Sunday, February 15, 2015

ရန်ကုန်မြို့ ကြီးထဲ ကျောင်းသူကျောင်းသားတွေ မ၀င်ရဖူးဆိုရင် ရန်ကုန်မြို့ ကြီးထဲက အာဏာရှင်တွေနဲ့  လက်ပါးစေတွေကို ရန်ကုန်မြို့ ကြီးထဲ ရှိမနေအောင် မောင်းထုတ်ကြစို့ ။

ရန်ကုန်တိုင်းထဲ သပိတ်စစ်ကြောင်းတွေက ကျောင်းသူကျောင်သားတွေ မ၀င်ရဖူးဆိုပြီး အမိန့် ထုတ်တဲ့အပြင်၊ ဒီလို ယပ်တောင်တွေ ချည်နှောင် (ရပ်ရင် ရပ် - မရပ်ရင် ထောင်ချမယ်) ထားပြီး ယတြာခြေတဲ့လုပ်ရပ်မှာ ဗုဒ္ဓဘာသာတော်ရဲ့  အလေးအမြတ်တန်ဖိုးထားရာ သံဃာတော်တွေရဲ့  ယပ်တောင်ကို တစ်လွဲအသုံးချ ချည်နှောင်ထားမှုဟာ ဘာသာတရားကို စော်ကားတာမို့  လုံးဝ ရှုတ်ချပါတယ်။

ကြက်ခြေနီ၊ မီးသတ်၊ အရပ်သားတွေကို အတင်းအဓမ္မ ခိုင်းစေပြီး ကျောင်းသူကျောင်းသားတွေကို တားဆီးပိတ်ပင်ဖို့  ခိုင်းစေမှုဟာလည်း ပြည်သူပြည်သားအချင်းချင်းကို ရန်တိုက်ပေးပြီး အာဏာရှင်တို့ ရဲ့  သွေးခွဲမှုလုပ်ရပ်ပါ။ ကြက်ခြေနီဝတ်စုံဝတ်ထားသူတွေ မီးသတ်ဝတ်စုံဝတ်ထားသူတွေဟာလည်း အစစ်အမှန်တွေ မဟုတ်ဘဲ၊ အတော်များများဟာ စွမ်းအားရှင်လို့  ခေါ်တဲ့ အာဏာရှင်လက်သပ်မွေး လူဆိုးလူမိုက် အခွင့်အရေးသမား ရမ်းကားသူတွေကို အသွင်ပြောင်းပေးထားတဲ့သူတွေ ပါဝင်နေပါတယ်။ လူမှုရေးလုပ်ငန်းနဲ့  ရှေးဦးသူနာပြုလုပ်ငန်းတွေကိုသာ လုပ်ဆောင်ဖို့  ရည်ရွယ်ဖွဲ့ စည်းထားတဲ့ ကြက်ခြေနီအဖွဲ့ နဲ့  မီးဘေးအန္တရာယ် ကာကွယ်ရေး မီးလောင်ကျွမ်းမှု ငြိမ်းသတ်ရေးအတွက် တာဝန်ထမ်းဆောင်ရမယ့် မီးသတ်အဖွဲ့ တို့ ဟာ အာဏာရှင်တွေရဲ့  ခိုင်းတာလုပ်နေရတဲ့ အကြမ်းဘက်အဖွဲ့ တွေ မဖြစ်သင့်ပါဖူး။ တိုင်းသူပြည်သားအချင်းချင်း အိုးမဲသုတ် သတ်ဖြတ်ရိုက်ပုတ်ရမယ့် မတရားမှုတွေကို မလိုက်နာဘဲ အာဏာရှင်လက်အောက်ခံဘ၀တွေက ရုန်းထွက်ဖို့  လိုနေပါပြီ။

သပိတ်မှောက်ကျောင်းသူကျောင်းသားတွေကို ရန်ကုန်မြို့ တိုင်းထဲ အ၀င်မခံဖူးလို့  ဆိုကြရအောင် ရန်ကုန်မြို့ ကြီးကို ဘယ်သူပိုင်ဆိုင်ပါသလည်း၊ ရန်ကုန်မြို့ ကြီးကို သိန်းစိန်အာဏာရှင်အစိုးရ မပိုင်ဆိုင်ပါဖူး။ ရန်ကုန်မြို့ ကြီးကို ရန်ကုန်တိုင်းအစိုးရ မပိုင်ဆိုင်ပါဖူး။ ရန်ကုန်မြို့ ကြီးကို ရန်ကုန်မြို့ သူမြို့ သား ပြည်သူပြည်သားတွေ ပိုင်ဆိုင်ပါတယ်။

ရန်ကုန်မြို့ သူမြို့ သား ပြည်သူပြည်သားတွေကို သပိတ်မှောက်ကျောင်းသူကျောင်းသားတွေကို အ၀င်မခံတဲ့ ရန်ကုန်တိုင်းအစိုးရရဲ့  မတရားအမိန့် ကို အာခံဖီဆန်ကြဖို့  နဲ့  အနယ်နယ်အရပ်အရပ်က ရောက်ရှိလာကြမယ့် ပြည်သူ့ ရင်သွေး ကျောင်းသူကျောင်းသားတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနိုင်ဖို့  တာဝန်ရှိနေပါပြီ။

ရန်ကုန်မြို့ ကြီးထဲ ကျောင်းသူကျောင်းသားတွေ မ၀င်ရဖူးဆိုရင် ရန်ကုန်မြို့ ကြီးထဲက အာဏာရှင်တွေနဲ့  လက်ပါးစေတွေကို ရန်ကုန်မြို့ ကြီးထဲ ရှိမနေအောင် မောင်းထုတ်ကြစို့ ။



No comments: