင် တဖြေးဖြေးချင်း တိုင်ပင်လုပ်ကြ၊ ဖြေးဖြေးချင်း တိုးတက်အောင် လုပ်ကြ၊ ဥပမာ ကျောင်းအတွက်ကို တိုးတက်အောင် လုပ်နေကြတယ်၊ ကျောင်းကြီးတိုးတက်အောင် မနည်းလုပ်နေကြရတယ်၊ ကျန်တဲ့အပိုင်းတွေ မလုပ်နဲ့ ဦး၊ ကျောင်းကြီးကို တစ်ဖြေးဖြေး တိုးတက်အောင် လုပ်ပြီးသွားရင် မင်းတို့  လိုချင်တဲ့ဟာတွေ လုပ်ကြ၊ မင်းတို့ ဘာလုပ်ချင်လည်း။

ဒါကြီးကို လုပ်ရင် ဘယ်လိုဆန္ဒပြမှာလည်း၊ မဟုတ်ဖူးလေ၊ ငါပြောတာ ရှင်းရှင်းလေး၊ မင်းတို့ က အဲ့ဒါကြီး ကိုင်ပြီး ချီတက် စုစည်း ဘာ ဘာ၊ စီတန်းလှည့်လည် ဆန္ဒပြမယ်၊ ဆန္ဒဖော်ထုတ်မယ်၊ ဘာတွေဖော်ထုတ်မှာလည်း၊ အဲ့ဒီ ဥပဒေ ဘယ်လောက်ထိ နားလည်လည်း၊ ကဲ ပြောပြစမ်း၊ ဥပဒေက သူ့ ဖာသာ သွားလိမ့်မယ်၊ မင်းတို့ ကို သွေးထိုးလို့  မင်းတို့  ခံရမှာဘဲ၊ အဓိကက တက္ကသိုလ်ကျောင်းသားတွေ သွေးထိုးတာ၊ အဲ့ဒီတော့ ၁၈ နှစ်ကျော်ရင် မဲပေးလို့ ရတယ်လို့  ကျောင်းသားတွေ သွေးထိုးတာ၊ အဲ့ဒီဘက် ဆွယ် ဆွယ် ဆွယ် ပြီး ရွေးကောက်ပွဲကိစ္စကို တစ်ခုခုဖြစ်အောင် လုပ်တာ၊ ဒီတစ်ခါပစ်ရင် ဘာဖြစ်မလည်း သိလား၊ ဒီတစ်ခါ ပစ်ရင် ဘာဖြစ်မလည်း သိလား၊ စစ်တပ်အာဏာသိမ်းမှာ မဟုတ်ဖူး၊ ဒီတစ်ခါ ပစ်ရင် ပြာကျမှာ။

မင်းတို့ လည်း ရှိမှာ မဟုတ်ဖူး၊ ငါတို့ လည်း ရှိမှာ မဟုတ်ဖူး၊ ပြာကျမှာ၊ မင်းတို့  နိုင်ငံတကာ အထင်ကြီးမနေနဲ့ ၊ ဒီကောင်တွေက ချောင်းနေတာ၊ ဆော်ထည့်လိုက်မယ် တစ်လုံးဘဲ၊ သိလား ဒါတွေ၊ မင်းတို့ လည်း မရှိဖူး ငါလည်းမရှိဖူး ပြာမှာ၊ ပြာမှာ ကိုယ့်လူရေ၊ သမ္မတကိုလည်း အထင်ကြီးမနေနဲ့ ၊ ငါတို့ ကိုသွေးမြှောက်ပေးတာ၊ သွေးမြှောက်ပေးတာ အဲ့ဒီကောင်တွေ၊ နော်၊ ငါ ဂရုမစိုက်ဖူး၊ ရှင်းရှင်းပြောတာ သူက သမ္မတ သမ္မတ၊ ငါက ပညာတတ် ပညာတတ်၊ ငါတို့ က ၀န်ထမ်း၊ ၀န်ထမ်းထဲမှာ ငါတို့  က အမြင့်ဆုံးရာထူးရထားတဲ့ ၀န်ထမ်း၊ ရှင်းလား၊ ငါ့ကလေးတွေ ငါ အဆင့်မကျော်စေချင်ဖူး၊ ငါ့မျက်စိအောက်မှာ အဖြစ်မခံချင်ဖူး၊ မင်းတို့  အပြင်ရောက်သွားရင် ငါ တာဝန်မယူနိုင်ဖူး၊ ငါ့ဝန်းထဲမှာ ဆရာကြီးရေ ကျွန်တော်တို့  ဘာလေးလိုချင်လို့  ဘယ်လိုဖြစ်ချင်တယ် ကျွန်တော်တို့  ကို တာဝန်ယူပါဆို လာခဲ့၊ ငါ ပေးမယ်၊ ကျွန်တော့်သူငယ်ချင်းတွေ သူတို့ ကျောင်းသားတွေ စည်းရုံးရေးပြောင်းလဲလာအောင် ဘာလုပ်ချင်ပါတယ် လာခဲ့၊ အဓိက ကိုယ်ရေးကိုယ်တာကိစ္စ မပါစေနဲ့ ၊ တစ်ကျောင်းလုံးကိစ္စပါရင် လာခဲ့၊ မေဂျာတစ်ခုထဲနဲ့ လည်း မရဖူး၊ မေဂျာဆိုတာ ရှိတာဘဲ၊ မင်းတို့  မေဂျာချင်းရော တည့်လို့ လား၊ ဘောလုံးပွဲ ကစားကြည့်၊ ဟုတ်တယ် မဟုတ်လား၊ ငါ ပြောတာ ရှင်းရှင်းလေးဘဲ။

ဒါလေးကို နမူနာကြည့်လိုက် ငါ့ညီ ကလေးတွေ၊ မင်းတို့ ကို ငါအပြစ်မပြောဖူး၊ တတ်နိုင်သမျှ တားတယ်၊ မလုပ်ဖို့  ငါ မေတ္တာရပ်ခံတယ်၊ ငါတားလျက်သားနဲ့  မင်းတို့  စွတ်တိုးရင် ငါမတတ်နိုင်ဖူး၊ ငါ မကယ်နိုင်ဖူး၊ အခန်းထဲက ဆရာတွေလည်း အင်မတန် ခင်ပါတယ်၊ သိပ်ခင်တယ်၊ ဘယ်သူနဲ့ မှ မတည့်တဲ့ ဆရာတွေ၊ မင်းတို့ လည်း သိပါတယ်၊ ငါနဲ့  အင်မတန် ခင်တယ်၊ ကလေးတွေ အန္တရာယ်များတယ်နော်၊ ဆရာကြီး ရကွက်စ် (request) လုပ်ပါရစေ၊ အန္တရာယ် အင်မတန်များတယ်၊ ရှောင်နိုင်ရင် ရှောင်ပါ၊ မင်းတို့ ကို အကိုကြီးတို့ အမကြီးတို့ က ဘာသွေးထိုးထိုး မင်းတို့ ကို ရှောင်နိုင်ရင် ရှောင်လို့  ငါပြောတယ်၊ ပြသနာမရှိဖူး၊ ဒီနေ့  အစည်းအဝေးလုပ်တာ ဒီနေ့  ပြသနာမရှိဖူး၊ လမ်းမပေါ် သွားပြီး မလုပ်ဖို့  ရှောင်နိုင်ရင် ရှောင်။

မင်းတို့  ၈၈ အရေးအခင်း မင်းတို့  ဘယ်သူမှ မမှီဖူး၊ အကြီးအကျယ်ကြီး ဖြစ်တယ်၊ အဲ့ဒါ နောက်သူ သွေးထိုးသွားတာ၊ ခံသာ ခံ၊ ကျောင်းသားတွေ ရှေ့ တင်ပြီး မြှောက်ပေးတယ်၊ ဥပဒေဘာမှ မသိရှာဖူး၊ ငါတို့  ကောင်းကောင်းသိတယ်၊ ဦးနေ၀င်းလက်ထက်မှာ စီးပွားရေး ကမောက်ကမ မဖြစ်ဖူး၊ သူမသိလိုက်လို့  သူခံလိုက်ရလို့  ဖြစ်သွားတာ၊ တကယ်ကို မသိလိုက်လို့ ၊ သိလိုက်ချိန်မှာ ဒေါသပါသွားတယ်၊ ပါသွားတာနဲ့  သူခံလိုက်ရတယ်၊ စကားတစ်လုံးထဲနဲ့  ပြသနာတက်သွားတယ်၊ အဲ့ဒီတုန်းက ပိုက်ဆံဆို ဘာမှ မတက်ဖူး၊ တန်ဖိုးသိပ်ရှိတယ်၊ တကယ်တန်ဖိုးရှိတာ၊ ငါးပြား ဆယ်ပြား အကြွေသုံးလို့ ရတယ်၊ အခု အကြွေလည်း မရှိတော့ဖူး၊ တစ်ကျပ်တန်လည်းမ မရှိဖူး၊ တစ်ဆယ်တန်လည်း မရှိဖူး၊ ဟုတ်တယ် မဟုတ်လား။ အခုအဲ့ဒီခေတ်ကို ရောက်နေပြီ၊ ဘာဖြစ်လည်း ပိုက်ဆံတွေ ဖောင်းပွတဲ့ခေတ်၊ အဲ့ဒီတုန်းက တစ်ဒေါ်လာမှ ဘလက်ဈေးမှ လေးဆယ်ဘဲ ရှိတယ်။

မင်းတို့  ခံသွားရမယ်နော်၊ မင်းတို့  မိဘတွေက သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ မြှောက်ပေးသည်ဖြစ်စေ မမြှောက်ပေးသည်ဖြစ်စေ ဆရာကြီးက မင်းတို့ ကို တားတယ်၊ မင်းတို့  ကျောင်းသားတွေ လုပ်ချင်ရင် ဘာလုပ်ချင်တယ်ဆိုရင် ဆရာကြီးဆီ လာခဲ့၊ မင်းတို့ လုပ်ချင်တဲ့ စီမံချက်တွေ အကုန်တောင်းပါ၊ ဖြစ်ပြီဆိုရင် ငါ ပေးလုပ်မယ်၊ မင်းတို့  တာဝန်ခံတယ် တာဝန်ယူတယ်ဆိုရင် လာခဲ့၊ ပြောပါ၊ ငါ မလုပ်ပေးဖူး မပြောဖူး၊ ငါ လုပ်ပေးမယ်၊ မင်းတို့ လေးတွေ အပြင်ရောက်ရင် ဒုက္ခရောက်မယ်၊ ခုတုံးလုပ်ခံနေရမယ်၊ ခုတုံးလုပ်မှာကို ဘာလို့  တိုးနေရလည်း၊ ငါ့ကောင်တွေတော့ မပါလောက်ဖူးလို့  ငါ့စိတ်ထဲမှာ ထင်နေတယ်၊ အထင်ကြီးရှာပါတယ်၊ ငါ အတော်အထင်ကြီးရှာတယ် ငါ့ကျောင်းသားတွေ၊ ကဲ သွားတော့၊ ဆရာကြီးတော့ ပြောပြီးပြီ”

မကွေးတက္ကသိုလ် ပါချူပ် အေးကျော်ရဲ့  ကျောင်းသားတွေကို ခေါ်ပြီး ချော့လိုက် ခြိမ်းခြောက်လိုက် စကားပါ။


No comments: